မွေးကင်းစ
အရွယ်တွေ Sex ကိစ္စကို နားမလည်ဘူးလို့ အများအားဖြင့် ထင်တတ်ကြပါတယ်။ တကယ်တော့ ဆေးပညာအရပြောရရင်
(၂)နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ မိခင် အဝတ်အစားလဲတာကို မသိစိတ်ကနေ စိတ်ဝင်စားနေတတ်ပါတယ်။
ဒါဟာ သူ့ရဲ့ မသိစိတ်ထဲမှာရှိတဲ့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှု ပြယုဂ်ပါပဲ။
သားတွေက
ဖခင်ထက် မိခင်ကို ပိုချစ်တာ သမီးတွေက မိခင်ထက် ဖခင်ကို ပိုချစ်တာတွေဟာ သူတို့လေးတွေရဲ့
စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ လိင်ကွဲနှစ်မြို့မှုကို အခြေခံတာပါ။ အဲဒီစိတ်တွေက မြီးကောင်ပေါက်
အရွယ်ရဲ့အစမှာ နိုးကြားလာကြတယ်။ စူးစမ်းချင်ကြတယ်။ လက်တည့်စမ်းချင် ကြတယ်။ အမှန်က
Sex ရဲ့ နောက်ကိုလိုက်ရင်း ဖြစ်သင့်တာ မဖြစ်အောင် ဆောင်ရန်၊ ရှောင်ရန် တွေကို ပညာပေးချင်တာပါ။
Sex အကြောင်းတွေကို ရေးသားထားတဲ့ စာပေးတွေကို လေ့လာ ဖတ်ရှု့ပြီး ပညာပေးတာကို ပညာပေးတာလို့
မယူဆပဲ နည်းပေးလမ်းပြ လုပ်နေတယ်လို့ ယူဆပြီး တလွဲတွေးမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့်
“ပေးကား ပေး၏ မရ” ဆိုတာမျိုးမဖြစ်ရအောင် ဒီဆောင်းပါးတွေကို ပညာပေးအနေနဲ့သာ ဖတ်စေချင်တာ
ကျမ စေတနာပါ။ ဒီလမှာလည်း Sex ကိစ္စ သတိရှိပါဆိုတဲ့ ခေါင်းစဉ်အောက်က လူမင်း ပြောတဲ့ လိင်ပညာပေးကို
ဝေငှလိုက်ပါတယ်။
လိင်ပညာပေး လူမှုရေးကကသွားမယ်
Sex
ကိစ္စဆိုတာ အပြစ်ကြီးတစ်ခုလည်း မဟုတ်ပါဘူး။ စက်ဆုတ်ရွံရှာဖွယ်လည်း မဟုတ်ပါဘူး။ ဒါ သဘာဝတစ်ခုပါ။
သဘာဝထဲက အရွယ်ရောက်တဲ့ ကျား၊မ တိုင်း ကြုံတွေ့ရမယ့် ကိစ္စပါ။ ဒီအပေါ်မှာ ပြောချင်တာက
သတိလေး တစ်ချက်ရှိဖို့ပါပဲ။ သတိရှိဖို့အတွက် စိတ်က အဓိကပါ လူကို စိတ်က ဦးဆောင်နေတာ
ဘာသာရေးအရကြည့်ရင် လူရဲ့စိတ်ဆိုတာ မကောင်းတဲ့ ဘက်မှာ မွေ့လျော်တာ သဘာဝပဲ မကောင်းတာကို
မကောင်းဘူးမြင်ဖို့ အန္တရာယ်မှန်းမြင်ဖို့ စိတ်အလိုကို အစွန်းအထိ မလိုက်ဖို့အတွက် သတိလေး
ကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ သတိလက်လွှတ် ဖြစ်သွားကြလို့သာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတာပါ။
