အမေရိကန်သားဖွား မီးယပ် ကောလိပ်က သဘာဝမဟုတ်တဲ့
လိင်ဆက်ဆံမှုကြောင့် ကျန်းမာရေးအန္တရာယ် တွေကို ၂၀၀၈ခုနှစ် စက်တင်ဘာလထုတ် သားဖွာနဲ့
မီးယပ်စာစောင်မှာ ဖေါ်ပြထားပါတယ်။
သဘာဝမဟုတ်တဲ့ ဆက်ဆံမှုတွေက အပြန်အလှန်
အာသာဖြေပေးခြင်း၊ ပါးစပ်နဲ့ဆက်ဆံခြင်း၊ စအိုနဲ့ဆက်ဆံခြင်း၊ ပစ္စည်းအတုနဲ့
ဆက်ဆံခြင်း စသည်တို့ဖြစ်ပြီး ဒီနည်းတွေ ကျင့်သုံးတဲ့အတွက် လိင်ဆက်ဆံမှုကြောင့်ရတဲ့
ကူးစက်ရောဂါတွေ STD နဲ့ ကိုဝန်ရသွားနိုင်တာတွေကို တားဆီနိုင် မယ်လို့ တွေးထင်
မျှော်လင့်ကြပါတယ်။ အမျိုးသမီတွေအနေနဲ့ ကိုယ်ဝန်တော့ မရနိုင်ပေမဲ့ လိင်ဆိုင်ရာ
ကူးစက်ရောဂါတွေ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ STD တွေဟာ တံတွေး၊ သွေး၊
ယောနိအရည်၊ သုတ်မစင်တို့ကတဆင့် ကူးစက်နိုင်လို့ ဖြစ်ပါတယ်။ အထူးသဖြင့်
ပွန်းပဲရာတွေ အနာတွေ ရှိထားရင် ပိုးကူးစက်နိုင်ပါတယ်။ မိန်းမချင်း
လိင်တူဆက်ဆံမှုကနေ STD တွေ ကူးစက်နိုင်ပါတယ်။
စအိုနဲ့ဆက်ဆံတာဟာ သဘာဝနည်းအတိုင်း ယောနိနဲ့
ဆက်ဆံတာထက် ငါးဆပိုပြီး အခံသမားမှာ ကူးစက်နိုင်ပါတယ်။ရေယုန် ဗိုင်းရပ်ပိုး (HSV-1/
HSV-2)တွေဟာ ပါးစပ်ကိုရော လိင်အင်္ဂါတွေကိုရော ကူးစက်နိုင်ပါတယ်။ ကြွက်နို့
ဗိုင်းရပ်ပိုး HPV ဟာ လိင်အင်္ဂါကင်ဆာ၊ စအိုကင်ဆာ၊ ခံတွင်းကင်ဆာတွေ ဖြစ်နိုင်သလို
လိင်င်္ဂါ၊ စအိုပါးစပ်တွေမှာ ကင်ဆာမဟုတ်တဲ့ ကြွက်နို့တွေလဲ ဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့ ပါးစပ်ထက်စာရင် လိင်အင်္ဂါတွေကို ပိုပြီးတော့ ကူးစက်နိုင်ပါတယ်။
သဘာဝမဟုတ်တဲ့ ဆက်ဆံမှုကြောင့် သုတ်၊ တံတွေးနဲ့
မစင်ကတစ်ဆင့် ကူးစက်မှုများတာက အသဲရောင် အဟားဝါ ဘီပိုးဖြစ်ပြီး အသည်းရောင် အသားဝါ
အေပိုးကတော့ စအို-ပါးစပ်လမ်းကြောင်း ကနေ ကူးစက်လေ့ရှိပါတယ်။ အသဲရောင် အသားဝါ
စီပိုးကတော့ လိင်ဆက်ဆံမှုကနေ ကူးစက်တာနည်းပေမဲ့ ဘီပိုး၊ အိတ်ခ်ျအိုင်ဗွီပိုး၊
ကူးစက်ထားသူတွေမှာ လိင်အင်္ဂါ-ပါးစပ်လမ်းကြောင်းကနေ ကူးစက်နိုင်ပါတယ် သဘာဝမဟုတ်တဲ့
လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်ပိုးမဟုတ်တဲ့ တခြား STD တွေကတော့
ဆစ်ဖလစ်၊ ဂနိုရီးယားခေါ် ဆီးပူး ညောင်းကျ ရောဂါနဲ့ ခလယ်မီးဒီးယားခေါ် မှိုစွဲ
အဖြူဆင်း ရောဂါတွေဖြစ်ပြီး ရှန်ကရွိုက်ခေါ် ဆစ်ဖလစ်ယောင်ယောင် ရောဂါ၊ ရှီဂဲလားပိုး
ဝမ်းကိုက်ရေဂါနဲ့ ဆယ်လ်မွန်နဲလားပိုး အစာအဆိပ်သင့် ရောဂါ ( အထက်လှန် အောက်လျော)
ရောဂါတို့ကိုလဲ ရှားရှားပါးပါး တွေ့ရပါတယ်။
ဒီရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကွန်ဒုံ
သုံးတာ၊ အဖေါ်တစ်ယောက်တည်းနဲ့ သစ္စာရှိရှိ လိင်ဆက်ဆံတာ လုပ်သင့်ပါတယ်။
တခြားကာကွယ်ရေး နည်းလမ်းတွေကတော့ လိင်ဆက်ဆံမှုကို လုံးဝရှောင်ကြဉ်တာ၊ တစ်လင်တစ်မယား
စနစ်ကျင့်သုံးတာ ပိုအန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းကိုသုံးတာ STD ပိုးရှိမရှိ
ဆေးစစ်တာတို့ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ လေ့လာမှုတစ်ခုအရ ၁၅နှစ်နဲ့
၁၉နှစ်ကြား အမျိုးသမီး ၅၄ရာခိုင်နှုန်းတဲ့ ယောက်ျား ၅၅ရာခိုင်နှုန်းဟာ ပါးစပ်နဲ့
လိင်ဆက်ဆံဖူးပြီး အမျိုးသား၊ အမျိုးသမီး ၁၁ရာခိုင်နှုန်းကတော့ ဆန့်ကျင်ဘက်လိင်နဲ့
စအိုသုံးပြီး လိင်ဆက်ဆံဖူးတာ တွေ့ရပါတယ်။ အပျိုစင်၊ လူပျိုစင် မဟုတ်သူတွေအတွက်
သဘာဝမဟုတ်တဲ့ နည်းတွေနဲ့ လိင်ဆက်ဆံဖို့ အလားအလာ ပိုများတာလဲ တွေ့ရပါတယ်။




