24
Feb

လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးပွဲများ ကွင်းဆင်းဆောင်ရွက်



မော်လမြိုင်မြို့နယ်၊
ကျောက်တန်းကျေးရွာတွင် ၂ဝ၁ဝပြည့်နှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့၊ ညနေ(၇)နာရီတွင် မွန်ပြည်နယ်
လူမှုဝန်ထမ်း ဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့နှင့် Save The
Childrens တို့ပူးပေါင်း၍ လူကုန်ကူးမှု ပပျောက်ရေး အသိပညာပေးပွဲကို ကျင်းပရာ ကျောက်တန်းကျေးရွာ
ဥက္ကဋ္ဌ ဦးသိန်းဉာဏ်နှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာမွန်ပြည်နယ်
လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးကိုကိုနိုင်က လူကုန်ကူးမှု ခံထားရသူများအား ပြန်လည်လက်ခံပြီး
မိသားစုများထံ ပြန်လည် ပို့ဆောင်ခြင်းများ၊ ကလေးသူငယ် များအား အခွင့်အရေးများနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြပေးပြီးနောက် တစ်ဘက်နိုင်ငံများသို့ လူကုန်ကူးမှုခံနေရသူများ၊
တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေကြသူများ ၏ အခက်အခဲများ၊ အဖမ်းဆီးခံနေရမှု အခြေအနေများနှင့်
သေဆုံးမှု အခြေအနေများ၊ သွားရောက် အလုပ် လုပ်ကိုင်လိုသူများ အနေဖြင့် တရားဝင်သွားရောက်
လုပ်ကိုင်ကြသင့်ကြောင်း၊ တရားဝင်သွားရောက် အလုပ်လုပ်လိုသူများ အနေဖြင့် သိလိုသည်များကို
လာရောက် မေးမြန်းနိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြပေးခဲ့သည်။

ထို့နောက်ဦးမင်းဝင်းဗိုလ်
(Save The Childrens)က အဖွဲ့၏ လုပ်ငန်းစီမံချက်များရှိရာ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာများအတွင်း
ဆောင်ရွက်နေမှု အခြေအနေများ၊ ပြောင်းရွှေ့လုပ်သားများ၊ လူကုန်ကူးခံနေရသူများနှင့် ပတ်သက်၍
လည်းကောင်း၊ ဦးစံသာကျော်က (၂ဝဝ၇)ခုနှစ်မှ (၂ဝ၁ဝ)ခုနှစ်အတွင်း (၅)နှစ်တာ လူကုန်ကူးမှု
တားဆီးကာကွယ်ရေး စီမံကိန်းနှစ်များ အဖြစ် ချမှတ်ထားခဲ့ရာ ယခုမှာ စတုတ္ထမြောက်နှစ်ဖြစ်ကြောင်း၊
ကြိုတင် ကာကွယ်ရေးများ၊ ပူးပေါင်းဆောင်ရွက်ရေးများ၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
ကိစ္စရပ်များတွင် စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။



လျှပ်တပြက် - လူကုန်ကူးမှု
ပပျောက်ရေးဆိုင်ရာ အသိပညာပေးပွဲများ ကွင်းဆင်းဆောင်ရွက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top