ရန်ကုန်၊ သက်ကြီးရွယ်အိုများ၏ ကျန်း မာရေးအကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ရန် 'မြင့်မြင့်ခင်' ဖောင်ဒေး ရှင်းတည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်မှာ အသက် (၉၁) နှစ်အရွယ်တွင်ကွယ်လွန်၍ ဈာပန အခမ်းအနားကို ဇွန် ၂၁ ရက်တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်၍ ကြွင်း ကျန်ရစ်မည့်အရိုးပြာများကို ဂူသွင်း ထားရှိပြီးဖြစ်သည်။
ဆရာမကြီးမှာ ဇွန် ၁၉ ရက် မွန်း လွဲပိုင်းက ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒု- ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ် ရွှေဇီးကွက်တို့မှသွားရောက်၍ ရေဝေး သုသာန်အအေးခန်းသို့ ပို့ဆောင်ကူ ညီခဲ့သည်ဟု နာရေးကူညီမှုအသင်းမှ သိရသည်။
ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့ စာရေးဆရာကြီး (ခ) မာမီးကြီးဒေါ် မြင့်မြင့်ခင်ကို ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွား၍ ရန်ကုန်တက္ကသိုလ် စစ်တွင်းကာလ (ဂျပန်ခေတ်)၌ ဆေး ကျောင်းတက်ရောက်ကာ ၁၉၄၆ ခု နှစ်တွင် BA ဘွဲ့ရရှိခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် M.B.,B.S ဘွဲ့ရယူခဲ့ပြီး USA နှင့်UK နိုင်ငံများတွင် ဘွဲ့လွန် ပညာရပ်များအား ဆည်းပူး၍ ကျန်း မာရေးဌာနတို့တွင်ဝင်ရောက်၍ အမှု ထမ်းခဲ့ပြီး ဆေးတက္ကသိုလ်မန္တလေး ၌ ဆေးပညာပါမောက္ခ/ ဌာနမှူးအဖြစ် နှစ်ပေါင်း ၂ဝမျှ ဆောင်ရွက်ခဲ့သည်။ ခင်ပွန်းဖြစ်သူ ဒေါက်တာဦးစံဘော် မှာလည်း ထင်ရှားသည့်အရိုးအထူးကု ဆရာဝန်သုတေသီတစ်ဦးဖြစ်ပြီး ၄င်း မှာ ၁၉၈၄ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ဆရာမကြီးသည် အငြိမ်းစားယူပြီး မလေးရှား (UKM) ဆေးတက္ကသိုလ်၌ အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၈၅ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ တိုက်ဒေသ (နယူးဒေလီ)တွင် အကြံ ပေးအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သည်။
၁၉၉၆ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် သြစတြေးလျနိုင်ငံတွင်နေထိုင်ခဲ့ ပြီး မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ ကာ ရန်ကုန်မြို့၌နေထိုင်ပြီး ဆေးပညာ၊ ပညာရေးနှင့် လောလောဆယ်တွင် ပြဿနာဖြစ်နေသောအကြောင်း အရာများ၊ ဖြေရှင်းရန် လိုအပ်သည့် အကြောင်းအရာများကို ပြည်သူသို့ မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။
ပညာရေး၊ သိပံ္ပပညာအခြေခံသိ မြင်ရန် သက်ကြီးများ၏ ကျန်းမာရေး အကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ရန် 'မြင့်မြင့်ခင်'ဖောင်ဒေးရှင်းတည် ထောင်ပြီး သားဖြစ်သူဒေါက်တာမြင့်ဇံ ပါမောက္ခ ဥပဒေပညာဌာန Multimedia တက္ကသိုလ် မလေးရှားမှဆက် လက်ဆောင်ရွက်ရန် ရည်ရွယ်သည်ဟု သိရသည်။
မြန်မာဆေးလောက အတွက် ၁၉၉၅ ခုနှစ်တွင် 'လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း' နှင့် ‘AIDS အကြောင်း'၊ ၁၉၉၉ ခုနှစ်တွင် 'ကင် ဆာ'၊ ၂ဝဝ၃ ခုနှစ်တွင် 'သက်ရှည်ကျန်း မာမြန်မာ့အစာ'၊ 'ဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင်' နှင့် 'ဆီးချိုလူနာ လမ်းညွှန်'၊ ၂ဝဝ၇ ခုနှစ်တွင် 'မိုက်ခ ရိုဝေ့ဖ်နှင့် ဟင်းချက်နည်းများ'၊ 'ရှေ့တန်းရောက် ကျန်းမာရေးပြဿနာ များ'၊ 'ပျော်ရွှင်ကျန်းမာ ဘဝဆည်းဆာ' နှင့် 'Myanmar Handbook of Health Research Methods Tomorrow’s Doctors'၊ ၂ဝ၁၂ ခုနှစ်တွင် 'အားလုံးအတွက် ပညာရေးနှင့် တိုင်း ပြုပြည်ပြုဆောင်းပါးများ' အစရှိသည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။
ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင် အသက် (၉၁) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စီစဉ်ဆောင်ရွက်ကူညီပံ့ပိုး ပေးခဲ့ပြီး အသင်းသား/သူများ၊ ဆရာမကြီး၏ မိသားစုဝင်များ၊ သားတပည့်များ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ တက်ရောက်၍ ဆရာမကြီး၏ နောက် ဆုံးခရီးကို စည်ကားသိုက်မြိုက်စွာဖြင့် ဂါရဝပြုပို့ဆောင်ခဲ့ကြသည်။
မြစ်မခ- ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၁၀) အမှတ် (၂၄)
Yangon Media Group - လူတိုင်းအတွက် ကျန်းမာရေးခေါင်းလောင်းထိုးခဲ့သူ ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင် ကွယ်လွန်




