လွန်ခဲ့ သော ၂ နှစ်ခန့်......။
"ဆရာ...ကျွန်တော် တစ်ခုလောက်
အကူညီတောင်းချင်လို့ အကြံလေးပါဦးဗျာ......။"
သေသေချာချာ ကြည့်လိုက်မှ သူ့ကို ကျွန်တော် တဖြည်ဖြည်း မှတ်မိလာပါတယ်....။
စမ်းချောင်းက လူငယ်လေး တစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်က သဘောင်္တက်မယ်လို့
အားလုံးပြင်ဆင်ပြီးမှ ဆေးစစ်တာ မအောင်ခဲ့လို့ (HIV ပိုး တွေ့လို့)
စိတ်ဓာတ်ကျပြီး ကျွန်တော့်ဆီ လာခဲ့တဲ့ လူငယ်လေးပါ။
သူ့အသက်က အခုမှ ၂၃ ပဲ ရှိသေးတယ်လေ။ အခုလည်း သူက
ရေးကြီးသုတ်ပြာနဲ့ ဘာလို့လဲတော့ အကြောင်းအရာကို သေသေချာချာ
မသိသေးပါဘူး.....။
"ဆရာ.. ကျွန်တော်တော့ အမှားပေါ် ကြက်ခြေ ခတ်လိုက်မိပြီဗျာ....။
ကယ်ပါဦး... ကျွန်တော် ဘယ်လို လုပ်ရ မလဲကို မသိတော့ဘူးဗျာ....။
ခေါင်းတွေ ရှုပ်ပြီး သေချင်စိတ် ပေါက်နေပြီဗျာ....။
ဘာတွေ ဘယ်လို ဖြစ်ကုန်မှန်းကို မသိတော့ပါဘူး......"
ကျွန်တော် သူ့ကို စိတ်သက်သာရာ ရအောင် အချိန်နည်းနည်း ကြာမှ စကား စပြောမိပါတယ်.....။
သူ့စိတ် နည်းနည်း ငြိမ်သွားမှ ကျွန်တော် သိချင်တာတွေ
(သူ့ရဲ့ ပြဿနာတွေ) ကို
တဖြည်းဖြည်းချင်း မေးယူပါတယ်......။
"ဘယ်လိုက စတယ်ဆိုတာ ပြောပြပါလား ညီလေး..... အားလုံးကို
အစကနြေ့ပီး ပြောမှ အစ်ကိုက သိရမှာ လေကွာ...။"
"ဟုတ်ကဲ့ပါ ဆရာ.... အဖြစ်ကတော့ ပြီးခဲ့တဲ့ သင်္ကြန်က
စပါတယ်....." သူ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်....။
ပြီးမှ အားယူပြီး ကျွန်တော့်ကို
ဇာတ်လမ်း အစ အဆုံး ပြောပြပါတယ်.....။
"ဖြစ်ပုံက ဒီိလိုပါဆရာ...ကျွန်တော့်မှာ HIV ပိုး ရှိတယ်ဆိုတာ ကျွန်တော့် ကောင်မလေးကို
အသိပေးထားပါတယ်.... မနှစ်က ဆေးစစ်ပြီးတည်းက ကျွန်တော် သူ့ကို
အသိပေးထားပါတယ်.....ကျွန်တော်က သူနဲ့ လမ်းခွဲဖို့အထိ ဆုံးဖြတ် ထားပြီးသားလေ.... ကျွန်တော့်မှာ
ဒီရောဂါပိုး ရှိနေတော့ သူ့ကို လက်မထပ်ရက်ဘူး ဆရာ....။ သူ့ကိုပါ
သေတွင်းထဲ ကျွန်တော် ဆွဲမခေါ်ရက်ဘူးဆရာ.....။ ဒါကြောင့် ကျွန်တော် သူ့ကို ပြောပြ ခဲ့တယ်... လမ်းခွဲဖို့လဲ
ပြောခဲ့ တယ်လေ...။
ဒါပေမယ့် သူက ကျွန်တော့်ကို ဘယ်လိုဘ၀ပဲရောက်နေပါစေ ချစ်မယ်
