3
Jun

လူမှုမီဒီယာကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းမြင့်တက်

အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်တွင် လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်သော ရောဂါများ ကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီးဌာန၏ဖော်ပြချက်အရ သိရသည်။

၂၀၁၃ မှ ၂၀၁၄ အထိ အိတ်ခ်ျအိုင်ဗီရောဂါကူးစက်မှု ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဂနိုရောဂါမှာ ၃၀ ရာခိုင်နှုန်းမြင့်တက်လာကာ ဆစ်ဖလစ်ရောဂါမှာ ၇၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ယင်းကဲ့သို့ ရုတ်တရက် မြင့်တက်လာခြင်းမှာ ပိုမိုကောင်းမွန်သော စစ်ဆေးမှုများကြောင့်ဟု အရာရှိများက ပြောသော်လည်း Tinder ဝက်ဘ်ဆိုက်ကဲ့သို့ အက်ပလီကေးရှင်းများမှာ ရောဂါကူးစက်မှုမြင့်တက်လာခြင်း၏ တစ်စိတ် တစ်ပိုင်း ဖြစ်ဖွယ်ရှိသည်ဟု ၎င်းတို့က ပြောကြားသည်။

ခဏတာ လိင်ပျော်ပါးရန်နှင့် အမည်မဖော်ဘဲ မကြာခဏ လိင်ပျော်ပါးရန် လူမှုကွန်ရက် အသုံးပြုမှုအပါအဝင် အန္တရာယ်မြင့်မား သော အပြုအမူများ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုများ၊ လိင်ဆက်ဆံဖော်များပြားခြင်းနှင့် မူးယစ်ဆေး(သို့မဟုတ်) အရက် သောက်သုံးထားစဉ် လိင်ဆက်ဆံခြင်းများကြောင့် ရောဂါကူးစက်မှုမြင့်တက်လာရခြင်းဖြစ်နိုင်ကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီး ဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မိန်းမလျာများနှင့် လိင်တူဆက်ဆံသော အမျိုးသားများ၊ အာဖရိကန်၊ အမေရိကန်လူမျိုးများ၊ စပိန်နွယ်ဖွားများနှင့် လူငယ်များမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။

ယင်းကာလအတွင်း လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါများနှင့် အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်မှုလျှော့ချရေး မိမိတို့ ကြိုးစားထားခဲ့သော်လည်း ထပ်မံကြိုးစားရဦးမည်ဆိုသည်ကို ယင်းစာရင်းဇယားများက ဖော်ပြနေသည်ဟု ကန်အရာရှိ တစ်ဦးက ပြောကြားသည်။

အဓိကအားဖြင့် လိင်တူဆက်ဆံသော အမျိုးသားများအသုံးပြုသည့် Grindr အက်ပလီကေးရှင်းမှာ ၂၀၁၂ အတွင်း နယူးဇီလန်နိုင်ငံတွင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဆစ်ဖလစ်ရောဂါပျံ့နှံ့မှု ထက်ဝက်ခန့်အတွက် အဓိကကျသော အချက်ဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။

7 Day Daily - လူမှုမီဒီယာကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းမြင့်တက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top