၁။ သုတေသနပြုလုပ်ခြင်း၊
၂။ မိမိရေးသားမည့် ဇာတ်လမ်းကိုရွေးချယ်ခြင်း၊
၃။ မိမိရေးသားမည့် ရှုထောင့်ကိုရွေးချယ်ခြင်း၊
၎။ မိမိအစီအစဉ် (အင်တာဗျုး) အတွက် အလားအလာရှိသည့်
တွေ့ဆုံမေးမြန်းမည့်သူကိုရွေးချယ်ခြင်း၊
စသည်တို့ကို ယခု စာမျက်နှာတွင် ဖော်ပြသွားမည်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသား ပေးပို့ခြင်း လမ်းညွှန် စာမျက်နှာ (၅၅) မှ (၅၉) အထိ တင်ပြထားသည်။
++++++++++++++++++++++++++++
မိမိတင်ပြရမည့် သတင်းပေးပို့ချက်များ (သို့မဟုတ်)
ဆောင်းပါးဇာတ်လမ်းများကို ရေးသားထုတ်လုပ်ရာတွင် နေ့တဓူဝနက်နက်နဲနဲ သုတေသနပြုလုပ်ရမည်ဆိုသည်က
လွယ်ကူသည့်ကိစ္စတော့မဟုတ်ပါ။ သတင်းထောက် တယောက်အဖို့ သူရေးသားနေသည့်
ဆောင်းပါးတပုဒ်၏ မူလသဘောသဘာဝကို အမှန်တကယ် နားမလည် ပါက ကောင်းမွန်သွက်လက်သည့်
ဆောင်းပါးဖြစ်လာနိုင်ရန် မလွယ်ကူပါပေ။ စိတ်ထဲ၌သိရှိနေသည့် ခံစားချက်တခုတည်းဖြင့်
ဇာတ်လမ်းကောင်းတပုဒ် မဖြစ်နိုင်ပါ။ မိမိရေးသားမည့်ခေါင်းစဉ် အပေါ် နားလည်သ ဘောပေါက်နေခြင်းကသာ
ပို၍နားလည်နိုင်စွမ်းရှိသော ဇာတ်လမ်းတပုဒ်ကို ဖန်တီးနိုင်ပေလိမ့်မည်။
သင်၏ဇာတ်လမ်း စတင်မရေးသားမှီ သိရှိထားသင့်သော အချက် (၇)
ချက်ရှိသည်။
၁။ သုတေသနပြုလုပ်ခြင်း၊
၂။ မိမိရေးသားမည့် ဇာတ်လမ်းကိုရွေးချယ်ခြင်း၊
၃။ မိမိရေးသားမည့် ရှုထောင့်ကိုရွေးချယ်ခြင်း၊
၎။ မိမိအစီအစဉ် (အင်တာဗျုး) အတွက် အလားအလာရှိသည့်
တွေ့ဆုံမေးမြန်းမည့်သူကိုရွေးချယ်ခြင်း၊
၅။ ဇာတ်လမ်းအတွင်း မတူသော ရှုထောင့်ပေါင်းစုံကိုဖန်တီးခြင်း၊
၆။ လိုအပ်သော သတင်းအရင်းအမြစ်များကို သိရှိနေခြင်း၊
၇။ လိုအပ်သော သတင်းအရင်းအမြစ်များကို ရှာဖွေခြင်း၊
၁။ သုတေသနပြုလုပ်ခြင်း
သတင်းသမားတဦးအနေဖြင့် မိမိဘာရေးသားမည်ဆိုသည်ကို
မိမိဖာသာသိနေရမည်။ သုတေသနပြုလုပ်ခြင်း အားကောင်းလေလေ သင်၏ ဇာတ်လမ်းက
ပို၍ကောင်းလေလေဆိုသည်ကို သိရှိထားရမည်။ ကိစ္စတခုကို အပေါ်ယံကြောထက်သာလွန်၍ သိထားဖို့လိုသည်။
သို့မှသာ ရှုပ်ထွေးများမြောင် ကျယ်ပြန့်သော အခြေ အနေများကို
ခြုံငုံမိနိုင်မည်ဖြစ်သည်။ အချက်အလက်ရရုံမျှလောက်ဖြင့် ခိုင်လုံသည်ဟု မယူဆပါနှင့်။
