12
Jul

သဘာဝအတိုင်းပဲ ကောင်းပါတယ်

ဆေးရည် တစက်နှစ်စက်လောက် ထည့်စမှာ စပ်ဖျင်းဖျင်းနဲ့ ပူစပ်ပူလောင်
ဖြစ်ပေမယ့် တကယ်ပဲ အတွင်းသား တွေကို အသားတက်စေပြီး အတွင်းဆွဲအား
ပြင်းလာတဲ့အတွက် အမျိုးသားတွေကို ကျေနပ်စေတယ်လို့ မဗေဒါက ပြောပါတယ်။

မဗေဒါလို အမျိုးသား တွေနဲ့ အလုပ်သဘောအရ လိင်ဆက်ဆံနေကျ သူတွေအတွက်ကတော့ အပျို ပြန်ဖြစ် ဆေးလို့ အလွယ်တကူ ခေါ်နေကြတဲ့ LADY A VERGIN (Tightening Liquid) ဆေးရည်ကို မကြာခဏ ၀ယ်ယူ သုံးစွဲနေကျဖြစ်ပါတယ်။

တခါသုံးရင်
ဆေးရည် ၃ စက်လောက်ပဲ မိန်းမအင်္ဂါထဲကို ထည့်ရတာ။ အနံ့ကလည်း သင်းသင်းလေး
မွှေးတယ်။ ဒါပေမယ့် စပ်ဖျင်းဖျင်းတော့ ဖြစ်တယ်။ ဆေးရည်ထည့်ပြီး အနည်းဆုံး ၎
မိနစ်၊ ၅ မိနစ်လောက်နေမှ လိင် ဆက်ဆံလို့ရတာ” လို့ မဗေဒါက ရှင်းပြတယ်။

ဆေးရည်သုံးစွဲပြီး
လိင်ဆက်ဆံတဲ့အခါမှာ မိန်းမအင်္ဂါအတွင်းသားတွေက ဆေးရည်ကြောင့်
အသားတက်လာပြီး ကျုံ့ချင်၊ ရုန်းချင်သလို ဆွဲအား ကောင်းလာတဲ့အပြင် မိန်းမ
အင်္ဂါဝဟာလည်း လိင် ဆက်ဆံဖူးသူနဲ့ မတူဘဲ ပိတ်နေတာကြောင့် အမျိုးသားတွေ အဆင်ပြေ ကျေနပ်လေ့ရှိတယ်လို့ မဗေဒါက ဆက်ပြောပြတယ်။

အသက် ၃၀ ၀န်းကျင်အရွယ် မဗေဒါဟာ ၂၀၀၆ ခုနှစ် ကတည်းက လိင်အလုပ်သမ ဘဝနဲ့ အသက်မွေးခဲ့သူ ဖြစ်ပြီး တခုလပ်တဦး ဖြစ်တယ်လို့ သိရပါတယ်။

“ကလေး
နှစ်ယောက်၊ သုံးယောက် မွေးဖူးတဲ့ သူတွေတောင် ဒီဆေးသုံးထားရင်
ပိတ်ကုန်တယ်။ အပျိုစင်လောက် မဟုတ် ပေမယ့် နဂိုမူလထက်တော့
ပိုပြီးကျဉ်းသွားတာ အမှန်ပဲ။ လိင်ဆက်ဆံတဲ့ ကြိမ်ရေ ဘယ်လောက်ပဲ များများ
ဒီဆေးသုံးရင် အေးအေးဆေးဆေးပဲ” လို့ မသိင်္ဂီကလည်း ပြောပြတယ်။

အသက်
၄၀ ခန့်အရွယ် မသင်္ဂီဟာ ကလေး ၂ ယောက် မိခင်ဖြစ်ပြီး အိမ်ထောင် သာယာရေးအတွက်
ဒီ ဆေးရည် ကို ရံဖန်ရံခါ သုံးစွဲကြည့်သလို၊ သူ့ ခင်ပွန်း ဖြစ်သူကလည်း
သဘောကျတယ်လို့ ဆိုပါတယ်။ အဲဒီ
ဆေးရည်ကို ရန်ကုန်မြို့က ကွန်ဒုံး   ရောင်းလေ့ရှိတဲ့ လမ်းဘေး
ကွမ်းယာဆိုင်တွေနဲ့ ဆေးဆိုင်ကြီး တချို့မှာ “အပျိုပြန်ဖြစ်ဆေး” ဆိုပြီး
မေးဝယ်ရင် ရတယ်လို့ သိရပါတယ်။

အဲဒီ
ဆေးရည်ဟာ ဈေးကွက်ထဲကို ၂၀၁၀ ပြည့်နှစ်အတွင်း နယ်စပ်ကတဆင့် တရားမဝင်
ဝင်ရောက်ခဲ့တာ ဖြစ်ပြီး မကြာခင်နာမည်ကြီး သွားတယ်လို့ ရန်ကုန်
ဆေးအရောင်းဆိုင်ကြီး တဆိုင်က ပြောပါတယ်။