People စာအုပ်ထဲမှာ ပြီးခဲ့တဲ့လက အမျိုးသမီး တစ်ယောက်ပြောတာ ဖတ်ရတယ်။ “အားလုံးထဲမှာ
လူမှုရေး Stress က အရှုပ်ထွေးဆုံးလို့ ထင်တယ်” အဲဒါကို ထောက်ခံတယ် ဘယ်နယ်မှာပဲဖြစ်ဖြစ်
အောင်မြင်တဲ့ ကျား၊ မတိုင်းဟာ သူတို့ နောက်ကွယ်မှာ အိမ်ထောင်ရေး အဆင်ပြေခြင်း သာယာခြင်းတွေဟာ
တိုက်ရိုက်အချိုးကျနေတာ တော်တော်များများ တွေ့ရတယ်။ လူမှုရေး ပိုင်းဆိုင်ရာမှာ အဲဒီလောက်ထိ
။
မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းကနေ ပညာပေးနေပြီ
ကျနောတို့
ငယ်ငယ်တုန်းက လူကြားထဲ မတိုးဝံ့တဲ့ ရှက်စရာစကားတွေဟာ ဒီကနေ့ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းကနေ
ပြောဆိုလို့ရတဲ့ အနေအထား ရောက်လာပြီး အဲဒါဘာကြောင့်လဲဆိုတော့ လူ့အသိုင်းအဝိုင်းကြားမှာ
ထိန်းချုပ်ဖို့လိုအပ်လာလို့ လူတွေရဲ့ စိတ်အလိုလိုက်မှုများလို့ ကွယ်ရာမှာ နှစ်ကိုယ်ကြား
ပြောရမယ့် စကားတွေကို လူပုံအလယ်မှာ ရဲရဲဝံ့ဝံ့ ပညာပေးလာကြတယ်လို့ ကျနော်မြင်တယ်။ ဘယ်အရာမဆို
လူသားတွေ စားသုံးတာ သုံးစွဲတာ တအားများလာတယ်။ လိင်ကိစ္စမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေလည်း
အရမ်းတိုးတက် ခေတ်မှီလာတယ်။ လူတွေကလည်း မထိန်းနိုင် မသိမ်းနိုင် သတိမကပ်နိုင်တော့ပဲ
စိတ်နောက် တောက်လျောက်လိုက်သွားပြီး အားလုံးက လိုတာထက် ပိုလာကြတယ်။ ခုဆို အေအိုင်ဒီအက်စ်
ဆိုတာ ကပ်ရောဂါအသွင် ဖြစ်လာတယ်။ ကမ္ဘာကြီးကလည်း ဖေါက်ပြန်လာပြီ။ ကျနော် တို့ကျောင်းတက်တုန်းက
စိုက်ပျိုးရေးမှာသင်ရတာက Biological Control ပေါ့။ ဥပမာ စိုက်ခင်း တစ်ခင်းပေါ် ပိုးကောင်တွေသိပ်ကျလာရင်
အဲဒီ ပိုးကောင်တွေကို စားမယ့် နောက်ထပ် အကောင်တစ်မျိုး မွေးပေးရတယ်။ သဘာဝ တရားကြီးမှာလည်း
အဲဒါမျိုးတွေ ပေါ်လာတယ်။ ရောက်တဲ့အရပ်မှာ စိတ်နောက် သတိလေး သာကပ်။ ဘာမှမဖြစ်ဘူး။ အာမခံတယ်။
ဖြစ်လာရင်လည်း နောင်တ မရပါနဲ့ ဆက်မဖြစ်အောင် ဆင်ခြင်သင့်တယ်။ ကျနော် ကြားသိနေတဲ့ သတင်းတွေက
မကောင်းဘူး မထူးဇာတ် ခင်းနေကြတယ်။ လူသား မျိုးနွယ်အားလုံးအတွက် အရမ်းအန္တရာယ်ရှိတယ်။
ကိုယ်က ဒီအကျိုးကို ခံစားနေရမှတော့ နောက်လူတွေ ထပ်ကူးစက်အောင် ဘာလို့ လုပ်နေဦးမှာလဲ။
