အိန္ဒိယ ပြည့်တန်ဆာခန်းတွေမှာ မတရား ကာမကျွန်အပြုခံရပါတယ်။
အဲဒီနောက် စွန့်ပစ်ခံရပြီး ထူးခြားသော အမျိုးသမီးကြီးတစ်ဦးက ဒီ မိန်းကလေးများကို ကယ်ဆယ်ထားပါတယ်။
တီကာ (Tika) ဆိုသူ ဆယ်ကျော်သက်ရွယ် မိန်းကလေးတစ်ဦးဟာ ပျောက်ဆုံးနေတာ
တစ်ပတ် လောက်ရှိပြီလို့ သူမအဖေက ပြော ပါတယ်။ အနုရဒါကိုအီရာလာ (Anuradha Koirala) ဆိုသူကို
ဓာတ်ပုံပြပြီး မေးပါတယ်။ အဲဒီအခါမှာ သူမရဲ့ (နီပေါအမေ့ဂေဟာ) ထဲကို ပြလိုက်ပါတယ်။ ဒီမိန်းကလေးကို
ရှာဖို့အချက်အလက် အပြည့်အစုံပေးဖို့ ပြောလိုက်ပါတယ်။ ပါစန်လာမာ(Pasang Lama) မိန်းကလေးရဲ့
အဖေကလည်း လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကူညီကယ် ဆယ်ပေး တယ်လို့ သိရတဲ့အတွက် ဖြစ်တယ်။
တီကာဟာ တကယ်တော့ အသက် ၁၄ နှစ်ပဲ ရှိသေး တယ်။
ကိုအီရာလာဟာ တိုင်းပြည်ရဲ့ ဆိုးဝါးတဲ့ လူမှုရေးပြဿနာကြောင့်
ဒုက္ခရောက်သူတွေကို ကယ်ဆယ် သူတစ်ယောက် ဖြစ်လာခဲ့ရတယ်။ နှစ်စဉ်ဆိုသလို ထောင်ပေါင်းများစွာသော
နီပေါမိန်းကလေးတွေ ဟာ နယ်ခြားကိုဖြတ်ပြီး အိန္ဒိယဘက်သို့ လူကုန်ကူးခံရပါတယ်။ တချို့မိန်းကလေးတွေဟာ
လှည့်ဖြား ခံရပြီးလည်းကောင်း၊ အိမ်ထောင်ချပေးမယ်၊ အလုပ်ရမယ်ဆိုပြီး ကာမကျေးကျွန်အဖြစ်
ရောင်းစား ခံရပါတယ်။
အနည်းငယ်လောက်ကတော့ ရုတ်တရက်ဝင်ဖမ်းတဲ့အတွက် လွတ်လာပြီး
တချို့ကျတော့ ဗွီ ရောဂါ ဖြစ်လာမှ စွန့်ပစ်ခံရပါတယ်။ ကိုအီရာလာကတော့ အခုလို စွန့်ပစ်ခံရတဲ့
အမျိုးသမီးလေးတွေကို သူစီမံ ကာကွယ်ပေးထားပါတယ်။
နေစရာမရှိသူများ
၁၉၉၂ ခုက ကိုအီရာလာဟာ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာနဲ့
ပထဝီဝင်ပြတဲ့ ဆရာမ တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင် လည်း ခင်ပွန်းနဲ့ ကွဲကွာနေသူဖြစ်
တယ်။ လင်ယောက်ျားက နှိပ်စက် လို့၊ မုဆိုးမဖြစ်နေလို့ တစ်ချိန်တုန်းက ပြည့်တန်ဆာဖြစ်ခဲ့လို့ဆိုတဲ့
ရင် နင့်ဖွယ်ရာ ဇာတ်လမ်းတွေကို နေစရာပေးပြီး သူဖြေရှင်းပေးတယ်။
အဲဒီ နွေရာသီမှာပဲ မိတ်ဆွေ တစ်ယောက်ပြောပြချက်အရ ဖျား နာနေတဲ့
