17
Aug

လူသားများ၏အသက်ကို ကယ်တင်ခွင့်ရနိုင်သည့် HIV ဝေဒနာရှင်များ

HIV ပိုးကူးစက်ခံရသူများ ကွယ်လွန်ပြီးတဲ့နောက်မှာ ၎င်းင်းတို့ရဲ့ ကိုယ်အင်္ဂါ များ လှူဒါန်းခြင်းကို တားမြစ်ထားတဲ့ ဥပဒေကို အမေရိကန်လွှတ်တော်က ပယ်ဖျက်ပေးခဲ့မယ်ဆိုရင် တစ်နှစ်မှာHIV ပိုးကူးစက်ခံရသူ (၅၀၀)ခန့်အထိ ကျောက်ကပ်နဲ့ အသည်း အစားထိုးကုသမှုများကို ခံယူကုသနိုင်မှာဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Johns Hopking ဆေးပညာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါတားမြစ်ချက်ဥပဒေကိုသာ ပယ်ဖျက်ပေးခဲ့မယ်ဆိုရင် ကိုယ်အင်္ဂါအစားထိုးကုသမှုခံယူဖို့ စောင့်ဆိုင်းနေတဲ့HIV ပိုးကူးစက်ခံရသူများ အတွက် အစားထိုးကုသမှုများကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း၊HIV ပိုးရှိသူတစ်ဦးကွယ်လွန် ပြီးတဲ့နောက်မှာ ကျန်းမာသန်စွမ်းတဲ့ ၎င်းင်းရဲ့ ကိုယ်အင်္ဂါများကို စွန့်ပစ်ဖျက်ဆီးမယ့်အစား အခြားHIV ပိုးရှိသူများထံကို အစားထိုးကုသ ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီလိုHIV ပိုးရှိသူများရဲ့ ကိုယ်အင်္ဂါများကအခြာ့HIV ပိုးရှိသူတစ်ဦးထံကို အစားထိုးကုသခြင်းကို တောင်အာဖရိကမှ ဆရာဝန်များက စတင်စမ်းသပ်လုပ်ဆောင်နေပြီဖြစ်ပြီး ရလဒ် ကောင်းများရရှိခဲ့တယ်လို့ သိရပါတယ်HIV  ပိုးရှိသူရဲ့ ကိုယ်အင်္ဂါများ အစားထိုးကုသခြင်းကို တရားဝင် လုပ်ဆောင်နိုင်ပါက အစားထိုးကုသမှုခံယူဖို့ကို စောင့်ဆိုင်းနေတဲ့ HIV ပိုးရှိ သူများအနေနဲ့ ရောဂါပိုးမရှိသူရဲ့ကိုယ်အင်္ဂါရရှိတဲ့အထိ အချိန်အကြာကြီး စောင့်ဆိုင်းစရာ မလိုတော့တဲ့အတွက် အကျိုးရှိလာမှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4 - လူသားများ၏အသက်ကို ကယ်တင်ခွင့်ရနိုင်သည့် HIV ဝေဒနာရှင်များ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top