ဆိုပြီး ဆက်တွဲ နေခဲ့တယ်ဆရာ...။ ကျွန်တော့်ကိုလည်း အရမ်း ဂရုစိုက် ပါတယ်....။ ကျွန်တော့်
အတွက် အမြဲတမ်း ဦးစားပေးပါတယ်...။ ကျွန်တော်
ဖြစ်ချင်တာတွေကိုလည်း လိုလေသေး မရှိအောင် လိုက်လုပ်ပေးတတ်ပါတယ်။
ကျွန်တော်တို့ကိ ရည်းစားဖြစ်ကြတာ ၁ နှစ်လောက် ရှိပါပြီ ဟိုကိစ္စ
(sex) ကို တစ်ခါမှ မဖြစ်ဖူးပါဘူး... နှစ်ယောက်လုံး ထိန်းထိန်းသိမ်းသိမ်း
နေခဲ့ပါတယ်....ကျွန်တော့မှာ HIV ပိုး
ရှိတယ် ဆိုတာ သိရတော့ ပိုတောင် ဆင်ခြင် ပါတယ်.....။
ဒါပေမယ့် အဲလိုတွေ ထိန်းသိမ်း စောင့်စည်းထားတာတွေက
ပြီးခဲ့တဲ့ သင်္ကြန်မှာ ပျက်ကုန်တယ် ဆရာရယ်.....။ ပြီးခဲ့တဲ့
သင်္ကြန်က ကျွန်တော့် သူငယ်ချင်း တစ်ယောက် တိုက်ခန်းမှာ ကျွန်တော်တို့
အတူတူနေကြတယ် ဆရာ....။
ရေကစားကြမယ်ဆိုပြီး ကျွန်တော့် သူငယ်ချင်း
အခန်းမှာ သင်္ကြန်တွင်း ၅ ရက်လုံး အတူတူ နေခဲ့ကြပါတယ်။
ပျော်လဲ ပျော်ခဲ့ပါတယ်......။ သင်္ကြန် နောက်ဆုံးနေ့မှာ
ကျွန်တော်လည်း မူးနေတယ်...။ သူလည်း မူးနေတယ်လေ...။
သွေးသားက တောင်းဆိုလာတော့ စိတ်တွေ ပါလာပါတယ်......။ အဲဒီအချိန်မှာ ကွန်ဒွန်မရှိဘူး ဖြစ်နေတယ်.....။ ကျွန်တော် သူ့ကို စိတ်ပြောင်းအောင် လမ်းကြောင်း လွဲပေးပါတယ်...။
သူက ပြောတယ် ကျွန်တော့ကို
တကယ်ချစ်တယ်ဆိုတာ သက်သေပြမယ်တဲ့ (ဆိုလိုတာက အကာကွယ်မပါပဲ စခန်းသွားမယ်လို့
ဆိုလိုတာပါ။) ဒါပေမယ့် မရဘူး ဆရာ....။
နှစ်ယောက်လုံးက မူးနေတော့ ဘာမှကို မကြာလိုက်ဘူး ကိစ္စ ပြီးသွားတယ်လေ....။ ကျွန်တော့် မှာတော့ နောင်တတွေ တစ်သီကြီး ရမိနေပြီ ဆရာ....။
သူကတော့ ပြုံးပြုံးပဲ အတူတူ သေကြမယ်တဲ့လေ....။
သူ့ကို သွေးစစ်ပေးချင်တယ် ဆရာ....။ ကျွန်တော်
ထင်တာတော့ သူ့ကို ကူးသွားပြီး ထင်တယ်....။
အခု သူက ရာသီ မလာတော့ဘူးလဲ ပြောတယ် ဆရာ......။ ကိုယ်ဝန်ရှိသွားရင်တော့ သွားပါပြီ ဆရာရယ်.......။ ကျွန်တော့ဘ၀မှာ မဟာ အမှားကြီးပဲဗျာ......။
ကူညီပါဦး ဆရာရယ်.......။"
ကျွန်တော် ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်.... ဘယ်လိုက စပြီး ပြောရမှန်း မသိပဲ မင်သက်နေမိပါတယ်....။ ခဏလေးမှာ သိလိုက်ရတဲ့ ကျွန်တော်တောင် ဒီလောက် ဖြစ်နေရင် ကာယကံရှင်ခဗျာ ဘယ်လောက် ခံစားရလိမ့်မလဲ ဆိုတာ
