2
Sep

သတင်းအချက်အလက်တွေကို လှုပ်ရှားမှုအသွင်ပြောင်းရေး နည်းနာ ၁၀ချက်

သတင်းအချက်အလက်တွေကို လှုပ်ရှားမှုအဖြစ်အသွင်ပြောင်းနိုင်ဖို့ နည်းနာဆယ်ချက်ပါဝင်တဲ့ နည်းပညာ အထောက်အကူပြု ပစ္စည်းတွေကို Tactical Technology Collective က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အင်တာနက်စာမျက်နှာ   (www.informationactivism.org/my/) မှာလည်း  ကြည့်ရှုနိုင် ဒေါင်းလုပ်ရယူနိုင်ပါတယ်။  

အရေးတော် တစ်ရပ် ကို လူတွေ အာရုံစိုက်လာဖို့၊ ဆက်စပ် ပတ်သက်လာဖို့၊ လူ့ အခွင့်အရေး ကိစ္စ ဆော်သြစည်းရုံးတဲ့သူတွေ ကိုယ်ပိုင်ဟန် နဲ့ လုပ်တတ်ကိုင်တတ်ဖြစ်လာအောင် ဒီ နည်းပရိယာယ် ၁၀ ရပ် က လုပ်ပေးပါတယ်။  ဒီ ထဲမှာ မိနစ် ၅၀ စာ သတင်းမှတ်တမ်း ရုပ်ရှင်လည်း ပါပါတယ်။  သတင်းအချက်အလက် ကို အားယူပြီး ကမ္ဘာတ၀ှမ်း က လှုပ်ရှားကြတဲ့ စိတ်အားတက်ကြွစရာ အကြောင်းအရာ တွေ ကို ရိုက်ထားတာပါ။  ပြီးတော့ ကဒ်ပြား တစ်စုံလည်း ထည့်ထားပါတယ်။  ဒီ ကာဒ်ပြားတွေ မှာ နည်းနာတွေ၊ လွယ်လွယ်လုပ်လို့ ရတာတွေ၊ အကြံဥာဏ်တွေ ပါတယ်။  သတင်းအချက်အလက် ကို အားယူ လှုပ်ရှားဖို့ စီမံကိန်းတစ်ရပ်ချတဲ့အခါ၊ လုပ်ရကိုင်ရ လွယ်ကူအောင်လို့ပါ။

အယူအဆတွေ ကို အကောင်းဆုံး ဘယ်လို ဖြန့်မလဲ ပြောရာမှာ နည်းပရိယာယ် ဆယ်ရပ် ဟာ လက်စွဲ စာအုပ်တစ်အုပ် ဖြစ်ပါတယ်လို့ BBC Click အစီအစဉ်က ဆိုပါတယ်။  the Ecologist အီကိုလောဂျစ်စ် မဂ္ဂဇင်းကတော့ မဖြစ်မနေကြည့်ရမယ့် ရုပ်သံမှတ်တမ်းတခုပဲလို့ ညွှန်းပါတယ်။ Infochange india ကတော့ ရဲဝံ့တဲ့ နည်းပညာလောကသစ်မှာ ထူးခြားတဲ့ မှတ်တိုင်ပါပဲလို့ ခေါ်ဆိုပါတယ်။  

ဒီ ရုပ်သံမှတ်တမ်းကို ဘာသာစကား ၂၀ ကျော်နဲ့ အောက်ခြေ စာတမ်းထိုးပေးထားပါတယ်။  ဒါစေတနာ့ဝန်ထမ်းတွေက လုပ်ပေးကြတာပါ။   ရုပ်ရှင်ကို နိုင်ငံပေါင်း ၆၀ကျော်မှာ အကြိမ်ပေါင်း ၂၀၀ကျော် ပြသပြီးခဲ့ပါပြီ။

၂၀၀၉ ခုနှစ်က နိုင်ငံတကာက နည်းပညာသမားတွေ တက်ကြွလှုပ်ရှားသူတွေ ဒီဇိုင်းသမားတွေ ဆုံကြပြီး အတွေ့အကြုံတွေ ဗဟုသုတတွေ မျှဝေခဲ့ကြတဲ့”info-activism camp” တွေ့ဆုံပွဲကနေ ဒီအစီအစဉ်အတွက် စိတ်ကူးတွေ လိုအပ်သမျှပစ္စည်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။ သတင်းနည်းပညာလှုပ်ရှားမှုတွေက အောင်မြင်ခဲ့တဲ့ အကြောင်းတွေကနေ တခြားသူတွေကိုလဲ အထောက်အကူဖြစ်အောင် အားကျဆွဲဆောင်နိုင်အောင် မှတ်တမ်းတင်ဖို့ Tactical Tech က ဆုံးဖြတ်ခဲ့ပါတယ်။

 ဒီစီမံကိန်းကို စီမံခန့်ခွဲတဲ့ တန်ညာ နော့တ်လေ က - “ဒီဖြစ်ရပ်တွေက အခြားလူတွေကို လှုပ်ရှားတက်ကြွစေမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ဒီဗီဒီယိုနဲ့ကဒ်တွေက အလွယ်မရနိုင်တဲ့ နောက်ခံသတင်း အချက်အလက်တွေကို အသေးစိတ် ပံ့ပိုးပေးပါတယ်။ လူတွေကလဲ သူတို့ ဒစ်ဂျစ်တယ် လှုပ်ရှားမှုရဲ့ကုန်ကျစရိတ်တွေ၊ ဘယ်ပစ္စည်းတွေကို သုံးတယ်၊ ဘာအရည်အချင်းတွေလိုတယ်၊ ဒေသခံတွေပါဝင်မှုတွေက ဘာဆိုတာနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျပြောထားတဲ့အကြောင်း တန်ညာက ဆက်ပြောဆိုပါတယ်။ “ဒီသတင်းအချက်အလက်တွေဟာ ကိုယ့်လှုပ်ရှားမှုအတွက် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်  ဖေါ် ပံ့ပိုးရာမှာ  မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေလည်း အသုံးဝင် နိုင်လောက်မယ်လို့ မျှော်လင့်ပါတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top