ဇာတ်လမ်း အမှန်ကို ရရှိစေရန်အတွက် မေးရမည့်သူများအား မေးရမည့်မေးခွန်းများ
အလုံလောက်မေးနိုင်ရန်လိုသည်။ သင့် အနေဖြင့် သုတေသနလုပ်သောအခါတွင်
- ဖော်ပြပါအချက်များကိုသုံး၍
နောက်ခံဇာတ်လမ်းကို စစ်ဆေးပါ။ သတင်းစာဖြတ်ပိုင်းများ၊ လိုအပ်သော စာအုပ် များ၊
အစိုးရ (သို့) လူပုဂ္ဂိုလ်တဦးချင်းစီမှ ပြုလုပ်ထားသော အစီရင်ခံစာများ၊
ကျွမ်းကျင်သူများနှင့်ဆွေးနွေးခြင်း၊ ဇာတ်လမ်းနှင့်ပတ်သက်နှီးနွယ်နေသူများနှင့်
စကားပြောခြင်း၊ လိုအပ်ပါက တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ခြင်း၊ အချို့တွေ့ဆုံမေးမြန်းချက်များသည်
မိမိနောက်ဆုံးရေးသားထုတ်လုပ်မည့် ဇာတ်လမ်းတွင် သုံးကောင်းမှ သုံးမည်ဖြစ်သော်လည်း လိုအပ်ပါက
အသုံးပြုရန် တွေ့ဆုံမေးမြန်းထားသင့်သည်။
- ဇာတ်လမ်းစတင်ဖြစ်တည်ခဲ့သည့်နေရာသို့သွား၍
လိုအပ်သောအတွေးအိုင်ဒီယာများ ဇာတ်လမ်း မြင်ကွင်း အတွက်ရရှိစေရန် စတင်လုပ်ဆောင်ပါ။
ထိုသို့ဆောင်ရွက်ခြင်းသည် ရုပ်မြင်သတင်းထောက်များကို သာမက
ပုံနှိပ်သတင်းထောက်များအတွက်လည်း ထပ်တူအရေးကြီးသောကိစ္စဖြစ်သည်။
ထိုမှတဆင့်ဇာတ်လမ်းအတွက် လိုအပ်သောဖြစ်စဉ် (သို့) ဇာတ်လမ်းကို
မည်သို့ဦးတည်ဖန်တီးမည်ဟူသော စိတ်ကူးကို ရရှိစေသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့်
သင့်အနေဖြင့် သင့်အတွက်အထောက်အကူဖြစ်စေမည့် မူလကမျှော်လင့်မထားသည့်
သတင်းအချက်အလက်များ၊ သတင်းအတိုအထွာများ ပိုမိုရရှိစေသည်။ ထို့အတွက်
ပိုမိုစိတ်ဝင်စား ဖွယ်ကောင်း သော၊ ပိုမိုထိရောက်သောဇာတ်လမ်းကို ဖန်တီးနိုင်ပေမည်။
ထို့အပြင်အသင်ရရှိလာသော များပြား သည့်အချက် အလက်များကြောင့် အဆိုပါသတင်းသည်
သတင်းတန်ဖိုးဘယ်လောက်ရှိမရှိဆိုသည်ကိုလည်း သင့်အနေဖြင့်ဆုံး ဖြတ်ရန်
ပိုမိုလွယ်ကူစေသည်။
၂။ မိမိရေးသားမည့် ဇာတ်လမ်းကိုရွေးချယ်ခြင်း
- စိတ်ဝင်စားဖိုဏ္ဍကောင်းမကောင်း ဆန်းစစ်ပါ။
သတင်းသမားတဦးအနေဖြင့် သတင်းသည် သည်းတုံ အူတုံဖြစ် စေရန် ဖန်တီးဖို့လိုသောကြောင့်
ထိုသို့အလုပ်ဖြစ်နိုင်မဖြစ်နိုင် သိရှိဖို့လိုသည်။ အကယ်၍သတင်းသည် စိတ်ဝင် စားဖွယ်ကောင်းသည်ဟုဆိုပါက