မိန်းကလေးတစ်ယောက် ကို သူ့ဂေဟာသို့ ရွှေ့လာခဲ့တယ်။ သူမကတော့ အသက် ၂ဝ ရှိပြီ ဖြစ်တဲ့
ဒီပါဆိုတဲ့ မိန်းကလေးပါပဲ။ သူမရဲ့ အဖြစ်ကတော့ တော်တော်လေး ဆိုးဝါးပါတယ်။ သူမဟာဆင် ဒူပါချောက်ဆိုတဲ့
အရှေ့ မြောက်နီပေါ ရွာကလေးတစ်ရွာက ဖြစ်ပါတယ်။ သူမ အသက် ၁၂ နှစ်အရွယ်တုန်း က အစ်ကို
ဝမ်းကွဲတစ်ယောက်က သူမကို ခတ္တမန်ဒူမြို့ကို အလည်ခေါ်လာတယ်။ ဆွေမျိုးတွေဆီကို အလည်ပို့
ပေးမယ်ဆိုပြီးဖြစ်ပါတယ်။ မြို့ကို ရောက်တဲ့အခါကျတော့ ပြည့်တန်ဆာအိမ်မှာ ဒေါ်လာ ၂၅ဝ နဲ့
ရောင်းခဲ့ပါတယ်။ ဒီပါကို မန်ဘီယာဆိုတဲ့ အိန္ဒိယနယ်စပ်မြို့ကို ခေါ် သွားတယ်။ အသားလတ်လတ်နဲ့
နိုင်ငံခြားသူတွေကို အိန္ဒိယသားတွေ က ကြိုက်ကြလို့ဖြစ်တယ်။
ပထမတော့ ဒီပါဟာ ငြင်းဆန်တယ်။ နောက်ပိုင်းမှာ ပြတင်းပေါက်မရှိတဲ့
အလုံခန်းထဲပိတ်ထားပြီး အစာလည်း မကျွေးဘဲထားတယ်။ ရိုက်တယ်၊ စီးကရက်မီးနဲ့ တို့တယ်။ နောက်ဆုံးတော့
ဒီပါကို တစ်နေ့ ယောက်ျား ၁ဝ ယောက် နဲ့ ကာမစပ်ယှက်စေတယ်။ နောက် တော့ ၁၅ ယောက်၊ အယောက်
၂ဝ၊ ၃ဝ ဖြစ်လာတယ်။ လန်ချား ဆွဲတဲ့သူတွေ၊ စစ်သားတွေ၊ လူရမ်း ကားတွေကို တစ်နာရီ ၁ ဒေါ်လာနဲ့
ရောင်းစားခံရတယ်။
နေ့ဆက်ရက်ဆက် နှစ်ကာလ ကြာလာတဲ့အခါမှာ AIDS ရောဂါ စွဲကပ်လာပါတယ်။
အဲဒီအခါကျမှ သူ့ကို နှင်ထုတ်လိုက်ကြတယ်။ ဒီအခါမှာ ကိုအီရာလာဆီကို ရောက် လာတာဖြစ်တယ်။
ဒီပါ ပြောပြချက်အရ သူမနေခဲ့တဲ့ ပြည့်တန်ဆာအိမ်ဟာ နီပေါ အမျိုးသမီး
(ရှင်မလာတမိုင်) ပိုင်ဆိုင် တာလို့ ပြောပါတယ်။ အဲဒီအမျိုးသမီး ခတ္တမန်ဒူက ဘုရားပွဲမှာ
ရောက်နေတယ်လို့ ပြောပြ ပါတယ်။ ကိုအီရာလာက ဒီအမျိုးသမီးကို ရပ်တန်းက ရပ်အောင်လုပ်မယ်ဆိုပြီး
နောက်တစ်ခေါက် ခတ္တမန်ဒူ အလာ မှာ ရဲအကူအညီနဲ့ သမိုင်းကို ဖော်ထုတ်ဖို့ လုပ်တယ်။ သူ့ကိုရဲက
မေး တဲ့ အခါ ငြင်းတယ်။ ဒီပါကိုယ်တိုင် သက်သေခံတဲ့အတွက် လူမှောင်ခို ကုန်ကူးမှုအရေးယူတဲ့
ဥပဒေနဲ့ စွဲ ချက်တင်လိုက် တယ်။ အဲဒီလုပ်ဆောင်ချက်ကြောင့် ၁၉၉၄ ခုနှစ် မှာ အိန္ဒိယပြည့်တန်ဆာခန်းတွေက
