24
Dec

လှူဒါန်းထားသောသွေးများတွင် HIV ပိုးတွေ့ ရှိမှုနှုန်းသိသာစွာကျဆင်း



The Voice Journal Vol.4/No.10 (24/12/2007)

မြန်မာနိုင်ငံတွင် သွေးလိုအပ်မှုကို ရာနှုန်းပြည့်
ဖြည့်ဆည်းပေးနေသော စေတနာရှင်သွေးလှုရှင်များက လှူဒါန်းပြီးသွေးများကို စစ်ဆေးသန်
့စင် ရာတွင် HIV ရောဂါပိုးပါရှိသော သွေးအရေအတွက် သိသိသာသာ
လျော့နည်းကျဆင်းလျှက်ရှိကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အမျိုးသား
သွေးဌာနတာဝန်ခံ ဒေါက်တာဒေါ်သီတာအောင်က ဒီဇင်ဘာလ ပထမပတ် အတွင်းကပြောကြားခဲ့သည်။

 

ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေးပြတိုက်တွင်
ဒီဇင်ဘာလ ၇ ရက်နေ့ ကပြုလုပ်သော ကျန်းမာရေး ဖိုရမ်တွင် ယင်းကအထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

 

လုပ်ငန်းစတင်လည်ပတ်သည့် ၂၀၀၃ ခုနှစ်က
စေတနာသွေးလှူရှင်များ လှူဒါန်းသည့် သွေးအိတ်များ ကိုစစ်ဆေး သန့် စင်ရာတွင်သွေးအိတ်
၂၅၀၀ ၌ သွေးအိတ် ၃၀ နီးပါးခန့် မှာ HIV ပိုး positive လက္ခဏာပြနေခဲ့ကြောင်း၊
အဆိုပါနောက်ပိုင်းနှစ်များတွင် ပိုးတွေ့ ရှိမှုနှုန်းမှာ သိသိ သာသာ
လျော့နည်းကျဆင်းသွားခြင်းမျိုးမရှိဘဲ ၂၀၀၆ ခုနှစ်ရောက်မှသာ သိသိသာသာ
လျော့နည်းလာခဲ့ကြောင်း ၂၀၀၇ ခုနှစ်တွင် သွေးအိတ် ၂၅၀၀ ၌ တစ်အိတ်နှုန်းသာ HIV Positive
ဖြစ်နေသည်ကို စစ်ဆေးတွေ့ ရှိ သဖြင့် လှူဒါန်း ထားသော သွေးများတွင် HIV ပိုးသန်
့စင်လာသည့် အခြေအနေဟု ဆိုနိုင်ကြောင်း ထပ်လောင်း ပြောကြားသည်။

 

စေတနာသွေးလှူရှင်များမှာ ဘာသာရေးအဖွဲ့ အစည်းများ
လူမှုရေးအဖွဲ့ အစည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပါဝင်ကြပြီး
သတ်မှတ်ထားသော အချိန်ကာလအားလျော်စွာ လှူဒါန်းမှု ပြုလုပ်ကြကြောင်း၊
အရေးတကြီးသွေးလိုအပ်ပါက အဆင်သင့်လှူဒါန်းနိုင်သော စေတနာရှင်များ ဖြစ်ကြကြောင်း
မင်္ဂလာဗျူဟာ သွေးလှူရှင် များအဖွဲ့ မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

 

လူနာများတွင် အရေးတကြီး သွေးလိုအပ်ပါက
လာရောက်လှူဒါန်းထားသော သွေးလှူရှင် များက လျှင်မြန်စွာ သွေးသွင်းနိုင်မည့်
အခြေအနေပေါ် မူတည်၍ အကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်စေနိုင်ကြောင်း
ယင်ကဆိုသည်။သွေးအတွင်း HIV ပိုးတွေ့ ရှိမှုနှုန်းတိုင်းတာ ချက်များအရ မြန်မာ
နိုင်ငံသည် ယခင်ရှိပြီးသားအဆင့်မှ ယခုအခါ ပြည်ပ ၁၀ နိုင်ငံအထက်သို့ ပိုးတွေ
့ရှိမှုနှုန်းထား လျော့ကျသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ
့မှထုတ်ပြန်သောစာရင်း များအရသိရသည်။

 

The Voice Journal Vol.4/No.10 (24/12/2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top