ဒီလုပ်ရပ်တွေက နောက်ဘဝတွေထိ အကျိုးပေးပြီး ဆိုးသထက် ပိုဆိုးမှာပေါ့။
ကျနော့်ရဲ့ Sex Control
ကျနော်တို့ပြောတဲ့စကားဟာ
အတင်းအဖျင်း ထိုင်ပြောနေတာမဟုတ်ဘူး စာဖတ်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် ပြောသင့်ရင်
ပြောရမှာပဲ လူလွတ်ပဲဖြစ်ဖြစ် အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် သဘာဝ တရားကို မလွန်ဆန်နိုင်ကြဘူး။
စိတ်ရဲ့ တောင်းဆိုမှုကိုလည်း မတောင်းဆိုနဲ့ ပြောလို့မရဘူး။ အဲဒီ အချိန်မှာ သတိ တချက်ကပ်ဖို့
ကျနော် ခုချိန်မှာ ဘာကို တွေးနိုင်သွားပြီလဲဆိုတော့ ကျနော့်မှာ သမီးရှိတယ် ဇနီးရှိတယ်
ဇနီးမှာလည်း နောက်ကိုယ်ဝန်ရှိတယ်။ စိတ်အလိုလိုက်ပြီး ကျနော့် အိမ်က မသိအောင် ပျော်ပါးလို့ရတယ်။
ကျနော့် မိသားစုနဲ့ ဘာကိုမှ မလဲနိုင်ဘူး။ ဖေါက်လွဲ ဖေါက်ပြန် လုပ်ချင်မိပြီဆိုရင်တောင်မှပဲ
အသက်အရွယ် ရလာလို့လားတော့ မသိဘူး အဲဒီ သတိလေးတစ်ချက် ကပ်သွားနိုင်ပြီ။ မိနစ်ပိုင်းလေး
ပျော်ရွှင်ဖို့အတွက် ကျနော့်ရဲ့ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝကို မလဲနိုင်ဘူး။ အဲဒီ စိတ်ကလေးနဲ့
ကျနော် ထိန်းချုပ်သွားတာပါပဲ။
Sex Stress
Sex
နဲ့ ပတ်သက်တဲ့ Stress ဟာ လူပျိုတွေမှာ တော်တော် များပါလိမ့်မယ်။ လူပျို လူလွတ်ဖြစ်တယ်
ဆိုရင်တော့ ဒီကိစ္စကို တနည်းနည်းနဲ့ ဖြေရှင်း မိတော့မှာပဲ။ အဲဒီ Stress က သိပ်များလာလို့
လုံးဝ မခံနိုင်တော့တဲ့အဆုံး ပြင်ပ အမျိုးသမီးနဲ့ ပျော်ပါးမယ်ပဲ ထားလိုက်ပါတော့ သတိလေးကပ်ပြီး
တနည်းနည်းနဲ့ ကာကွယ်လိုက်ရင် ဒီ Stress က ပြေပျောက်သွားမှာပဲ အသက်အရွယ်နဲ့လည်း ဆိုင်တယ်။
နောက်တစ်ခုက ပညတတ်နဲ့ ဆင်းရဲ မွဲတေမှုတွေဟာ ဒီရောဂါတွေနဲ့ ပတ်သက်နေတယ်။ ဆင်းရဲသူတွေက
Sex နဲ့ ပတ်သက်တဲ့ ဗဟုသုတနည်းတယ်။ သိရင်တောင် ဆင်ခြင်နိုင်မှု နည်းတယ်။ ရောဂါ ဖြစ်ပွားမှုနှုန်းကို
ကြည့်မယ်ဆိုရင် အရာရာ သိတတ်နားလည် နေသူတွေကလည်း ဒီလောကထဲမှာ ကျင်လည်နေသူ တွေကလည်း သတိတချက်လွတ်ရင်
ဆင်းရဲ ချမ်းသာမရွေး ရလာမယ့် ဆိုးကျိုးက အတူတူပါပဲ။
မပေါ့နဲ့ အမျိုးသားတွေ အပျော်ရှာမိတတ်တယ်
ဗုဒ္ဓဘာသာ
မြန်မာလူမျိုးတွေက ဒီကိစ္စ မပွင့်လင်းကြဘူး၊ အဓိက နားလည်မှုပါပဲ။ အမျိုးသားရော အမျိုးသမီးပါ
