ကိုယ်ဝန်ဆောင်နေစဉ် အတွင်း ဆောင်ရန်၊ ရှောင်ရန် အကြံပြု ချက်များစွာကို သင်ကြားရပေလိမ့်မည်။ ယင်းအကြံပြုချက် အားလုံးကို လိုက်နာစရာ မလိုသော်လည်း လျစ်လျူမရှုသင့်သည့် (သို့မဟုတ်) ဘေးအန္တရာယ် ကင်းရှင်းကြောင်း သေချာစေရန် စစ်ဆေးမှု ခံယူရမည့် လက္ခဏာ အချို့ရှိသည်။
သားဖွားမီးယပ်ဆရာဝန်နှင့်စပြချိန်တွင် သတိထားရမည့် လက္ခ ဏာရပ်များနှင့် ပတ်သက်၍ စိတ်ပူစရာမလိုသော လက္ခဏာအချို့နှင့် ပတ်သက်၍ ဆရာဝန်ထံ မေးမြန်းပါ။
ကလေးငယ်အများစုမှာ ကိုယ်ဝန်သက်တမ်း ဒုတိယသုံးလပတ် အတွင်း စတင်လှုပ်ရှားတတ်ပြီး ပုံမှန်ကန်ကျောက်လေ့ရှိသည်။ သို့ သော် ယင်းအချိန်တွင် ရက်များစွာကြာအောင် တောက်လျှောက် ကလေးမလှုပ်ပါက အားလုံး အဆင်ပြေပြေ ရှိနေသလားဆိုသည်ကို သိရှိနိုင်ရန် ဆရာဝန်နှင့်ပြ၍ စစ်ဆေးမှုခံယူခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
ဝမ်းဗိုက်ပိုင်းနာကျင်မှုကို မပြတ်ခံစားနေရပြီး တိုး၍ နာကျင်လာ ပါက သားဖွားမီးယပ်ဆရာဝန်နှင့်ပြပါ။ မအင်္ဂါမှ သွေးဆင်းခြင်းအ တွက်လည်း ဆရာဝန်နှင့်ပြသရမည်ဖြစ်သည်။
ကိုယ်ဝန်ဆောင်သက်တမ်း ဒုတိယသုံးလအတွင်း ကလေးက သင့်ကို ဖိဆွဲချနေသကဲ့သို့ ခံစားနေရကာ နောက်ကျောအလွန်အမင်း ကိုက်ခဲနာကျင်ပြီး ဝမ်းဗိုက်နာကျင်မှုခံစားရပါက ဆရာဝန်နှင့်ပြ၍ စစ်ဆေးမှုခံယူရမည်ဖြစ်သည်။
ပျို့အန်လိုခြင်းကဲ့သို့ နေထိုင်မကောင်းမှုများမှာ ကိုယ်ဝန် ဆောင်သက်တမ်း သုံးလကုန်ဆုံးသည်နှင့် ပျောက်ကင်းသွားတတ် သည်။ သို့မဟုတ်ဘဲ ဒုတိယသုံးလပတ် (သို့မဟုတ်) တတိယသုံးလ ပတ်အထိ ဆက်လက်ဖြစ်ပေါ်နေသည် (သို့မဟုတ်) စတင်ဖြစ်ပေါ်နေ သည်ဆိုပါက လုံးဝလျစ်လျူမရှုသင့်ဘဲ သန္ဓေသား ပြင်းထန်စွာ ရေ ဓာတ်ခန်းခြောက်သွားနိုင်သဖြင့် စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။
ကိုယ်အပူချိန်မြင့်တက်ပြီး ဖျားနာကာ အဖျားကျမသွားပါက ဆက်လက် စစ်ဆေးမှုခံယူရန် လိုသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး ခြေထောက်ရောင်ရမ်းခြင်းမှာ ကြုံတွေ့နေကျဖြစ်သော်လည်း အလွန်နာကျင်စေသည့် (သို့မဟုတ်) ကြွက်တက်စေသည့် ရောင်ရမ်းမှုများမှာ ပုံမှန်မဟုတ်ပါ။
မိခင်လောင်း၏ နှလုံးခုန်နှုန်းမှာ ကလေး၏ နှလုံးခုန်နှုန်းကဲ့သို့ပင် အရေးကြီးသည်။ နှလုံးခုန်နှုန်း အလွန်မြန်ဆန်နေခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်ခြင်းမှာ လျစ်လျူရှုမထားသင့်သော လက္ခဏာတစ်ခု ဖြစ်သည်။
ရောဂါကူးစက်ခံထားရသူများနှင့် လူထူထပ်သော နေရာများ နှင့် ဝေးဝေးနေရန် အရေးကြီးပြီး တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်းပြပါ။
7 Day Daily - လျစ်လျူမရှုသင့်သော ကိုယ်ဝန်ဆောင်လက္ခဏာများ




