ရန်ကုန်မြို့အတွင်း ဝက်တုပ်ကွေး ဖြစ်ပွားသူလို့
ယူဆရသူတွေကို ဝေဘာဂီ ကူးစက်ရောဂါဆေးရုံကို ပို့ပြီး ကုသလျက် ရှိရာမှာ HIV/
AIDS ဝေဒနာရှင်တွေနဲ့
တဆောင်တည်းထားတာကြောင့် HIV ဝေဒနာရှင်တွေ ရောဂါကူးစက်မှာကို စိုးရိမ်နေတယ်လို့
ဝေဘာဂီဆေးရုံမှာ တက်ရောက် ကုသနေတဲ့ HIV ဝေဒနာရှင်တွေက ပြောပါတယ်။
ဝက်တုပ်ကွေးရောဂါဖြင့် ဘရာဇီးလ်တွင် သေဆုံးသွားသော အသက် ၂၉
နှစ်အရွယ် လူနာတဦး၏ အသုဘကို ဇွန်လ ၂၉ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။
ဝက်တုပ်ကွေးရောဂါသည် ၉၅ နိုင်ငံတွင် ၄၄,၃၀၀ ကူးစက် ဖြစ်ပွားပြီး၊ တကမႝာလုံးတွင် ၁၈၀
သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ယူဆရပါသည်။
ဝက်တုပ်ကွေး ရောဂါဖြစ်သူလို့ ယူဆရသူ ၁၀ဦးထက်မနည်း HIV ဝေဒနာရှင်တွေ ထားတဲ့ လူနာဆောင် အောက်ထပ်မှာ ထားတာ
ဖြစ်ပါတယ်။ HIV ဝေဒနာရှင်တွေ
အနေနဲ့ ကိုယ်ခံအားနည်းတာကြောင့် တခြားရောဂါများ အလွယ်တကူ ကူးစက်နိုင်တာမို့ ခုလို
စိုးရိမ်နေကြတာပါ။ ဝေဘာဂီ ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ လူနာတဦးက ခုလိုပြောပါတယ်။
လူနာတဦး။ ။ “ဒီ HIV ဝေဒနာသည်တွေအနေနဲ့ စိုးရိမ်တဲ့ အကြောင်းရင်းကတော့
ကျွန်တော်တို့ ဝေဒနာသည်တွေ သူတို့ ဟိုဟာပေါ့၊ ဝက်တုပ်ကွေးသမားတွေ ထားမှာဆိုရင်
သီးသန့်ပေါ့၊ ကျွန်တော်တို့ ဒီ HIV တွေကို သီးသန့်ပေါ့၊ ဒီ ခွဲထားပေးဖို့ပေါ့။”
ရောဂါကူးစက်မှာ ကို စိုးရိမ်တာကြောင့်
သီးသန့်ခွဲထားပေးဖို့ ပြောဆိုနေတာပါ။ ခုလိုရောဂါကူးစက်မှာကို စိုးရိမ်တာကြောင့်
ဆေးရုံတွင်း လူတိုင်းလိုလို နှာခေါင်းစည်းများနဲ့ သွားလာနေကြတာ ဖြစ်တယ်လို့
သိရပါတယ်။ ဒါ့အပြင် နှာခေါင်းစည်းတခုကို အရင်က ကျပ် ၆၀ပဲ ရှိပေမဲ့ အခု တခုကို
၄၅၀အထိ ဈေးတက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
မြန်မာပြည်မှာ ဝက်တုပ်ကွေးရောဂါ ဖြစ်သူတဦး ရှိကြောင်း
အာဏာပိုင်တွေက ပြောဆိုပေမဲ့ ဝေဘာဂီဆေးရုံက လူမမာတွေရဲ့ ပြောဆိုချက်အရ
၁၀ဦးထက်မနည်း ဆေးရုံတင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဘာဂီ
ကူးစက်ရောဂါကုဆေးရုံကို ဆက်သွယ် မေးမြန်းပေမဲ့ ပြန်လည် ဖြေကြားခြင်း မပြုပါဘူး။