တစ်ဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ နားလည်ဖို့လိုတယ်။ ဒါကို မေ့ထားဖို့မလိုဘူး။
များသောအားဖြင့် အိမ်ထောင်တစ်ခုဟာ သက်တမ်း ကြာလာတာနဲ့ အမျှ အဲဒီကိစ္စ နှစ်ဖက်လုံး ပေါ့လာကြတယ်။
ဘာလို့ပေါ့တာလဲဆိုတော့ နှစ်ဖက်လုံးက သားသမီး ကိစ္စတွေ မိသားစု တာဝန်တွေအတွက် ဘဝမှာ ရုန်းကန်နေကြရတော့
သတိမထား မိကြဘူး။ တကယ်တော့ နှစ်ယောက် လုံးက ဒီကိစ္စတွေမှာ ငုတ်လျှိုးနေကြတာ မီးဝေးချိတ်လို
သိပ်ဝေးလွန်းရင်လည်း ဝေးကွာ သွားတတ်တယ်။ မအားလပ်တဲ့ကြားထဲက တကူးတကနဲ့ အချိန်လေးယူပြီး
မွေးနေ့လို နှစ်ပတ်လည် နေ့လိုမျိုးမှာ သီးသန့် နွေးထွေးမှုတွေ ရယူဖို့လိုတယ်။
အခွင့်အရေးကလည်း
ရနေတယ် ကိုယ့်အိမ်ထောင်ရေးလည်း မထိခိုက်စေချင်ဘူးဆိုရင်တောင် ဒီအခွင့်အရေးရဲ့ နောက်ကွယ်မှာ
ဘာတွေ ကပ်ပါလာမလဲ။ ထားပါတော့ အခွင့်အရေးရပြီး နောက်ဆက်တွဲ ပြဿနာတွေလည်း မရှိနိုင်ဘူး
ဆိုရင်တောင် ဘယ်သူမှမသိရင်တောင် ကိုယ့်ကိုယ်ကိုပဲ သိတယ်တယ်လို့ ပြောရမှာပါ။ အဲဒီလို
ကျူးလွန်ပြီးရင်တောင် သူ့ရှေ့မှာ ကိုယ့်လိပ်ပြာ လုံပါ့မလား။
ယောက်ျားတိုင်း
စောင့်ထိန်းနိုင်လိမ့်မယ်လို့တော့ မထင်ဘူး။ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကြားမှာ ရှုပ်ထွေးလာတာကိုတော့
ဖြေရှင်းရတာ မတူဘူးပေါ့။ နိုင်ငံခြားမှာ ဆိုရင်တော့ ကျော်ကြားလိုမှုကို လိုချင်လို့
ရင်းနှီးတာတွေရှိတယ်။ ကျနော်တို့ဆီမှာတော့ ဘာသာတရားအရ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။
လွဲမှားတဲ့ သူ့ရဲ့စိတ်ဟာ သူ့ရဲ့ ကိုယ်ကျင့်တရားထက်တော့ မကာမိပါဘူး။
အဆုံးထိ မလိုက်နဲ့
လိင်ဆက်ဆံမှုကို
စက်ဆုတ်ရွံရှာစရာလို့ မမြင်ပါဘူး။ Limitation လေးတစ်ခုထားပါ။ တတ်မက်မှု အာသာ ဆန္ဒဆိုတာ
ဆုံးတယ်မရှိပါဘူး။ အချိုပြီးရင် အချဉ် လိုက်လေလိုက်လေ မဆုံးနိုင်လေဖြစ်ပြီး မှားယွင်းတဲ့
လိင်ဆက်ဆံမှုတွေ ဖြစ်ပေါ်လာတာ။ ဒီနေ့ ကမ္ဘာမှာ ရာခိုင်နှုန်း အများကြီး တိုးပွားလာတဲ့ ယောက်ျား
စင်စစ်ကနေ ဟိုမုန်းပြောင်းလဲမှုတွေအထိ ဖြစ်ကုန်ကြတာဟာ လူတိုင်း သတိထားမိ လာတဲ့ ကိစ္စတွေအထိ
ဖြစ်လာတယ်။ အိုဘားမားတောင် ဒီကိစ္စကို ခေါင်းခဲပြီး ဖြေရှင်းရမယ့် အပိုင်း ရောက်လာတာကိုး။
