လူကုန်ကူး
ခံရသူများဘက်မှ အခမဲ့လိုက်ပါ ဆောင်ရွက်မည့် ဥပဒေရေးရာ အတိုင်ပင်ခံ အဖွဲ့ တည်ထောင်မည်
မြန်မာနိုင်ငံ
အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ပြဿနာတစ်ရပ် ဖြစ်နေသည့် လူကုန်ကူးသူများကို တရားဥပဒေအရ
ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ရေးအတွက် လူကုန်ကူး ခံရသူများဘက်မှ အခမဲ့ လိုက်ပါ ဆောင်ရွက်
ပေးမည့် ဥပဒေရေးရာ အတိုင်ပင်ခံ အဖွဲ့ကို တည်ထောင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်းအစိုးရ
မဟုတ်သော လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး အဖွဲ့ အသိုင်းအဝိုင်း အတွင်းမှ စုံစမ်းသိရှိ
ရသည်။ လူကုန်ကူး ခံရသူများသည် ၎င်းတို့ ရင်ဆိုင်နေရသော ဒုက္ခ အခက်အခဲများမှ ပြန်လည် လွတ်မြောက်ပြီး
နောက်၎င်း တို့ကို လူကုန်ကူး ရောင်းစားသူ များကို ဖော်ထုတ် ဖမ်းဆီးရန် အားနည်း တတ်ကြကြောင်း၊
ရင်ဆိုင်ခဲ့ရသော အခြေအနေ ဆိုးများကြောင့် ပုံမှန်စိတ် အခြေအနေ ပြန်လည် ရောက်ရှိအောင်
ကြိုးစားနေရသည့် လူကုန်ကူး ခံရသူများသည် လူကုန်ကူး သူများကို ဖော်ထုတ် ဖမ်းဆီး တိုင်ကြားနိုင်ရန်
အခက်အခဲများစွာ ကြုံတွေ့ရပြီး အထူးသဖြင့် ဥပဒေကြောင်းအရ တရားစွဲ တိုင်ကြားနိုင်ရန်
အခက်အခဲများစွာ ရှိသဖြင့် လူကုန်ကူး ခံရသူများဘက်မှ လိုက်ပါ ဆောင်ရွက်နိုင်မည့် ဥပဒေရေးရာ
အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့စည်းနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ လူကုန်ကူး
ခံရပြီး ပြန်လွတ် လာတဲ့သူတွေဘက် ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ပေးနိုင်တဲ့အဖွဲ့ တကယ်ကို
လိုအပ်နေပါတယ်။
အချို့
လူကုန်ကူး ခံရသူတွေက ပြဿနာ မတက်ချင်လို့၊ အချို့လူကုန်ကူး ခံရသူတွေက မတိုင်ရဲလို့ မတိုင်ကြ
တာတွေ ရှိတယ်။ အမျိုးမျိုးပဲ။ အရေးကြီးတာက လူ့အဖွဲ့အစည်းထဲမှာ လူကုန်ကူးတဲ့ သူတွေကို
ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးနိုင်ဖို့ အရမ်း အရေးကြီးတယ်” ဟု လူကုန်ကူးမှု ကာကွယ်တားဆီး
တိုက်ဖျက်ရေးနှင့် အသိပညာပေးရေးအဖွဲ့ တည်ထောင်ထားသူ တစ်ဦးက ဆိုသည်။ နိုင်ငံခြား သဘောင်္လိုင်း
တစ်ခုတွင် အလုပ်ရရှိမည်ဟု ဆိုကာ ငါးဖမ်း သဘောင်္များတွင် လိမ်လည် ခိုင်းစေခံရပြီး လုပ်ခလစာမရရှိဘဲ
ရောင်းစား လူကုန်ကူးခံရမှုမှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာသူ အသက်
၃၀ ကျော် အရွယ် မြန်မာအမျိုးသား တစ်ဦး၏ မိဘအုပ်ထိန်းသူ တစ်ဦးက “သူက စိတ်က ပုံမှန်မဟုတ်ဘူး။
ကြောက်နေသလို ဖြစ်နေတယ်။ သဘောင်္လိုင်းမှာ အလုပ်ရမယ် ဆိုပြီး ငွေလိမ်ရောင်းစားသွားတဲ့
သူက ရန်ကုန်ကပဲ။ သူ့ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် အဲဒီလူကုန်ကူး ရောင်းစားတဲ့ သူကိုတိုင်ဖို့
ဖိဖိစီးစီး မလုပ်နိုင်ဘူး” ဟု ပြောကြားသည်။
လူကုန်ကူး
ခံရသူများဘက်မှ လိုက်ပါဆောင်ရွက်မည့် ဥပဒေအတိုင်ပင်ခံ အဖွဲ့တွင် တရားသူကြီး ဟောင်းများ၊
ရှေ့နေများနှင့် အစိုးရ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိ အချို့ ပါဝင်မည်ဟု
အဖွဲ့တည်ထောင်ရန် ပြင်ဆင် နေသူများထံမှ သိရှိရသည်။ “ဒီလို အဖွဲ့မျိုးက တကယ်ကို လိုအပ်ပါတယ်။
ဘာပဲပြောပြော စိတ်ပိုင်းဆိုင်ရာ ၊ ငွေကြေးပိုင်းဆိုင်ရာ အပါအဝင် အခြေအနေ အရပ်ရပ်မှာ
အားနည်းချက်တွေ ရှိလို့ လူကုန်ကူးခံရတဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်။ ဒီလို လူမျိုးတွေဘက်က
ကာကွယ်ပေးမယ့် ဥပဒေ အဖွဲ့အစည်းမျိုးကို လုံးဝကြိုဆို ပါတယ်” ဟု ရန်ကုန် သတင်းထောက်
တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ
စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ် အဖွဲဝင် နိုင်ငံ
အဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ်
ဇူလိုင် ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား သည်။
၁၇၊
၇၊ ၂၀၁၀
ဟံသာဝတီ
- လူကုန်ကူး ခံရသူများဘက်မှ အခမဲ့လိုက်ပါ ဆောင်ရွက်မည့် ဥပဒေရေးရာ အတိုင်ပင်ခံ အဖွဲ့
တည်ထောင်မည်




