14
Nov

သတင်းသမားတွေ HIV ဝေဒနာရှင်တွေနဲ့ ပတ်သက်လို့ လိုက်နာရမှာတွေ

HIV/AIDS ရောဂါနဲ့ပတ်သက်ရင် မြန်မာ သတင်းမီဒီယာတွေ ရေးသားထုတ်လွှင့်ရာမှာ အမှားအယွင်း နည်းနိုင်ဖို့၊ ဝေဒနာရှင်တွေကို ထုတ်ဖော်ရေးသားရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ၊ အသုံးအနှုန်းတွေကို သိဖို့ UNAIDS နဲ့ Internews တို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

HIV/AIDS ဆိုင်ရာ ကျန်းမာရေးဆောင်ရွက်နေတဲ့ UNAIDS ကပေးချင်တဲ့ အဓိက အချက်အလက်တွေကို သတင်းမီဒီယာသမားတွေ ရပြီး ဒီရောဂါအကြောင်း တစ်နိုင်ငံလုံးကို ရေးသားတင်ပြတဲ့အခါ ကောင်းမွန်ထိရောက်သွားဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ Michael Pan က ပြောပါတယ်။

ရန်ကုန်မြို့ Summit ParkView ဟိုတယ်မှာ ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ HIV ရောဂါဝေဒနာ ခံစားနေရသူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အရေးကြီးပြီး မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ ဖယ်ကျဉ်ထားမှုတွေကို စာရင်းပြုစုပြီး ကာယကံရှင်တွေရဲ့အသံကို နားထောင်ရင် ပိုပြီး တုံ့ပြန်မှုတွေ ရနိုင်မယ်လို့ UNAIDS က ဒေါ်အေးအေးနွယ်က ဆိုပါတယ်။

HIV ကူးစက်ခံထားရသူတွေ အဓိကရင်ဆိုင်နေရတာက ခွဲခြားဆက်ဆံခံရမှုဖြစ်ပြီး သူတို့ကို ခွဲခြားဆက်ဆံတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို ဝေဒနာရှင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ အလုပ်ရဖို့၊ ကျောင်းတက်ဖို့ သွေးဖောက် စစ်တာလည်း ဒီချိုးဖောက်မှုမှာ ပါဝင်တယ်လို့ ပြောလာသူက မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးဉာဏ်ဇော်ပါ။ မည်သူမဆို လူ့အခွင့်အရေး ချိုးဖောက်ခံရရင် တိုင်ကြားလို့ရပြီး စုံစမ်း အရေးယူသွားမယ်လို့ သူက ဆိုပါတယ်။

ကမာရွတ်သတင်းသမားတွေ HIV ဝေဒနာရှင်တွေနဲ့ ပတ်သက်လို့ လိုက်နာရမှာတွေ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top