10
Feb

သမီးကို ဘယ်လို ပြောရမလဲ နှင့် HIV ပိုးကို အံတုနိုင်ခဲ့ပြီ

လှိုင် (PEER)

စာမူ ခွင့်ပြုချက် အမှတ် -
၄၀၁၂၀၀၁၀၁၀

ထုတ်ဝေတိုက် - သောကြာ စာပေ

တန်ဖိုး - ၃၀၀၀ ကျပ်

 

ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့
အေအိုင်ဒီအက်စ်နေ့ ( World Aids Day ) အဖြစ် တစ်ကမ္ဘာလုံး ကျင်းပခဲ့ရာက ၂၀၁၀
ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဆိုရင် (၂၃) ကြိမ် မြောက်ပြီမို့ အဲဒီနေ့ အမီ HIV/
AIDS ဆိုင်ရာ ဗဟုသုတ အတွေ့အကြုံ တွေကို စာဖတ်သူတွေ သိစေဖို့ ရည်ရွယ်တယ်လို့ စာ ရေးသူက
ဆိုပါတယ်။

 

ပထမဦးစွာ စာရေးသူရဲ့ ဘဝ အတွေ့အကြုံ
အပြင် HIV ပိုး ကူးစက်ခံ ထားရမှန်း မသိရှာ သေးသော ရင်သွေးငယ် သမီးကို
အဲဒီအကြောင်းကို ပြန်မပြောရက် ဖြစ်နေတဲ့ မိဘတစ်ဦးရဲ့ ခံစားချက်ကို ရေး သား
ထားတာပါ။

 

ဒီအချိန်မှာ ကလေးအရွယ် ဖြစ်လို့
နားမလည် သေးပေမယ့် နောင်အရွယ် ရောက်လာတဲ့အချိန်မှာ မေးလာမယ့် မေးခွန်းတွေကို
ဘယ်လို ပြန်လည် ဖြေကြားရမယ် ဆိုတာကို စိုးရိမ်နေတဲ့ မိဘရဲ့ စိုးရိမ် စိတ်၊ သမီးကို
HIV ပိုးနဲ့ လူ့ဘဝထဲကို ခေါ်ယူ ခဲ့မိပြီး မိဘဆိုးမွေကို ဆက်ခံစေ ခဲ့တာကြောင့်
ကိုယ့် ကိုယ်ကိုယ် အပြစ်တစ်ခုလို့ ယူဆနေတဲ့ ယူကြုံးမရတဲ့ ခံစားချက်တွေက စာရေးသူ လှိုင်
(PEER ) ရဲ့ ဖခင်စိတ်ဓာတ်ကို ထင်ဟပ်စေပါတယ်။

 

HIV ရောဂါပိုး ကူးစက်ခံရသူ တွေဟာ
အသက်ရှိစဉ်က ခွဲခြားဆက်ဆံမှုကို တွေ့ကြုံရသည် သာမက သေဆုံးချိန် သည့်တိုင်
ခွဲခြားဆက်ဆံ ခံရသော မိတ်ဆွေ တစ်ယောက်၏ အဖြစ်တစ်ခု အကြောင်းကို "ဘဝဆုံးလည်း
ခွဲခြားတုန်းပဲ" ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုရပါလိမ့်မယ်။ အလှအပ မက်မောတဲ့
မိန်းက လေးတစ်ဦး ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကာ ၂ နှစ် နီးပါးအကြာ
အိမ်ထောင်ပြိုကွဲ သွားရာမှ ဒုတိယ အိမ်ထောင် ပြန် ထူထောင်ခဲ့ပုံ၊ ကလေး
ကိုယ်ဝန်ရှိချိန် ဆေးစစ်ချက်မှာတော့ HIV ရောဂါပိုး ကူးစက်တာကို သိခဲ့ရပုံ၊ ကလေး
နို့တိုက်တဲ့အခါ ရောဂါကြောင့် ကလေးပါးစပ်ရှိ မက်ခရုတွေကြောင့် နို့မစို့နိုင်တဲ့
ကလေးကို ကြည့်ကာ နောင်တရခဲ့ပုံ စတဲ့ မိခင်တစ်ဦးရဲ့ ခံစားချက်တွေကို
"မေ့မေ့အမှားပါ သမီးလေးရယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသား ထားပါတယ်။

 

ဆောင်းပါးပေါင်း ၂၆၁ ပုဒ်ကို
စုစည်း ထုတ်ဝေထားတဲ့ အဆိုပါ စာအုပ်ရောင်းရတဲ့ငွေနဲ့  HIV ရောဂါပိုး
ကူးစက်ခံရတဲ့ မိဘမဲ့ကလေး ၁၀ ဦးကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

The
Voice Weekly - သမီးကို ဘယ်လို ပြောရမလဲ နှင့် HIV ပိုးကို အံတုနိုင်ခဲ့ပြီ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top