သင်၏ဆွဲဆောင်မှုဖြင့် ပရိသတ်ပါလာအောင် ဖန်တီးနိုင်မည်ဖြစ်သည်။ အကယ် ၍ သတင်းသည်
ပျင်းရိဖွယ်ကောင်းသည်ဟု သင်တွေ့ရှိပါက သင့်ပရိသတ်ကို ဒုက္ခပေးနေစရာ မလိုတော့။
- ပရိတ်သတ်အတွက် ဆီလျော်မှုရှိမရှိ ဆန်းစစ်ပါ။
မတူသောပရိသတ်အတွက် မတူသောအမြင်များ တင်ပြရန် လိုသည်။ အသက် ၂၀ အရွယ် ပရိသတ်များ၏
အကြိုက်နှင့် အသက် ၃၅ နှစ်အရွယ်ပရိသတ်တို့ အကြိုက်ချင်း အမြင်ချင်းမတူသည်ကို
သိရှိထားရမည်။ နံနက်စာစားရင်း သတင်းနားထောင်သည့် ပရိသတ်နှင့် ညပိုင်း တွင်သတင်းနားထောင်သည့်ပရိသတ်တို့တွင်
မတူညီသော ခြားနားချက်များရှိကြောင်း သိထားရမည်။
အကယ်၍သင်သည် စီးပွားရေးသတင်းသမား ဆိုပါစို့၊ သင်၏ပရိသတ်သည်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်နှင့် ဆက်စပ်ပတ်သက်၍ လက်ရှိကာလနှင့် အနာဂတ်တွင်
စီးပွားရေးလုပ်ငန်းများအတွင်းရှိ လုပ်သားထုထဲတွင်
မည်သို့ဆိုးကျိုးသက်ရောက်နိုင်မည်ကို ပို၍စိတ်ဝင်စားလိမ့်မည်။ သို့မဟုတ်ပါက တိုးတက်များပြားလာသော
မိဘ မဲ့ကလေးများနှင့် ပီအယ်လ်အိတ်ခ်ျအိုင်ဗွီ ခေါ် အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင် နေသူလူဦးရေကြောင့်
နိုင်ငံတော်၏ လူမှုထောက်ပံ့ရေးဘတ်ဂျက်အား မည်သို့ရိုက်ခတ်လာနိုင်သည်ကို ပို၍စိတ်ဝင်စားလိမ့်မည်။
ဒေသခံလူထု အခြေပြုသတင်းစာများအနေဖြင့် လူမှုနယ်ပယ်တွင် မည်သို့ရိုက်ခတ် လာနိုင်သည်ဟူသောအချက်က
ပို၍လူစိတ် ၀င်စားနိုင်ဖွယ်သတင်းဖြစ်သည်။ လူဦးရေလျော့ပါးခြင်းသည် အိတ်ခ်ျအိုင်ဗွီပြန့်နှံ့လာခြင်းနှင့်
ဆက်စပ်နေသည်။ သို့သော် လူကြီးနှင့်လူငယ်များသည် အိတ်ခ်ျအိုင် ဗွီကူးစက်ခံရသော်လည်း
အေအိုင်ဒီအက်စ်နှင့်ဆက်စပ်သော ဖျားနာသူများသာ သေဆုံးခြင်းနှင့်ရင်ဆိုင်
ရကြောင်းစသည်တို့ကို ရှင်းလင်းတင်ပြနိုင်သည်။
ဇာတ်လမ်းများဖန်တီးရန် အကြောင်းအရာများကို စဉ်းစားသော အခါ ပရိသတ်ကိုလိုက်၍
ဘယ်အမျိုးစားသောပရိသတ်သည် ဘယ်လိုချဉ်းကပ်ရေးသားသော အကြောင်း အရာများကို
ပို၍နားထောင်ရန်၊ ဖတ်ရန်စိတ်ဝင်စားကြောင်း သိဖို့လိုသည်။
- သင်တင်ပြသောဇာတ်လမ်းသည် သတ်မှတ်ထားသောအစီအစဉ်အတွင်း
အကျူံးဝင်မ၀င်
- သင်တင်ပြလာ သောဇာတ်လမ်းသည် သတ်မှတ်ထားသောဘောင်အတွင်း၌
