FED ခေါ် ပညာရေးနဲ့  ဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ် (အိုင်အယ်လ်အို) နဲ့  ပူပေါင်းပြီး လူကုန်ကူမှု တိုက်ဖျက်ရေး ပညာပေးအခမ်းအနားတခု မနေ့ က ကျင်ပခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ဖန်ငခရိုင် တကွာပါမြို့ နယ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို မြန်မာအလုပ်သမား (၅၀၀) လောက် တက်ရောက်ခဲ့ကြတယ်။
အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့  ပတ်သက်လို့  FED ဌာနတာဝန်ခံ ကိုမိုးဝေက " လူကုန်ကူးမှု ဖြစ်လာရင်ဘယ် လိုတားဆီးရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်နေရာကို ဆက်သွယ်ရမယ်၊ ဘယ်သူနဲ့  ဘယ်လိုဆက်သွယ်ပြီး လာဖို့  မြန်မာပြည်ဘက်က လူတွေလည်း ဒီဘက်မှာ အလုပ်လာလုပ်တယ် ဆိုတာ သေသေချာချာ စုံစမ်းပြီးမှ ဆွေမျိုးသားချင်း တွေနဲ့ ဆက်သွယ်ပြီးမှလာဖို့ ၊ တယောက်တည်း လုံးဝ အချက်အလက်မသိပဲနဲ့  လာရင် အခက်အခဲဖြစ်တဲ့ အကြောင်း အဲဒါလေးတွေ ပြောသွားတယ်" လို့ ဆိုပါတယ်။
အစည်းအဝေးမှာ အိုင်အယ်လ်အိုကိုယ်စလှယ်က ဘယ်သူမဆို လူကုန်ကူး ခံရတာကို သိရှိရင် ထိုင်းနိုင်ငံ လူမှုဖွံ့ ဖြိုးရေးနဲ့ လူသားလုံးခြုံရေး ဝန်ကြီးဌာနက ဖွင့်ထားပေးတဲ့ ဖုန်းနံပါတ် ၁၃၀၀ ကိုအခမဲ့ ဖုန်းဆက်တိုင်းကြားနိုင်ပြီး မြန်မာစကားပြန် ရှိတယ်လို့ လည်း သိရပါတယ်။
ဖုန်းနံပါတ် ၁၃၀၀ ကို ဒီဗွီဘီက ခေါ်ဆိုမေးမြန်းရာမှာလည်း အမှုထမ်း တဦးက အခုလို ဖြေကြားပါတယ်။
"တိုင်းကြားမှု ဖြစ်နိုင်ခြေရှိမရှိကို စုံစမ်းပြီး သွားရောက်အရေးယူ ဖမ်းဆီးမှုကို ဆိုင်ရာဌာနတွေက ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ လူကုန်ကူးသူက တမှု၊ အရောင်းစားခံရသူက တမျိုး ဖြစ်ပါတယ်။ အရေးယူ ဆောင်ရွက်ပုံခြင်း မတူပါ ဘူး။ လူကုန်ကူးတဲ့သူကို ပြင်းထန်းတဲ့ လူကုန်ကူးမှု ဥပဒေနဲ့ အရေးယူမှာ ဖြစ်ပေမယ့် အရောင်းခံရသူတွေကိုတော့ လိမ် လည်ခေါ်ဆောင်ခံရသူတွေအဖြစ် Save House ခေါ် လုံခြုံရေး ဂေဟာတွေကို ပို့ဆောင်ပေးပါတယ်။"
မန်းစိုင်းမွန် (၆ ဇွန် ၂၀၁၁)