စစ်တပ်ထဲမှာ ဂေးတွေကို အမှုထမ်းဖို့ဆိုတဲ့ ကိစ္စပေါ့။ ဗလတောင့်တောင့် ယောက်ျားတွေအများကြီး
ဒီလိုဖြစ်သွားတာဟာ ခုဏပြောသွားတဲ့ အာသာ ဆန္ဒနောက်ကို တန်းတန်းဆွဲလိုက်ရင်း ဒီလိုဖြစ်သွားကြတာပါ။
ဒါကို သတိလေး ကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ လူတိုင်းက နိစ္စဓူဝ ဒီထက် အရေးကြီးတဲ့ ကိစ္စတွေ
လုပ်နေကြရတာ။
အဲဒါကို
Limitation မထားလိုက်ရင် လိုက်လေ မဆုံးလေ လိုက်လေ မဆုံးလေနဲ့ လွဲမှားတဲ့ ဆက်ဆံမှုတွေ
ဖြစ်လာတာပါပဲ။ အဆုံးထိ မလိုက်ပဲ ပြည့်ဝတဲ့ စိတ်ဆန္ဒတစ်ခုရလို့ ရပ်ထားလိုက်ရင် ပြီးတာပါပဲ။
လိင်တူအချင်းချင်း
ဆက်ဆံမှု ပညာပေးကို ပြောရမယ်ဆိုရင် ဥပမာ ဘရာဇီးလို နိုင်ငံမျိုးမှာ အရွယ် မရောက်သေးတဲ့
ကလေးတွေဟာ ဒီနည်းနဲ့ ငွေရှာနေကြတယ်။ အဲဒါ ဘာကြောင့်လည်းဆိုတော့ ဆင်းရဲ မွဲတေမှုတွေကြောင့်ပဲ။
ဒီကလေးတွေဟာ စိတ်ဆန္ဒကြောင့် မဟုတ်ပဲ ပိုက်ဆံရဖို့အတွက် အသက်မွေး ဝမ်းကြောင်းတစ်ခုလို
လုပ်နေရတဲ့အတွက် ခန္ဓာကိုယ်ကို ငွေကြေးနဲ့ အသုံးချနေတယ် အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွေးအခေါ်
မရင့်ကျက်သေးလို့ လွဲမှားသွားကြတာ တကယ် ရင်နာဖို့ကောင်းပါတယ်။ နောက်တစ်ချက် limit ကို
မထိန်းနိုင်လို့ ကျော်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။
လိင်ပညာပေး အင်တာဗျူးက ပိုလေးနက်ပါတယ်
ခုလို
အမေးအဖြေတွေ လုပ်နေပြီ ဆိုကတည်းက စာဖတ်မိတဲ့ ပရိတ်သတ်တွေ ဗဟုသုတရဖို့ ဆွေးနွေးနေကြတာပဲလေ။
မဂ္ဂဇင်းတစ်အုပ်က အင်တာဗျူးလာလုပ်လို့ ဖြေရတာထက် ဒီလိုပညာပေး မျိုးကို ပြောရတာ ပိုလေးနက်ပါတယ်။
Celebrity ဖြစ်ပြီးတော့ အသက် အရွယ်လည်းရ အနုပညာ သက်တမ်းလည်း ရလာတဲ့ အထဲက စဉ်းစားမိတာက
လူတစ်ယောက်ရဲ့ တန်ဖိုးပေါ့။ ကိုယ်နဲ့ ကိုယ့် ပတ်ဝန်းကျင်ကို လူတစ်ယောက်က ကောင်းအောင်
ဘယ်လောက် လုပ်ပေးနိုင်မလဲတွေးမိတဲ့အခါ ဒါမျိုး ပညာပေးတွေ ပြောချင်ပါတယ်။ PSL တို့ ဘာတို့ဆိုရင်
ဂရုတစိုက်နဲ့ လုပ်နေတာ တွေ့ရတယ်။ ကျနော်တို့
တိုင်းပြည်မှာတော့ ယဉ်ကျေးမှုရယ် ဘာသာတရားရယ်ကြောင့် ပညာပေးမှုတွေ အားနည်းနေတယ်လို့ ထင်တာပဲ။