ရေးသားရုံမက သတင်းအတို အရှည်ကိုလည်း သတိပြုရန်လိုသည်။ နံနက်ပိုင်းလက်ရှိအခြေအနေ
အစီအစဉ်တင်ဆက်မှုသည် သေသေချာချာ
စီစဉ်တင်ဆက်ရန်လိုသည်။ နေ့လည်ပိုင်းသတင်းသည် ပေါ့ပေါ့ပါးပါး
ဖျော်ဖြေတင်ဆက်ခြင်းမျိုး ဖြစ်သင့်သည်။ ထို့နောက်
ကျွမ်းကျင်သူများစီစဉ်ထုတ်လုပ်သည့် ပညာပေးဇာတ်လမ်းများသည်လည်း ပရိသတ်အတွက် ကောင်း မွန်သည့်အစီအစဉ်များဟု
ဆိုနိုင်သည်။ ပုံနှိပ်သတင်းမီဒီယာများအတွက်မူ တနေ့တာ သတင်းသည် ပုံစံတူပရိ သတ်အတွက်
သတင်းကွပ်လပ်ဖြည့်နိုင်သည့် ပမာဏအပေါ်မူတည်၍ ရေးသားနိုင်သည်။ အကယ်၍ သင်၏
ဇာတ်လမ်းသည် သတင်းသက်သက်မဟုတ်ပဲ သတင်းဆောင်းပါးအနေဖြင့် ပရိသတ်ကိုပို၍
ဆွဲဆောင်နိုင် သည်ဟုဆိုပါက သင့်အနေဖြင့် အဓိကအချက်အလက်များ၊ နေ့စဉ်ဖြစ်ပွားနေသည့်
ဖြစ်စဉ်များဖြင့် စတင်ရေး သားကာ နောက်ပိုင်းတွင်မှ လိုအပ်သောအရောင်များ၊
ဓာတ်ပုံများဖြင့် သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြပါ။
နောက်အချက်သည် ဇာတ်လမ်းတူတပုဒ်အား မတူကွဲပြားသောပရိသတ်အတွက်
မတူကွဲပြားသော ရှုထောင့်များ မှ ချဉ်းကပ်ရေးသားခြင်းဖြစ်သည်။
၃။ မိမိရေးသားမည့် ရှုထောင့်ကိုရွေးချယ်ခြင်း
ဇာတ်လမ်းများကိုတင်ပြရာတွင် မရေမတွက်နိုင်သော
နည်းလမ်းပေါင်းစုံဖြင့် တင်ဆက်နိုင်သည်။ ဇာတ်လမ်းကို ရွေးချယ်ခြင်း၊
ရှုထောင့်ကိုရွေးချယ်ခြင်းတို့သည် မတူကွဲပြားသော စိတ်ဝင်စားမှု၊ တန်ဖိုး၊
အကျိုးအကြောင်း ဆီလျော်မှုနှင့် သတ်မှတ်ထားသောအစီအစဉ်ချထားမှုတို့ကြောင့်ဖြစ်သည်။
သတင်းထောက်များအနေဖြင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဇာတ်လမ်းများကို
ရေးသားတင်ဆက်ရာတွင် ဇာတ်လမ်းဖွံ့ထွားစေရန်အတွက် နည်းလမ်းများစွာရှိသည်။
ဥပမာအားဖြင့် - သတင်းစာ၌ ဖော်ပြရေးသားခြင်း၊ လူထုဆက်ဆံရေးရေဒီယိုများမှတင်ဆက်ခြင်း
စသည်တို့ဖြစ်သည်။ စာဖတ်သူအမျိုးအစား၊ နားသောတဆင်သူ ပရိသတ်အမျိုးစားတို့အပေါ်လိုက်၍
(ပရိသတ်၏ မတူသောဘ၀ပုံစံများ၊ ၀င်ငွေ၊ ပညာရေး၊ ဒေသကွဲပြားခြင်း) လည်းမူတည်သည်။
မြို့ပေါ်နေထိုင်သူ ပညာတတ်ပရိသတ်အနေဖြင့် ခက်ခဲရှုပ်ထွေးသော အကြောင်းအရာများ သည်
