မင်္ဂလာပါ teen စာဖတ် ပရိသတ်ကြီးရေ မင်္ဂလာ ဆိုတာ တိုးတက် ကြီးပွားကြောင်း
တရား၊ ကောင်း မြတ်ခြင်း အကြောင်းလို့ အဓိပ္ပာယ်ရတဲ့ အတွက် မင်္ဂလာရှိပါစေလို့ နှုတ်ခွန်းဆက်သလိုက်
ပါတယ်။
မတွေ့ရတာ ကြာပြီ teen စာဖတ် ပရိသတ်ကြီးရယ်...စာရေးသူ နောက်ပိုင်း
နိုင်ငံခြားမှာ ကျောင်းသွား တက်နေတာရယ်၊ အဲဒီ့နောက်တော့ အလုပ် လုပ်နေတာရယ်ကြောင့်
teen မှာ စာမရေးဖြစ်တာ တော် တော် ကြာသွားတယ်။
စာရေးသူက ဒီဇင်ဘာရုံးပိတ်ရက် ရန်ကုန်ကို ပြန်ရောက်နေတဲ့အချိန်
teen မဂ္ဂဇင်းတိုက်ကို သွား ရောက် နှုတ်ဆက်လိုက်တော့ ဖေဖော်ဝါရီလမှာ teen မဂ္ဂဇင်း အုပ်
၁၀၀ ပြည့် ထုတ်မယ်ဆိုတာ သိ လိုက်ရတယ်။ အဲဒီတော့ စာရေးသူလည်း teen မဂ္ဂဇင်း နှစ်ပတ်လည်မှာ
အမှတ်တရ စာရေးချင်စိတ် လေးတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့
တချို့လူငယ်လေးတွေကို လမ်းလေးတွေ ပေါ်စေချင်တဲ့ စိတ်ဆန္ဒနဲ့ရယ်ပါ။
စာရေးသူက အခု Bangkok မှာ ရုံးစိုက်တဲ့ HIV/AIDS နဲ့ ပတ်သက်တဲ့
အာရှနှင့် ပစိဖိတ်ဒေသ အတွင်း ကွန်ယက်များ၏ ညွှန့်ပေါင်း အဖွဲ့လို့ဆိုတဲ့ (Colations of Asia Pacific Regional Network
on HIV/AIDS 7 Sister) ဖြစ်ပြီး HIV/AIDS နဲ့ ပတ်သက်တဲ့ အာရှနှင့် ပစိဖိတ်ဒေသ အတွင်းရှိ
ကွန်ရက်ကြီး (Network) ခုနစ်ခုနဲ့ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ စာရေးသူက ဒီ 7 Sisters အဖွဲ့ အစည်းမှာ
လူငယ်နဲ့ ပတ်သက်တဲ့ Project အခန်းကဏ္ဍကို တာဝန် ယူရပါတယ်။ ဒီ Project ရဲ့ အမည်ကတော့ လူငယ်များ၏
ဦးဆောင်မှု (Youth Lead) လို့ခေါ်ပါတယ်။ ဒီ Youth Lead Project က အာရှပစိဖိတ် ဒေသအတွင်းမှ
အသက် ၁၈ နှစ်မှ ၂၆ နှစ်အတွင်း HIV နဲ့ပတ်သက်တဲ့
လူငယ်ဦး တည် အုပ်စု (Young Key Affected Populations) များဖြစ်သော မူးယစ်ဆေးဝါး သုံးစွဲသူများ၊
Sex Workers များနှင့် လိင်တူ ဆက်ဆံသူများ
အတွက် ရည်ရွယ်ပါတယ်။
United Nation Population Found (UNPFA) ရဲ့သတင်း အချက်အလက်
အရ အာရှ ပစိဖိတ်ဒေသ အတွင်းရှိ လူငယ်ထု အတွင်း ၅% မှာ HIV အဓိက ဦးတည်အုပ်စု ဖြစ်ပါတယ်။
နေ့စဉ် လူငယ်ထု အတွင်း HIV ကူးစက်ခြင်းရဲ့ ၉၅% မှာက တော့ ဒီ ၅% ဖြစ်တဲ့ လူငယ်ထုကို
ဦးတည် သွားပါတယ်။ ဒါ ကြောင့် Young Key Affected Populations ရဲ့အရေးကို စတင်ဂရု ပြုသင့်ပါတယ်။ Youth Lead
Project ကနေ လူငယ်ထုတို့၏ အမြင်များ၊ လူငယ်တွေနဲ့ ဆိုင်တဲ့ ကိစ္စရပ်များအား ဆွေးနွေးရန်
လူငယ်တွေက ယူဆောင်လာပြီး၊ ကမ္ဘာလုံး ဆိုင်ရာ HIV နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်မှာ
ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ပတ်သက်တဲ့ Programme များကို နားလည်အောင် အကြံပေး အဖွဲ့များ
ဖွဲ့စည်းခြင်းနဲ့ အဓိကကျတဲ့ လူငယ် အုပ်စုများရဲ့လှုပ်ရှားမှုတွေကို ကမ္ဘာက အသိအမှတ် ပြုဖို့
Youth Lead Project မှ နည်းပညာတွေနဲ့ ထောက်ပံ့ ကူညီ (Technical Assistance) ပေးရန်
ရည်ရွယ် ပါတယ်။
Youth Lead Project ရဲ့ အာရှ ပစိဖိတ် ဒေသအတွင်း နိုင်ငံများမှ
အဓိက ဆက်သွယ်ရေး ပုဂ်္ဂိုလ် (Focal Point) များနဲ့ အစည်းအဝေးပွဲကို ဇန်န၀ါရီ ၂၀၁၁ မှာ
ပြုလုပ်ဖို့ ရှိပါတယ်။ Focal Points များ မှာ ဘရူးနိုင်း၊ ဖစ်လပိုင်၊ အင်ဒိုနီးရှား၊
မြန်မာ၊ လော၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အိနိ္ဒယ၊ နီပေါ၊ ပါကစ္စတန်နဲ့ ဖီဂျီ ကျွန်းဆွယ်များမှ
ဖြစ်ပြီး စုစုပေါင်း လူငယ်ကိုယ် စားလှယ် ၃၀ ယောက်ခန့် အစည်း အဝေးကို တက်ရောက်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှလည်း Community နှင့် ကျွမ်းဝင်သော လူငယ်သုံးဦး
တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီလူငယ်လေးတွေကို စာရေးသူ လေးစားပါတယ်။ ကိုယ်ရောက်နေရတဲ့ဘ၀မှာ
စိတ်ပျက် အားလျော့ မနေဘဲ သူတို့လေးတွေက ကြောက်တဲ့ စိတ်တွေကို ဖယ်ရှားပြီး လူ့ပတ်ဝန်းကျင်ကို
ရဲရဲဝံ့ဝံ့ ရင်ဆိုင် လိုက် တာက သူတို့ရဲ့ ပြုပြင်လိုက်တဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်ပါတယ်။
အဲဒီ စိတ်ဓာတ်နဲ့ ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘ၀တူတွေရဲ့ အကျိုးကို တစ်နေရာကနေ
ကူညီချင်တဲ့ လူတွေ ဖြစ်ပါ တယ်။
ဒီလူငယ်လေးတွေကို (Youth Lead Focal Points Meeting) အစည်းအဝေးမှ
အဓိကအားဖြင့် လူငယ် အချင်းချင်း ပူးပေါင်းညှိနှိုင်း တိုင်ပင်ကြမယ်၊ အတွေ့အကြုံ ဖလှယ်
ကြမယ်၊ ဒေသအတွင်းမှ လူငယ် လှုပ်ရှားမှုများကို အားသွန်ခွန်စိုက် ပိုမို ဆောင်ရွက်ရန်
နည်းလမ်းများ၊ ချမှတ်ကြပါမယ်။ Youth Lead Project အတွက် အစီအစဉ်(Plan) များ ချမှတ်ခြင်း
လုပ်ဆောင်ကြခြင်းဖြင့် နိုင်ငံတကာ မှာလည်း ၀င်ရောက်ဆွေးနွေး နေရာ ယူနိုင်ကြတဲ့ လူငယ်လေး
အဖြစ် ရောက်ရှိ သွားကြပါ လိမ့်မယ်။ ဒီအစည်းအဝေးကတော့ လူငယ်တွေ ကိုယ်တိုင် ဦးစီးပြီး
လူငယ်တွေ အတွက်လုပ်တဲ့ ပွဲလေးလည်း ဖြစ်ပါတယ်။ နောက်လကျမှပဲ teen တို့ကို ဒီအစည်းအဝေး
တက်ရောက်လာကြတဲ့ လူငယ်တွေရဲ့ ဦး ဆောင်မှုတွေ၊ အစည်းအဝေး အကြောင်းတွေကို ဆက်လက် ဝေမျှသွားပါမယ်။
သော်ဇင်အေး
Teen Magazine
- လူငယ်များ၏
ဦးဆောင်မှု (Youth Lead)