စာသင်ကျောင်းတွေမှာ အသက် အပိုင်းအခြားအလိုက် အရွယ်ရောက်တဲ့ ကလေးတိုင်းကို အားကစားနဲ့
လိင်ပညာပေးတွေ လုပ်ပေးသင့်တယ်။ ကျနော်တို့ အာရှတိုက်သားတွေဟာ အနောက်တိုင်းသားတွေနဲ့ ယှဉ်ရင် လူကလည်း မထွားကြိုင်းဘူး
မျိုးရိုးကြောင့်လည်း ပါတာပေါ့။ ကာယပညာကို မဖြစ်မနေ လုပ်ရမယ်ဆိုတာမျိုး ဖြစ်စေချင်တာ။
ခုလို ဆွေးနွေးပွဲမျိုး ကျောင်းတွေမှာ လုပ်ပေးနိုင်လေ ပိုကောင်းလေပဲ။
Celebrity Sex ကို လူတွေ စိတ်ဝင်စားတယ်
Celebrity
တွေရဲ့ Sex Affair ကို လူတွေ စိတ်ဝင်စားတာ သိပ်တော့ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ မင်းသမီးဆိုတာ
ဆန့်ကျင်ဘက် ယောက်ျားတွေအပေါ်မှာ ဆွဲဆောင်မှုရှိအောင် ဝတ်မယ်၊ စားမယ်၊ သရုပ်ဆောင်မယ်။
မင်းသမီး ဖြစ်ပြီ ဆိုကတည်းက ဆန့်ကျင်ဘက်ကို
ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိလို့ မင်းသမီးဖြစ်တာ။ မင်းသားတွေလည်း ဒီလိုပါပဲ။ ဆွဲဆောင်ပြီ
ဆိုကတည်းက Sex ကိုနိုးကြားလာအောင် ဆိုတာ ပါလာပြီပေါ့။ ဆိုကြပါစို့ တောသားလေးတစ်ယောက်
ကလည်း အခု Hollywood မှာ နည်မည်ကြီးနေတဲ့ မင်းသမီး မီဂန်ဖောက်(စ်) နဲ့ တညလောက် တွေ့ချင်ရင်
တွေ့ချင်မှာပဲ။ ဒီလိုပဲ မြန်မာပြည်က ကောင်မလေး တစ်ယောက်ကလည်း ဒီနေ့ ကမ္ဘာကျော် ဒေးဗစ်
ဘက်ခမ်းရဲ့ အနမ်းတော့ တစ်ကြိမ်လောက်ခံယူချင်မှာပဲလေ။ ဒါဟာ စိတ်ရဲ့ ဆွဲဆောင်ရာပါပဲ။
ဒီလို သဘာဝတွေရှိရင်တော့ Celebrity တွေကို စိတ်ဝင်စားတာပေါ့။
ကျနော်တို့
Style ကျအောင် ဝတ်စားပြီး သရုပ်ဆောင်တာက ကျနော်တို့အလုပ်။ အဲဒီ အပေါ်မှာ စွဲလန်း တပ်မက်ခြင်းက
ပရိတ်သတ်အလုပ် ဆိုတဲ့ အခါကျတော့ အဲဒီ သရုပ်ဆောင်တဲ့နေရာမှာ Celebrity ဘက်က လမ်းမှားရောက်အောင်
ဆွဲဆောင်နေတာမျိုးတော့ မဟုတ်ဘူး။
ပညာပေးသူတွေမှာ တာဝန်ရှိတယ်
ခုလို
ဆွေးနွေးတဲ့ နေရာမှာ မီဒီယာအပိုင်းက ရေးသား ဖေါ်ပြမှုနဲ့ ပညာပေးမှုကလည်း အရေးကြီးတယ်။
အချို့က ပွဲဆူအောင် ပရိတ်သတ် စိတ်ဝင်စားမယ့် ခေါင်းစဉ် ကြီးကြီးနဲ့ တပ်ချလိုက်တာမျိုးပေါ့။
ဆွေးနွေးတဲ့ သူနှစ်ဦးလုံးဟာ ပညာပေးလိုတဲ့ စေတနာ ကောင်းတဲ့ ရှု့ထောင့်ကနေ သွားနေကြတယ်။
လိင်ပညာပေး ဆွေးနွေးတဲ့ Celebrity နဲ့ မီဒီယာ နှစ်ဦးလုံးပေါ်မှာ အတိုင်းအတာတစ်ခုထိ