ထူးဆန်းသည်ဟုမဆိုနိုင်သော်လည်း သတင်းငတ်မွတ်ခေါင်းပါး သော၊ ပညာရေးအခြေအနေ အကန့်အသတ်ရှိသော
တောနေလူတန်းစားအတွက်မူ နားလည်ရန်အခက်အခဲများရှိနေသေးသည်။ ထို့ကြောင့်
မတူကွဲပြားသည့် စိတ်ဝင်စားမှုများသည် သက်ဆိုင်ရာလူနေမှုဘ၀များမှတဆင့်
ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ လိုအပ်သောအချက်အလက်များ မစုဆောင်းမှီ၊ ဇာတ်လမ်းအတွက်
ဘယ်လိုရှုထောင့်မှတင်ဆက်မည်။ မည်သည့်လမ်းကြောင်းမှ ဆက်သွားမည်ဆိုသည်ကို အကြမ်းဖျဉ်းတော့
ရွေးချယ်ရေးသားထားရန်လိုသည်။ သို့မှသာ သင့်အနေဖြင့် ဘယ်လိုအမြင်ဖြင့်ကြည့်မည်၊
မည်သူတွေနှင့် ဆက်သွယ်ရမည်၊ မည်သူတွေနှင့် စကားပြောဖို့လိုသည်ကို
ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုသို့လိုအပ်သော အချက်အလက်များကို စုဆောင်းနေစဉ် အတွင်း
သင့်အနေဖြင့် ဘယ်အချက်အပေါ်တွင် အထူးအာရုံစိုက်မည်ဆိုသည်ကို သေသေ ချာချာစဉ်းစား နိုင်မည်လည်းဖြစ်သည်။
သတင်းထောက်တို့ လုပ်ဆောင်သင့်သည်များမှာ -
- မျှတသောသတင်းအစီရင်ခံမှုများ ထုတ်လုပ်ရန်၊
- မိမိရှာဖွေထားသော နောက်ခံအချက်အလက်သတင်းများသည်
မှန်ကန်ကြောင်းသေချာပါစေ၊
- သတင်းများရေးသားရာတွင် နည်းလမ်းများစွာရှိသောကြောင့်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် သတင်းဇာတ် လမ်းများအတွက်
လွဲချော်မှုများရှိနိုင်သည်။ ဥပမာအားဖြင့် စီးပွားရေး (သို့) လူမှုရေး အမြင်ရှုထောင့်
မှစဉ်းစားရာတွင် အသုံးပြုသော ရည်ညွှန်းကိန်းအချက်အလက်များ (သို့) ကျင့်ဝတ်ပိုင်း ဆိုင်ရာအချက်
အလက်များ (သို့) မူဝါဒပေါ်လစီထုတ်ပြန်ကြေငြာချက်များ တခုနှင့်တခု မရောထွေးသွား ရန်လိုအပ်သည်။
သတင်းဇာတ်လမ်းရေးသားရာတွင် လူသားတို့အကျိုးရှိရာရှိကြောင်း
ရှုထောင့်မှအမြဲစဉ်းစားပါ။ သို့မှသာ မိမိ တင်ပြသည်ကို ပရိသတ်အနေဖြင့်
ဘာကိုထင်ဟပ်ဆိုလိုကြောင်း သဘောပေါက်နိုင်မည်ဖြစ်သည်။ ထိုအချက် များပေါ်တွင်မူတည်၍
တင်ပြမည့်လူပုဂ္ဂိုလ်တဦး၏ ဇာတ်လမ်းကို တင်ပြရပါမည်။ ထိုသို့ တင်ပြခြင်း သည်
ပရိသတ်ကို လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များကို
နားလည်သဘောပေါက်စေပြီး အနာ ဂတ်မျိုး ဆက်သစ်များအတွက်လည်း
