19
Oct

လူငယ်စုံတွဲများ အနောက်တိုင်း ဆန်လွန်းလျှင် HIV/AIDS ကူးစက်နိုင်



ပြည်ပရုပ်ရှင်ဗီဒီယို များတွင်
တွေ့မြင်ရလေ့ရှိသည့် နှုတ်ခမ်းခြင်း ထိတေ့၍ ကြင်နာပေးခြင်းမှာ HIV/AIDS ရောဂါ
ကူးစက်နိုင်ကြောင်း ဝေဘာဂီဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လွင် ကပြောသည်။ လူ၏
တံတွေးတွင် HIV/AIDS ပါဝင်သည် ဟုဆိုသော်လည်း ရာခိုင်နှုန်းမှာ အလွန်နည်းကြောင်း၊
ပါးစပ်တွင် အနာရှိခြင်း၊ နှုတ်ခမ်းခြင်း တေ့စုပ်ချိန်တွင် အလွယ်တကူ သွားဖုံးသွေးယိုခြင်းတို့ဖြင့်  HIV/AIDS အလွယ်တကူ ကူးစက်နိုင်ကြောင်း
အဆိုပါပုဂ္ဂိုလ်က ပြောသည်။

 

“မျက်လုံးတို့၊ အသားနုတို့ဆိုတာက
ကူးစက်နိုင်ခြေရှိတယ်။ ကြမ်းကြမ်းတမ်းတမ်း ပြုမူမယ်ဆိုရင် ပိုပြီးဖြစ်နိုင်တာပါ” ဟု
နိုင်ငံခြားဆန်ဆန် အနမ်းပေးခြင်းဖြင့် HIV/AIDS ကူးစက်နိုင်ကြောင်းကို
ဒေါက်တာအောင်လွင်က ရှင်းပြသည်။ HIV/AIDS ကူးစက် နိုင်သောအနေ အထိုင်အပြုအမူများ၊
မကူးစက်နိုင်သော အခြေအနေများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန နှင့် NGO အဖွဲ့အစည်းများက
ယခင်ကတည်းက ပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကြောင့်
အများစုသိရှိပြီး ဖြစ်သော်လည်း လူငယ်စုံတွဲများအကြား နိုင်ငံခြားဆန်ဆန်
အနမ်းပေးခြင်းမှာ များစွာသတိပြုဖွယ်ရာပင် ဖြစ်ကြောင်း မကြာခဏသွားဖုံး သွေးယိုတတ်သူ
လူငယ်တစ်ဦးက အထိတ်တလန့် ပြောကြားသည်။

 



ဝေဘာဂီဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေသော HIV/AIDS
ဝေဒနာရှင် အယောက် ၃၀ ခန့်ရှိပြီး ရောဂါရှိမရှိအဖြေသိပြီးသူ များအပါအ၀င်
နှစ်သိမ့်ဆွေးနွေးရန် လာရောက်သူမှာ နေ့စဉ်အယောက် ၂၀မှ ၃၀၀န်ကျင်းအတွင်းရှိကြောင်း၊
၂၀၀၈ခုနှစ်အတွင်း HIV/AIDS 
ဝေဒနာရှင်ပေါင်း ၂,၅၀၀ခန့်ကုသပေးခဲ့ကြောင်း သိရသည်။



လူငယ်စုံတွဲများ အနောက်တိုင်း ဆန်လွန်းလျှင်
HIV/AIDS ကူးစက်နိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top