HIV/AIDS ရောဂါ တိုက်ဖျက်ရာမှာ လူတိုင်း သွေးစစ်ဆေးလာနိုင်မှုဟာ အဓိက အချက်အနေနဲ့ ရှိနေပြီး ဒီလိုသွေးစစ်နိုင်ဖို့ အတွက် HIV/AIDS တိုက်ဖျက်ရေး အဖွဲ့တွေ အနေနဲ့ ဦးစားပေး လှုံ့ဆော် သွားမယ်လို့ သိရပါတယ်။ အများပြည်သူတွေ သွေးစစ်ဆေး လာစေဖို့အတွက် ဘားနက် အင်စတီကျူ့နဲ့ အခြားအဖွဲ့ အစည်းများ ပူးပေါင်းပြီး ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ လူထုတိုက်တွန်း နှိုးဆော်ချက်တွေ အပါအ၀င် ပညာပေး လှုံ့ဆော်မှုတွေကို ပြုလုပ် ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ HIV ဝေဒါနာရှင်တွေ ဖန်တီးထားတဲ့ အနုပညာလက်ရာ တွေကိုလည်း အနုပညာရှင်တွေက လာရောက် အားပေးမှုတွေ ရှိခဲ့ပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွက် လူတိုင်း သွေးစစ်ဆေးခြင်းဖြင့် HIV ပိုး စတင်ကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွက်လာရေး၊ ရောဂါပိုး ရှိတဲ့ ဝေဒနာရှင်တွေကို ခွဲခြားနှိမ့်ချမှု ကင်းစင်ရေး၊ လိုအပ်သော ဆေးကုသမှု ပြုစုစောင့်ရှောက်မှုများ လက်လှမ်းမီ ရရှိကာ သေဆုံးမှုများ လျှော့ချရေး စတဲ့ ဆောင်ပုဒ်တွေနဲ့ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4 - လူတိုင်း သွေးစစ်ဖို့ HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့များ လှုံ့ဆော်