“အရမ်းရောင်းနေရတယ်။
ဈေးလည်း သက်သာတော့ သုံးနေတဲ့ သူတွေက ပစ္စည်းပြတ်ကုန်မှာ စိုးလို့
ပါကင်လိုက်၊ ဘူးလိုက် လိုက်ဝယ်ကြတယ်။ အိမ်ထောင်ရှိ အမျိုးသား တွေကလည်း
အိမ်က မိန်းမအတွက် လာဝယ်ကြတယ်” လို့ ဆေးအရောင်းဆိုင် တဆိုင်က ဆိုပါတယ်။

အဲဒီ LADY A VERGIN (Tightening Liquid) ဆေးရည် ဈေးနှုန်းတွေဟာလည်း အနိမ့်ဆုံး ကျပ် ၇၀၀ ကနေ ကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀၊ ကျပ် ၃၀၀၀ ဆိုပြီး အစားစား ရှိပါတယ်။ ဆေးဗူးမှာတော့ Special formula PARIS လို့ ပါရှိပြီး ဆေးရည်တဘူးမှာ 6 ml ပါဝင်ပါတယ်။ တဘူးဝယ်ရင် ၅ ကြိမ်လောက် သုံးစွဲနိုင်တယ်လို့လည်း သိရပါတယ်။

လိင်အလုပ်သမတွေက ဒီဆေးကို ပုံမှန် သုံးစွဲလေ့ ရှိပေမယ့်လည်း ဆေးရည်နဲ့ မတည့်တဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ရှိကြပါတယ်။

“ကျမကတော့
အဲဒီဆေးနဲ့ လုံးဝမတည့်ဘူး။ ဆေးရည်ဝင်သွားရင် ယောင်ကိုင်းလာတာပဲ။ကီးမို့စ်သောက်မှ ပျောက်တော့တယ်။    တည့်တဲ့ သူတွေကတော့ အဆင်ပြေတာပေါ့။
မတည့်တဲ့ သူတွေလည်း ရှိတာပဲ” လို့ မသရဖီက ပြောပါတယ်။

မသရဖီ
ကတော့ ရန်ကုန်မြို့လယ် အနှိပ်ခန်းတခုက ဖြစ်ပါတယ်။ သူက လူရွေး ဆက်ဆံသလို
ဈေးနှုန်းလည်းမြှင့်ထားတဲ့ အတွက် လိင် ဆက်ဆံဖော် နည်းတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အနှိပ်ခန်းက တခြား မိန်းကလေး တွေကတော့ အဲဒီ   ဆေးရည်ကို
ဝယ်ယူသုံးစွဲကြပြီး တည့်သူ ရှိသလို၊ မတည့်တဲ့ သူတွေလည်း ရှိတယ်လို့ သူက ပြောပြပါတယ်။

ဆေးရည်နှင့် မတည့်တဲ့ အမျိုးသမီးတွေ ရှိသလို တချို့ အမျိုးသားတွေလည်း အဲဒီ ဆေးရည်နဲ့ မတည့်ကြဘူးလို့ သိရပါတယ်။

အဲဒီ
ဆေးရည်နဲ့ ဓာတ်မတည့်တဲ့အခါယားတာ၊ ယောင်ယမ်းတာ၊ အပူလောင်သလိုအသားနီလန်တာမျိုးတွေ ဖြစ်တတ်ပြီး   ဆေးခန်းရောက်ရ သူတွေလည်း ရှိကြပါတယ်။

“လူပြောများလို့
မိန်းမတွက် တဘူး ၀ယ်ပေးလိုက်တာ။ ကျနော်တို့ လင်မယား နှစ်ယောက်စလုံး
ဆေးခန်း ပြေးရတယ်။ မတည့်ဘူး၊ ယောင်လာလို့။ မိန်းမဆို ကြောက်ပြီး ဖျားတောင်
ဖျားတယ်” လို့ ရန်ကုန် ဒေသခံ အိမ်ထောင်ရှင် အမျိုးသား တဦးက ဆိုပါတယ်။

အဲဒီ
ဆေးရည်ထဲမှာ အတွင်းအင်္ဂါသားတွေကို ပွစေ၊ ကျုံ့စေ၊ ရုန်းစေတဲ့
ဓာတုပစ္စည်းတွေ ပါဝင်ပြီး မိန်းမတွေရဲ့ အတွင်း အင်္ဂါ အသားနုကို ထိခိုက်
စေနိုင်တာကြောင့် မသုံးစွဲသင့်ဘူးလို့ အထွေထွေရောဂါကု ဆရာဝန်ကြီး တဦးက
ပြောပါတယ်။

“ဒီလို
ဆေးမျိုးတွေက ဘေးထွက်ဆိုးကျိုး များတယ်။ မိန်းကလေးတွေရော၊ ယောက်ျားတွေ
အတွက်ပါ မကောင်း ပါဘူး။ မကြာခဏ သုံးရင်တော့ မိန်းမရဲ့ အင်္ဂါ အတွင်းသားတွေကို
ထိခိုက်လာမယ်၊ သူ့အဖော် အမျိုးသားရဲ့ လိင်တံ အတွင်းသား ထိပ်လည်း
ထိခိုက်လာမှာပဲ။ သဘာဝ အတိုင်းပဲ ကောင်းပါတယ်” လို့ အဲဒီ ဆရာဝန်ကြီးက
ရှင်းပြပါတယ်။

ကြည်ဝေ

ဧရာဝတီဘလော့မှကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top