8
Jan

လူကုန်ကူးခြင်းကို ဘယ်လိုတိုက်ဖျက်ကြမလဲ



လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Traffic
MTV Exit Special
ပြသပွဲနှင့်
စတင်ဖြန့်ချိခြင်း စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာလ(၁၈)ရက် နေ့၊
နံနက်(၁ဝ)နာရီအချိန်က ရန်ကုန်မြို့၊
Sedona Hotel (မင်းတုန်းခန်းမ)မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ MTV Exit ရဲ့ Ambassado တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အဆိုတော်၊ ဒေါက်တာ
ဖြူဖြူကျော်သိန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားသွားခဲ့သလို မြန်မာနိုင်ငံဘက်မှ
ပါဝင် ကူညီပေးခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက်ကလည်း အခမ်းအနားမှူးအဖြစ် တာဝန်ယူ
ဆောင်ရွက်ပေးခဲ့ပါတယ်။

လူကိုကုန်ပစ္စည်းသဖွယ် သဘောထားကာ ခေါင်းပုံဖြတ်
အမြတ်ထုတ်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး ရှေးယခင်ကရှိခဲ့သော ကျေးကျွန်ပြုခြင်းစနစ်ကဲ့သို့
ဆိုးရွားသည့်အတွက်ကြောင့် ခေတ်သစ်ကျေးကျွန် စနစ်လို့လည်း ခေါ်ဆိုနိုင်ကြောင်း၊
ကျားမ၊ အသက်အရွယ်၊ အဆင့်အတန်း၊ ဆင်းရဲချမ်းသာမရွေး မည်သူမဆို လူကုန်ကူးခြင်းခံရနိုင်သလို
ကိုယ်တိုင်လည်းအခန့်မသင့်ရင် ခံရနိုင်ကြောင်း၊ လူကုန်ကူးရာတွင် မက်လုံးပေး၍ လိမ်လည်ခြင်း၊
လှည့်ဖျားခြင်း၊ အင်အားသုံးခြင်း၊ အတင်းအကျပ်ပြုခြင်း၊
ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ချုပ်ကိုင်နိုင်သူအား
အကျိုးအမြတ်ပေးခြင်းစတဲ့ အခက်အခဲရှိနေသော အခြေအနေများပေါ်မှာ အလွဲသုံးစားပြုကာ
အသုံးချခြင်းနှင့် လူကုန်ကူးခြင်းကြောင့်
HIV , AIDS နှင့် အခြားသော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများရရှိနိုင်ခြင်း၊
ကိုယ်လက် အင်္ဂါများ ချို့ယွင်းခြင်း၊ စိတ်ဝေဒနာခံစားရခြင်း၊ အသက်ဆုံးရှုံးခြင်း
စသောပြဿနာ အခက်အခဲများကြုံတွေ့နိုင်ပုံကို (၂၄)မိနစ်စာ ဇာတ်လမ်းတိုဖြင့်
ပြသသွားခဲ့ပါတယ်။

HIV,AIDS
ကူးစက်ရောဂါနှင့် လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးအတွက်
ပြည်သူအများနှင့် ပို့ဆောင်ရေးကဏ္ဍမှ ပုဂ္ဂိုလ်များအား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ဖြင့်
AFXB
Myanmar
နှင့် SDC
(Swiss Agency for Development and Co-operation)
တို့ပူး ပေါင်းကာ ပို့ဆောင်ရေး ကဏ္ဍကိုအခြေခံပြီး
ကွင်းဆင်းပညာပေးလုပ်ငန်းကို တတိယအဆင့်အနေဖြင့် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ၊ ဘုရင့်နောင်နှင့်
ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် ရေယာဉ်ဆိပ်၊ မီးရထားဘူတာရုံများ၊
မော်လမြိုင်မြို့ရှိ လှိုင်နှင့် ဈေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်းများနှင့်
ရေယာဉ်ဆိပ်၊ ဘူတာရုံများ၊ ဧရာဝတီတိုင်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊
ဖျာပုံမြို့နယ်များရှိ ကုန်းလမ်းနှင့် ရေယာဉ်ဆိပ်များတွင် ကွင်းဆင်းပညာပေးကာ
ဒေသ(၃)ခုတွင် နည်းပြဆရာများ (
Trainer)၊ အချင်းချင်းပညာပေးသူများ (Peer Educator) နှင့် HIV , AIDS ရောဂါပိုးရှိသူများ တို့တတွေ ပါဝင်တာဝန်ယူ ဆောင်ရွက်နေကြတယ်လို့
သိရှိရပါတယ်။

အဆိုပါ 'Traffic' MTV Exit Program မှာ (၂၄)မိနစ်စာ ဇာတ်လမ်းတိုဖြစ်ပြီး ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့မှာ ရိုက်ကူးခဲ့ကာ အကယ်ဒမီဆွေဇင်ထိုက်မှ ဘာသာပြန် အပိုင်းတွင်
ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရှိရပါတယ်။

လျှပ်တပြက် - လူကုန်ကူးခြင်းကို ဘယ်လို တိုက်ဖျက်ကြမလဲ။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top