မိန်းကလေးတွေ ကိုအီရာလာဆီကို ရောက်လာကြတယ်။
မျှော်လင့်ချက်အသစ်
အမျိုးသမီးငယ်တွေအတွက် နေထိုင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်နဲ့
သူတို့ကလေးတွေ လူ တောပြန်တိုးနိုင်အောင် စောင့်ရှောက်မယ့်အလုပ်သမားက အနည်းငယ်ပဲ ရှိတယ်။
ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကြီးသူတွေက ငယ်သူတွေကို တာ ဝန်ကိုယ်စီယူသွားကြရတယ်။
သူလီဆိုတဲ့ မိန်းကလေးတစ် ယောက်အကြောင်းကလည်း တော်တော်အဖြစ်ဆိုးပါတယ်။
ချစ်သူ ရည်းစားနဲ့ လက်ထပ်ပြီးကာမှ သူတစ်ပါးရဲ့ လှည့်ဖြားရောင်းစား ခံရပါတယ်။ သူမရင်ဆိုင်ရတာလည်း
အိပ်မက်ဆိုးလိုပါပဲ။ သူမဟာ အိန္ဒိယပြည့် တန်ဆာခန်းတွေကို ရောက်သွားပြီး ရဲတွေ ရုတ်တရက်
ဝင်ဖမ်းမှ လွတ်လာရတာပါပဲ။ နီပေါကို ပြန်ရောက်လာတဲ့အခါမှာ လင်ယောက်ျားကလည်း လက်မခံ တော့ပါဘူး။
အမေ့အိမ်ကိုသာ ရောက်လာပါတော့တယ်။ ကိုအီရာလာကတော့ အမြဲကြိုဆို နေပါ တယ်။
ကျေးလက်တောနယ်တွေမှာ ဆင်းရဲနွမ်းပါးတဲ့အတွက် ၆၅ ရာခိုင်
နှုန်းသော နီပေါအမျိုးသမီးတွေဟာ စာရေးစာဖတ် မတတ်ကြပါဘူး။ တိုင်းပြည်ဟာ တောင်တွေနဲ့ကာဆီးပြီး
လူကုန်ကူးတဲ့အဖြစ်ကို ရောက်လာရတယ်။ တော်သေးတာ တစ်ခုက အိန္ဒိယနဲ့နယ်ခြား ၂၇ဝဝ ကီ လိုမီတာရှည်တာ
ဖြစ် တယ်။ ၁၉၉၇ ခုနှစ်မှာ ကိုအီရာလာဟာ သူ့မိန်း ကလေးတွေအကူအညီနဲ့ နယ်ခြား မှာကိုယ်တိုင်
ရဲတွေရဲ့အကူအညီနဲ့ စောင့်ကြပ်ပါတယ်။
ကိုအီရာလာရဲ့ ကြားဖြတ် စောင့်ကြပ်မှုအဖွဲ့ကြောင့် ၂ဝဝဝ ခု
မှာ မိန်းကလေး ၃၉၅ ယောက်၊ ၂ဝဝ၁ ခုမှာ ၃၅၉ ယောက် ကယ်ဆယ်နိုင်ခဲ့ပြီးလူကုန်ကူးသူ ၂ဝ ကို
လည်းရဲလက်ပို့အပ်ပေးနိုင်ခဲ့ပါတယ်။
တကယ်တော့ နီပေါဟာ ဧဝရက်တောင်နဲ့ ဂေါ်ရခါး စစ်သားတွေကြောင့်
နာမည်ကျော်သော်လည်း လူကုန်ကူးမှု ကြောင့်လည်း နာမည်ကျော်တာပါပဲ။ ကိုယ့်လူမျိုးကိုယ်တိုင်က
သမီးပျိုတွေကို ဖြားယောင်းပြီး ပြည့်တန်ဆာခန်းတွေ ကို ပို့နေလို့ဖြစ် ပါတယ်။
မအေးဆေး၊
Ref: R.D
ပေါ်ပြူလာ -
လူကုန်ကူးမှု
တိုက်ဖျက်သူ