အတိုင်းမသိပါပဲ......။
ကျွန်တော် သူ့ကို လုပ်စရာရှိတာတွေ ဖြစ်နိုင်ချေတွေကို တစ်ခုချင်း
ပြောပြခဲ့ပါတယ်....။ သူနဲ့ အပ်စပ်မဲ့ အရာတွေကို သူ့ဘာသာ ရွေးချယ် ဆုံးဖြတ်နိုင်အောင်လို့ ရွေးစရာ (လုပ်စရာ)
လမ်းကြောင်း တွေကို ပြောပြခဲ့ပါတယ်....။ သွားရမယ့်
နေရာတွေကိုလဲ လမ်းညွှန် ပေးလိုက် ပါတယ်...။ ပြီးတော့ .. ကျွန်တော်ကို အကြောင်းပြန်ဖို့လဲ
မှာလိုက်ပါတယ်....။
သူနဲ့ ၁ နာရီလောက် ဆွေးနွေးပြီးတော့ သူလဲ နည်းနည်း စိတ်သက်သာရာ ရသွားပုံ ပေါက်ပါတယ်....။
၁ နာရီကျော် လောက်မှာ သူက နှုတ်ဆက်ြ့ပီး ပြန်သွားပါတယ်.......။
သူပြန်သွားပေမယ့် ကျွန်တော့် အတွေးထဲမှာ သူပြောခဲ့တဲ့ စကားတစ်ခု အခုချိန်ထိ စွဲကျန် နေခဲ့ပါတယ်...။
"တကယ်ချစ်တယ်ဆိုတာ သက်သေပြမယ်" ချစ်တဲ့သူက ရောဂါပိုး ရှိနေမှန်း
သိပါလျှက် အကာကွယ် မယူပဲ အတူတူနေတာ အချစ်စစ်လား? စွန်းစားရာ
မရောက်နေဘူးလား......? ဘယ်လိုခေါ်ရမလဲ.....ရူးရူးမိုက်မိုက်ချစ်တယ်ဆိုတာ
ဒါမျိုးလား... စသဖြင့်ပေါ့လေ......။ သူတို့ ကလေး ရလာရင်ရော
ဘယ်လိုတွေ စခန်းသွားကြမလဲ ???...... နှစ်ဖက် မိဘတွေကရော ကြည်ဖြူပါ့မလား
လူ့လောကထဲ ရောက်လာမယ့် ကလေးလေး ကရော ပိုးကူးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ.....????
ဒီလိုနဲ့ ကျွန်တော် စိတ်ထဲ ဇဝေဇ၀ါ ဖြစ်လာပါတယ်.........။ ဘာမဆိုင် ညာမဆိုင်နဲ့ ကောင်မလေးကိုလဲ စိတ်ထဲ အပြစ်တင် နေမိပါတယ်......။
သြော်... မိုက်လိုက်လေခြင်း ဆိုပြီးလေ....။
အချစ်နဲ့ မကင်းနိုင်တာတော့ လူသား သဘာဝပါ။ အခုခေတ်ကြီးတဲမှာ ညီငယ်၊ ညီမငယ်တွေ အချစ်ကို
ဘယ်လို အဓိပ္ပါယ်တွေ ဖွင့်ကြလဲတော့
ကျွန်တော် သေသေချာချာ မသိပါ။ ပေးဆပ်ခြင်းလား.....၊
ပိုင်ဆိုင်ရယူခြင်းလား....၊ မျှဝေခြင်းလား.....။
မည်သို့ပင် ဖြစ်စေကာမူ ညီငယ်၊ ညီမငယ် တို့ကို
အချစ်နဲ့ ပတ်သက်ပြီး အခု ပြောပြခဲ့တဲ့ ဇာတ်လမ်းမျိုး
ဘ၀ကို အချစ်နဲ့ မလဲမိပါစေနဲ့လို့ ဆုတောင်းရင်း.......။
လမင်းကို




