Weekly Eleven News – No 19,Vol 4 (18/2/2009)
မိမိကိုယ်တွင်းသို့ ပြင်ပမှသွင်း မည့်သွေးကို အနည်းဆုံးရောဂါလေး မျိုး HIV ၊ ကာလသား၊ ဘီပိုး၊ စီပိုး များကို စစ်ဆေးရန်လိုအပ်ကြောင်း အမျိုးသားသွေးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ အမျိုးသားသွေး ဌာနသည် အဆိုပါရောဂါလေးမျိုး အနက် HIV နှင့် ကာလသားရောဂါ ကို အလှူရှင်များကူညီမှုနှင့် အခမဲ့ စစ်ဆေးပေးလျက်ရှိကြောင်း၊ သွေး သွင်းမည့်လူနာများအနေနှင့်ဘီပိုး၊ စီပိုးကိုသာ မိမိစရိတ်နှင့်စစ်ဆေးရန် လိုကြောင်းသိရသည်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
ဘေးကင်း၍ စိတ်ချရသောသွေးများ ရရှိရန်မှာ အချိန်ယူစစ်ဆေးရန်လိုကြောင်း၊ အရေးပေါ်သွေးလိုအပ်လာသော အချိန်များတွင်မလိုအပ်ဘဲ စွန့်စား မှုများကိုမပြုလုပ်ရန်လိုကြောင်း သွေး လှူဘဏ်မှတာဝန်ရှိသူတစ်ဦးက ဆို သည်။ 'သွေးလိုတော့မှ အရေးပေါ် ချက်ချင်းရှာ ချက်ချင်းထည့်ဆိုတာ မျိုးကအင်မတန်အန္ဘရာယ်များတဲ့ လုပ်ရပ်ပါပဲ။သွေးလှူဘဏ်မှာအချိန် ယူစစ်ဆေးပြီး သန့်စင်တဲ့သွေးတွေရှိ ပါတယ်''ဟု ¤င်းက ဆက်လက်ပြော ပြခဲ့သည်။ ကမ္ဘာနိုင်ငံအများအပြား တွင် ကျွမ်းကျင်ဝန်ထမ်းမရှိ၍သော် လည်းကောင်း၊ စစ်ဆေးရာတွင်အသုံး ပြုသည့်ကိရိယာများမရှိ၍၊ ခေတ်မမီ ၍သော်လည်းကောင်း၊ လျပ်စစ်မီးပုံ မှန်မရ၍သော်လည်းကောင်းယုံကြည် အားကိုးရသောသွေးမသွင်းမီ ပမာဏ စစ်ဆေးမှု မပြုလုပ်နိုင်ကြကြောင်း WHO ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရောဂါစစ်ဆေးရန်ကိရိယာ မရှိသည့်ဒေသများ၊ သွေးသိုလှောင် ရန်အအေးခန်းမလည်ပတ်နိုင်သည့် ဒေသများတွင် စေတနာဖြင့်လှူဒါန်း သူများ၏သွေးများမှာ လိုအပ်လျက် ရှိကြောင်း သိရသည်။
WeeklyElevenNews–(18/2/2009) လှူဒါန်းထားသည့်သွေးများမှHIV နှင့်ကာလသားရောဂါကို အမျိုးသားသွေးဌာနမှ စစ်ဆေးပေးလျက်ရှိ