ဒီသတင်းနဲ့ပတ်သက်ပြီး ဝေဘာဂီဆေးရုံရှိ HIV ဝေဒနာရှင်တွေကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။
ဝေဘာဂီမှာ ၀က်တုတ်ကွေး ရောဂါနဲ့ ပတ်သက်ပြီးတော့ ဝေဒနာသည်တွေ ရောက်နေတယ်
ဆိုပြီးတော့ ကြားပါတယ်။ ဘယ်လောက်များ ရှိပါသလဲခင်ဗျ။
ဖြေ။ ။
ဝက်တုတ်ကွေး လူနာတွေကို သူတို့ကားနဲ့ ခေါ်ခဲ့ပြီးတော့ အတ်အိုင်ဗွီ လူနာတွေထားတဲ့
အပေါ်ထပ်ရှိတယ်ဗျ။ သူတို့ကိုတော့ အောက်ထပ်မှာ ထားတယ်။ သူတို့ ခေါ်ခဲ့တဲ့ ကားကိုလည်း
ပိုးသတ်ဆေးတွေ ဘာတွေ ဖြန်းတာ ကျတော်တွေ့တယ်။
မေး။ ။
ဝက်တုတ်ကွေး ရောဂါ ဝေဒနာရှင် ဘယ်နှယောက်လောက် ရှိလဲခင်ဗျ။
ဖြေ။ ။
သွားကြည့်လို့လည်းမရဘူး၊ အပြင်ကနေ လှမ်းကြည့်လို့လည်း မရဘူး၊ အခြားတစ်ယောက် ပြောတာက
အောက်ထပ်မှာတော့ ၁၀ယောက်လောက် ရှိတယ်လို့ ပြောတယ်ဗျ။
မေး။ ။
ဘယ်နေ့တုန်းက ရောက်နေတာပါလဲခင်ဗျ။
ဖြေ။ ။
အဲဒါတော့ ကျတော် မသိဘူးခင်ဗျ၊ ဆေးရုံက အပေါ်တစ်ထပ် အောက်တစ်ထပ် ရှိတယ်ဗျ။
အပေါ်ထပ်မှာက အိတ်ခ်ျအိုင်ဗွီ လူနာတွေကို သီးသန့်ထားပြီး အောက်ထပ်မှာက ဘယ်သူမှ
မရှိဘူး။ ဘယ်သူမှ မရှိတဲ့နေရာမှာ သူတို့ကိုထားတာ။
မေး။ ။
တစ်ခန်းထဲမှာ အတူထားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဆောက်အဦ တစ်ခုတည်းမှာ အပေါ်ထပ်
အောက်ထပ်ထားတာလား။
ဖြေ။ ။
ဟုတ်ပါတယ် ခင်ဗျ။
မေး။ ။
အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်တဲ့သူတွေကကော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုများ
ခံစားရလဲခင်ဗျ။
ဖြေ။ ။
အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူတင်
မဟုတ်ဘူးခင်ဗျ အဲဒီမှာ လူနာစောင့်တဲ့ လူတွေကော ကြောက်နေကြတယ်။ ဒီရောဂါက ကူးစက်မှု
မြန်တယ်ဆိုတော့။ သူတို့ အကုန်လုံး နှာခေါင်းစည်းတွေနဲ့ လူနာစောင့်တွေကောပဲ။
အကုန်လုံး အဲဒီလို လုပ်ထားကြတာ တွေ့ရတယ်။ အဲဒီတော့ ကိုယ့်ရောဂါအပြင် ဒီရောဂါ
ဝင်လာတော့ ဒီရောဂါက လေထဲကနေ ကူးစက်တတ်တယ်ဆိုတော့ အိတ်ခ်ျအိုင်ဗွီထက်စာရင်
ဒီရောဂါကို ပိုပြီးတော့ ကြောက်တာပေါ့။ နောက်ဆုံး ပြောမယ်ဆိုရင် သူတို့ရဲ့
လူနာစောင့်တွေပေါ့ လူနာစောင့်တွေက ဟိုဆိုလည်း သွားရ၊ ဒီဆိုလည်းသွားရ
အဲဒီလိုဆိုတော့ သူတို့က ကူးလာမှလည်း ကြောက်တာပေါ့။