တပြိုင်တည်းတွင်အကျိုးရှိစေသည်။
အကယ်၍ ရိုးရာသမားတော်များနှင့် ပျောက်စေဆရာများအကြောင်း (သို့) ထူးဆန်းသောကုထုံးများအကြောင်း
တင်ဆက်သည်ဆိုပါစို့၊ ဘယ်ကုထုံးသည် ရောဂါပျောက်ကင်းစေရန် လက်တွေ့သက်သေပြနိုင်ခြင်း
ရှိမရှိဆို သည့်ကိစ္စများအတွက် တိကျစွာပြောဆိုနိုင်သော သိပ္ပံပညာရှင်များ၊
ဆရာဝန်များ ထံမှမှတ်ချက်များဖြင့် သတင်း ကိုဘက်လိုက်မှုမရှိစေပဲ ရေးသားရမည်။
- မည်ကဲ့သို့သော မှားယွင်းယုံကြည်နေမှုမျိုးမဆို လူမှုနယ်ပယ်အတွင်း
ပျံ့နှံ့ကောင်းပျံ့နှံ့သွားနိုင်သည်ကို ထည့် သွင်းစဉ်းစားပါ။
ထိုသို့မှားယွင်းစွာယုံကြည်နေမှုများ ပျောက်ကွယ်စေရန် ဘယ်လိုဆောင်ရွက်နိုင်သည်ဆိုခြင်း
ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
၎။ မိမိအစီအစဉ် (အင်တာဗျုး) အတွက်
အလားအလာရှိသည့် တွေ့ဆုံမေးမြန်းမည့်လူကိုရွေးချယ်ခြင်း
သင့် ဇာတ်လမ်းအတွက် ကျွမ်းကျင်ပြီးအစွမ်းအစရှိ၊
အလားအလာရှိသည့် တွေ့ဆုံမေးမြန်းမည့် သူကိုရွေး ချယ်နေစဉ် သင်ဘာကိုရှာဖွေနေသနည်း။
ပင်ကိုယ်စွမ်းရည်ရှိသူ၊ အလားအလာရှိသူများအနေဖြင့် သူတို့မည် သည့် ဘာသာရပ်ကို
ရွေးချယ်ရမည်ဆိုသည်ကို သိနေပြီးဖြစ်သည်။ သို့သော် အရေးကြီးသည်မှာ ရှင်းရှင်းလင်း လင်းချိတ်ဆက်
မိမိတင်ပြတတ်ရန်လည်း လိုအပ်သည်။ သို့မှသာ သင်၏တင်ပြချက်သည် ပျင်းရိဖွယ်ဖြစ်မနေပဲ
အများသူငါစိတ် ၀င်တစား နားထောင်ကြမည်ဖြစ်သည်။
အလားအလာအစွမ်းအစရှိသည့်သူများ ဟုဆိုရာ၌
ပရိသတ်ကိုတင်ပြရာတွင် တုံ့ဆိုင်းနေခြင်း၊ အထစ်ထစ် အငေါ့ ငေါ့ဖြစ်နေခြင်းတို့ကို
ရှောင်ရှားနိုင်ရမည်။ ထို့အပြင် ပညာရပ်ဆန်လွန်းနေခြင်းကိုလည်း ရှောင်ရှားရမည်။ နောက်
ထပ်ရှောင်ရှားသင့်သည့်အချက်မှာ မိမိရွေးချယ်ထားသော တွေ့ဆုံမေးမြန်းမည့်သူအား
မည်သည့်အကြောင်းကိုမှ ကြိုတင်၍ ကတိပေးထားခြင်းမပြုပါနှင့်၊
ထိုသို့ကတိကြိုပေးထားမိသည့်တိုင် မိမိတွေ့ဆုံမေးမြန်းသူသည် အရည် အသွေးမရှိ၍
အလုပ်မဖြစ်သည့်အခါတွင် တွေ့ဆုံမေးမြန်းချက်၌ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်များ၊ ကသိ ကအောက်ဖြစ်ရသည်များ
ပါနေပါကလည်း အလုပ်မဖြစ်နိုင်ပေ။




