5
Apr

လူနာ ကုတင်နံပါတ် (၁၉)



ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေမှာ သားဖွားမီးယပ်က ဆရာဝန်နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြလုပ်ခဲ့ကတယ်။ ဒါဟာ ဆေးရုံနဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သိုမကူးစက်ဘဲ ဖွားမြင်ရေး"
ဆိုတဲ့ရောဂါမကူးစက်ရေး
အကောင်းကို ရှာဖွေဆွေွးေးကဖို့ဖြစ်တယ်။

 

အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းကအိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး
ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။
အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေမှာ ဘာမှမဟရဲ ခဲ့ကပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်းဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ" လိုငြင်းခုံခဲ့ကတယ်။

 

ဆရာဝန်တစ်ချိုကတောင် "လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ" လိုညည်းတွားနေကတယ်။ ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖိုအခန်းကိုစီစဉ်ခဲ့ကရတယ်။ ဆေးရုံအုပ်ကီးကိုယ်တိုင် လူနာအတွက် စပါယ်ရှယ်အခန်းကကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လိုပြောပါတယ်။နပ်စ်မှ တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ သွားမကည့်ချင်ခဲ့ကဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင် မပြည့်သေးတဲ့ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။

 

အခန်းထဲ စဝင်တဲ့နေမှာ လက်ရှည်အကျီ မျကှ်ာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက
အထူဆုံး
လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ ကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့ အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြံးပြကိဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့
အမ်
ိးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြား နေမယ်လိုကျွန်မထင်ခဲ့မိတယ်။ တကယ်တမ်း သူကိုတွေတော့ သာမန်အမျိးသမီး တစ်ဦးပါပဲ။

 

ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကီးကီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ် အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ ပြည့်နေတဲ့ သူပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။

 

"မင်္ဂလာပါ"

 

ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိက်ဖိုနေတဲ့ ရင်အစုံနဲအေးစက်စက် ကျွန်မ ပြန်ပြံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။ သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူကို သွေးစုတ်ဖို့ရာ ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။ကျွန်မ စိတ်လပ်ရှားလွန်းလိုလားမသိ! သွေးစုတ်ဖိုအပ်ကို သွေးကောထဲရောက်အောင် မထိုးုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကောင့် သူမျက်ခုံး တွန်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖိုဖန်ပြွန်တွေ၊ ဂွမ်းစတွေနဲကျွန်မ ပျာများနေမိတယ်။ သူသွေးတွေ ကျွန်မကိုယ်ပေလုံးဝမပေကျံဖိုဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျကှ်ာကိုကျွန်မကည့်လိုက်မိတယ်။ မျကှ်ာက ပကတိ အေးချမ်းတည်ငြိမ်လို့

 

"ကျေးဇူးတင်ပါတယ်"

 

ယဉ်ယဉ်ကျေးကျေးနွဲွးေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ် လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။" ဟို ကုတင်(၁၉)က လူနာလေ ဘယ်လိုကည့်ကည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို မတူဘူး သိလား"
နပ်စ်နားနေဆောင်
ရောက်ရောက်ချင်း ကျွန်မ မအောင့ိုင်ဘဲပြောလိုက်မိတယ်။ "ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲမြင်ချင်လို့လဲ?" တာဝန်ကျဒေါက်တာတစ်ဦးရဲစကားက ကျွန်မ စကားလမ်းကောင်းကို ပိတ်ပစ်လိုက်တယ်။

 

"နပ်စ် .. ဒါကိုကည့်လိုက်ဦး" ဒေါက်တာက ပြောပြောဆိုဆို လူနာရဲဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကည့်လိုက်တယ်။ သူ ကံတော်တော် မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။ ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောကဖြစ်နေပါပြီ။ သူအနာဂတ်လမ်းက ဖြောင့်ဖြးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါကူးစက်ခံခဲ့ရတာပါပဲ။ သွေးသွင်းခဲ့လိုရောဂါကူးစက်ခံရမယ်လိုဘယ်သူမှ တွေးမထားခဲ့မိဘူး။
သူကိုယ်ဝန်ရပြီး
စစ်ဆေးမှုတွေ ပြတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။ အဲဒီနောက် သူဘဝ တစ်မျိးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကီးကိုမျကှ်ာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို၂ဝ% ကနေ ၄ဝ% ထိ ရှိုင်တယ်လို ဆိုပါတယ်။

မွေးဖွားချိန်မှာ ဖြစ်လိာုင်တဲ့ အခက်အခဲနဲ့ ရောဂါ ကာကွယ်စက်စနစ်တွေ (Immune
System)
ပျက်စီးခဲ့ရင်အသက်ပါဆုံရှူံိးုင်ပါတယ်။အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း သူကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲသွေးလှဌာနကို တရားစွဲဆိုထားပါတယ်။ လျှော်ကေးငွေရမယ်လိုခန်မှန်းထားပေမယ့် သူ့အတွက် ဘာများအသုံးဝင်တော့မလဲကုတင်(၁၉)ရဲအမျိးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့် ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့ အခန်းကို စစ်ဆေးမယ့်ဟန်ပြပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ မျကှ်ာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေဆန့်ထားတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top