မေး။ ။
အဲဒီ ဝေဒနာရှင်တွေ ၀က်တုတ်ကွေး ဖြစ်နေတဲ့ ဝေဒနာရှင်တွေ ထားးတဲ့အထပ်ကို လူတွေ
ဝင်လို့ထွက်လို့ ရလားခင်ဗျ။
ဖြေ။ ။
အဲဒီနေရာတော့ မရဘူးခင်ဗျ၊ အဲဒီနေရာကိုတော့ သူတို့ ဆေးရုံက ဆရာဝန်ကြီးတွေ၊
ဒေါက်တာကြီးတွေပဲ ၀င်လို့ရတယ်။ အဲဒီ အပေါက်ဝမှာ အစောင့်တွေ ရှိတယ်လေ။ အစောင့်တွေက
ပေးမ၀င်ဘူး။ အဲဒီမှာ အဆောင်တစ်ခု ရှိတယ်ခင်ဗျ ဆေးရုံ အဆောင်ပေါ့။ အဲဒီ အဆောင်နဲ့
၅လံလောက် အကွာမှာ သံတန်းကြိုးတွေ ကာထားတယ်ခင်ဗျ။ အဲဒီလိုမျိုး ကျတော်တို့က
အပြင်ကနေပဲ ကြည့်လို့ရတယ်။ အထဲကိုလည်း ၀င်ကြည့်လို့မရဘူး။ ဆေးရုံကိုတော့
အပေါ်ထပ်ကိုပဲ တက်ခွင့်ပေးထားတယ်။ အောက်ထပ်ကိုတော့ ၀င်ခွင့်မပေးထားဘူး။
မေး။ ။
သီးသန့်ခွဲ ထားတာလားခင်ဗျ။
ဖြေ။ ။
ဟုတ်ပါတယ် သီးသန့်ခွဲထားတာပါ။
မေး။ ။
အဲဒီမှာ အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ ဘယ်လောက်များ ရှိပါသလဲခင်ဗျ။
ဖြေ။ ။
ကလေး၊ လူကြီး စုစုပေါင်း အယောက် ၅၀ကျော်လောက်ရှိမယ်ခင်ဗျ။
ဆက်လက်ပြီး ဝေဒနာရှင် နောက်တစ်ဦးကို မေးမြန်းခဲ့ပါတယ်။
မေး။ ။
ခုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမြင်လေး ပြောပြပေးပါဦးခင်ဗျ။
ဖြေ။ ။
ကျတော်တို့ ဝေဘာဂီ ဆေးရုံက အထက်ထပ် အောက်ထပ် ရှိတယ်ဗျ။ ၀က်တုတ်ကွေး ရောဂါကလည်း
ကူးစက်နှုန်းကလည်း မြန်တယ်။ မြန်တယ်ဆိုတော့ လူကောင်းတွေကို ကူးတာနဲ့
အိတ်ခ်ျအိုင်ဗွီ ရောဂါသည်တွေကို ကူးတာက မတူဘူးဗျ။ အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူတွေ
အနေနဲ့ စိုးရိမ်တဲ့ အကြောင်းရင်းကတော့ အိတ်ခ်ျအိုင်ဗွီဖြင့် နေထိုင်သူတွေနဲ့
ဝက်တုတ်ကွေး ဖြစ်နေသူတွေကို သီးသန့် ခွဲထားစေချင်ကြတယ်လေ။ အိတ်ခ်ျအိုင်ဗွီဖြင့်
နေထိုင်သူတွေနဲ့ အဓိက စိုးရိမ်တာကတော့ သူတို့ကိုလည်း ၀က်တုတ်ကွေး ကူးမှာကို
စိုးရိမ်ကြပါတယ်။
မှတ်ချက်။ ။
အထက်ပါ ကိစ္စများနှင့် ပတ်သက်ပြီး ဝေဘာဂီဆေးရုံ တာဝန်ရှိသူများထံ
ဆက်သွယ်စုံစမ်းသော်လည်း ပြန်လည်ဖြေကြားခြင်း မှတ်ချက်ပေးခြင်း မရှိဘူးလို့
သိရပါတယ်။
ဝက်တုပ်ကွေး မသင်္ကာရသူများအား HIV ဝေဒနာရှင်များနှင့် တဆောင်တည်းထား (RFA)
အသံဖိုင် အောက်တွင်ယူပါ




