8
Dec

လူငယ်များ အဖြူရောင်/ ပန်းရောင် တို့နဲ့ ဆက်သွယ် ဆွေးနွေးရအောင်

"မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်" ရဲ့ လူငယ်များအတွက် လူငယ့်ရေးရာ သိမှတ်စရာ ဖုန်းလိုင်းများ (White Line & Pink Line) တို့ဖြင့် စီမံပေးထားပါသည်....

သိချင်တာရှိလား.......

- မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတအကြောင်းအရာတွေကို သိချင်ရင်ပဲဖြစ်ဖြစ်...
- ဒွိဟဖြစ်ပြီး မသေချာမရေရာဖြစ်နေရင်ပဲဖြစ်ဖြစ်....
- HIV/AIDS နဲ့ ပတ်သက်ပြီး သိချင်ရင်ပဲ ဖြစ်ဖြစ်...( ဥပမာ - ဘယ်မှာသွေးစစ်လို့ ရတယ်ဆိုတာမျိုး၊ ဘယ်လိုနည်းတွေက HIV ကူးနိုင်၊ မကူးနိုင်)


ဒီကို ဆက်သွယ်လိုက်ပါ....

- ဒီိလိုသိချင်တာတွေရှိရင် ဒီနံပါတ်တွေကို နံနက် ၁၀း၀၀ နာရီမှ ညနေ ၀၅း၀၀ နာရီအတွင်း ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။
- ယောက်ျားလေးများအတွက် White Line ကို ဆက်သွယ်နိုင်ပါတယ်...
  ဖုန်းနံပါတ် - ၀၉ ၇၃၂၁ ၂၂၂၆
- အမျိုးသမီးများအတွက် Pink Line ကို ဆက်သွယ်နိုင်ပါတယ်...
  ဖုန်းနံပါတ် - ၀၉ ၇၃၂၁ ၂၂၂၇

ဒါလေးတော့ နားလည်ပေးပါ....

အားလုံးအဆင်ပြေအောင် ဒီစည်းကမ်းလေးတွေကိုတော့ သိတ်မှတ်ထားပါတယ်။
- လေ့ကျင့်သင်ကြားထားတဲ့ လူငယ်တွေက ညီအစ်ကို မောင်နှမတွေလို သဘောထားပြီး ဖြေကြားပေးပါမယ်၊ ဒါကို အခွင့်ကောင်းယူပြီး သတ်မှတ်ထားတဲ့ ခေါင်းစဉ်နဲ့ မဆိုင်တာတွေကိုတော့ မေးလို့ပြောလို့ မရပါဘူး။
- မေးစရာရှီတာ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။ ဒါပေမယ့် ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။
- သတ်မှတ်ချိန်ပြင်ပမှာ ဖြေကြားမှာ မဟုတ်ပါဘူး။

MMA ၏ တရားဝင် ထုတ်ပြန်တဲ့ မူရင်းစာမူကို attached file ဖြင့် ချိတ်ပေးထားပါတယ်.....

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top