မယ်တော်ဆေးခန်းသည် ယ္ခုအချိန်တွင် အရေးပေါ်ရံပုံငွေအား ထိုင်း ဘတ် (၁၈) သန်းခန့် (အမေရိကန်ဒေါ်လာ ၆ သန်းခန့်) အရေးတကြီး လိုအပ်လျှက်ရှိပါသည်။
မယ်တော်ဆေးခန်းမှ ယ္ခုနှစ်အတွင်း (ဇူလိုင်လမှ နှစ်ကုန်သည်အထိ) ကျန်းမာရေး၊ ပညာရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဝန်ဆောင်မှုများကို လည်ပတ်နိုင်ရန်အတွက် ရံပုံငွေကို လုံလောက်စွာ လက်ခံရရှိခြင်း မရှိပါ။
လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် မယ်တော်ဆေးခန်း၏ ဝန်ထမ်း ထောက်ပံ့ကြေးငွေကို (၂၀) ရာခိုင်နှုန်းစီ လျှော့ချခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ လိုအပ်လျှက်ရှိသော ရံပုံငွေအား မရရှိပါက မယ်တော်ဆေးခန်း၏ ဝန်ထမ်းအချို့နှင့် တချို့သော လုပ်ငန်း အသုံးစရိတ်များကို ရပ်နားဖြတ်တောက် ရမည် ဖြစ်ပါသည်။
လူကြီးမင်းတို့၏ မေတ္တာရှေ့ထား ကူညီထောက်ပံ့မှုများကို မယ်တော်ဆေးခန်း ငွေစာရင်း ရုံးသို့ ပေးပို့ပေးပါရန်နှင့် နီးစပ်ရာ မယ်တော်ဆေးခန်း၏ အလှူခံပုံးသို့ ပေးပို့လှူဒါန်းပါရန် အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါသည်။
အကယ်၍ တစုံတယောက်မှ အလှူငွေများ ပေးပို့လှူဒါန်းလိုသည်ကို သိရှိပါက အောက်ဖော်ပြပါ အွန်လိုင်းလိပ်စာအတိုင်း အသိပေး လှူဒါန်းပါရန် မေတ္တာရပ် ခံအပ်ပါသည်။
http://maetaoclinic.org/how-to help/donate/
ကျေးဇူးအထူး တင်ရှိပါသည်...
မယ်တော်ဆေးခန်းမိသားစု
မူရင်း စာမူကို PDF ဖိုင်ဖြင့် ဒီနေရာမှာ ဒေါင်းလော့ လုပ်နိုင်ပါတယ်....