တာဝန်ရှိပါတယ်။ ထပ်ပြောလိုက်ချင်တယ် Sex ကိစ္စ သတိရှိဖို့ Limit ရှိဖို့ ။
PEOPLE မဂ္ဂဇင်း -
<!--
/* Font Definitions */
@font-face
{font-family:"Cambria Math";
panose-1:2 4 5 3 5 4 6 3 2 4;
mso-font-charset:0;
mso-generic-font-family:roman;
mso-font-pitch:variable;
mso-font-signature:-1610611985 1107304683 0 0 415 0;}
@font-face
{font-family:Calibri;
panose-1:2 15 5 2 2 2 4 3 2 4;
mso-font-charset:0;
mso-generic-font-family:swiss;
mso-font-pitch:variable;
mso-font-signature:-520092929 1073786111 9 0 415 0;}
@font-face
{font-family:Zawgyi-One;
panose-1:2 11 6 4 3 5 4 4 2 4;
mso-font-charset:0;
mso-generic-font-family:swiss;
mso-font-pitch:variable;
mso-font-signature:1627400839 -2147483648 8 0 66047 0;}
/* Style Definitions */
p.MsoNormal, li.MsoNormal, div.MsoNormal
{mso-style-unhide:no;
mso-style-qformat:yes;
mso-style-parent:"";
margin-top:0in;
margin-right:0in;
margin-bottom:10.0pt;
margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:"Calibri","sans-serif";
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:Calibri;
mso-fareast-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:"Times New Roman";
mso-bidi-theme-font:minor-bidi;}
.MsoChpDefault
{mso-style-type:export-only;
mso-default-props:yes;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:Calibri;
mso-fareast-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:"Times New Roman";
mso-bidi-theme-font:minor-bidi;}
.MsoPapDefault
{mso-style-type:export-only;
margin-bottom:10.0pt;
line-height:115%;}
@page Section1
{size:8.5in 11.0in;
margin:1.0in 1.0in 1.0in 1.0in;
mso-header-margin:.5in;
mso-footer-margin:.5in;
mso-paper-source:0;}
div.Section1
{page:Section1;} </style>“SEX ကိစ္စ သတိရှိပါ”




