လူတိုင်းကို HIV ပိုးရှိ၊ မရှိ
စစ်ဆေးပေးခြင်းဖြင့် အေအိုင်ဒီအက်စ် အန္တရာယ်ကို နှစ်ပေါင်း ၄၀ အတွင်း
တိုက်ဖျက်နိုင်မည်ဟု ထိပ်တန်း သုတေသနပညာရှင် တစ်ဦးက ပြောကြားသည်။ အစီအစဉ်အရ
လူဘီလီယံပေါင်း များစွာကို တစ်နှစ်အတွင်း HIV စစ်ဆေးပေးပြီး အကယ်၍ HIV ပေါ့စတစ်
တွေ့ရလျှင် ဆေးများတိုက်ကျွေးကုသပေးမည် ဖြစ်သည်။
အထက်ပါ
အတိုင်းလုပ်ဆောင်လျှင် ငါးနှစ်အတွင်း ဗိုင်းရပ်စ်ပိုးသယ်ဆောင်မှု ရပ်သွားနိုင်သည်။
ရာစုနှစ်အလယ်တွင် ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ပျံပွားမှု
အဆုံးသတ်သွားနိုင်သည်။ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးသည် လူ ၃၃ သန်းကို
ကူးစက်ခဲ့ပြီး လူ ၂၅ သန်း သေဆုံးစေခဲ့သည်။
ဆေးခန်းဆိုင်ရာ
စမ်းသပ်မှု အစီအစဉ်ကို ယခုနှစ်ကုန်တွင် တောင်အာဖရိက နိုင်ငံ၌ စမ်းသပ်မည် ဖြစ်သည်။
တောင်အာဖရိက သည် ကမ္ဘာပေါ်တွင် HIV နှင့် AIDS ကူးစက်ပျံနှံမှု
အမြင့်မားဆုံးနိုင်ငံဖြစ်သည်။ ယင်းနောက် အေအိုင်ဒီအက်စ် ဖြစ်ပွားမှု များသည့်
အမေရိကန်နှင့် ကနေဒါ မြို့ကြီး များတွင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည်
ဖြစ်သည်။
အစီအစဉ်ကို
အကြံပြုခဲ့သည့် တောင်အာဖရိက နိုင်ငံမှ ဒေါက်တာ ဘရိုင်ယန် ၀ီလျံက “ကျွန်တော်တို့ရဲ့
လတ်တလော အကောင်းဆုံးမျှော်လင့်ချက်ဟာ အသက်များများ ကယ်တင်ဖို့ ရီထရိုဖိုင်ရယ်
ကာကွယ်ဆေးများ အသုံးပြုဖို့ဖြစ်တယ်။ ဒါပေမဲ့ HIV သယ်ဆောင်မှု ကို လျှော့ချဖို့
လိုတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ ရီထရို ဖိုင်ရယ် ကာကွယ်ဆေးတွေကို ထိရောက်စွာ
အသုံးပြုမယ်ဆိုရင် ငါးနှစ်အတွင်း HIV ပိုးသယ်ဆောင်မှု ရပ်ဆိုင်းသွားနိုင်မည်” ဟု
ပြောကြားခဲ့သည်။
NNW(Ref:BBC News)
(စောင့်ကြည့် သတင်းဂျာနယ် အတွဲ(၅)
အမှတ်(၃၁) ၃-၃-၂၀၁၀)




