(အေအိုင်ဒီအက်စ်
ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကဲ လာဗျာ ထိုင် ကိုသားကြီး၊
ခင္ဗ်ားသေဘာၤသီးစားမလား၊
သဘောင်္သီးစားတယ်၊ အိမ်မှာရှိတယ်
ငှက်ပျောသီးရော
တော်ပြီ မဆာဘူး၊
ခင်ဗျား
မန္တလေးရော မသွားဖြစ်ဘူးလား၊ ခင်ဗျားက မန္တလေး မှတ်ပုံတင်နဲ့လေ၊ ARVက အခက်အခဲ
မရှိရမှာ။
အင်း
မသွားတာ မဟုတ်ပါဘူးဗျာ၊ အရင်တစ်ခေါက်သွား၊ သွေးစစ်၊ စာရင်းသွင်းပြီးကတည်းက
မထူတော့တာ၊ ခုချိန်ထိဘဲ။
ဘယ်လိုဖြစ်တာလဲ၊
ခုဆေးရုံကြီးက သူတို့ချိန်းတဲ့ရက် ပျက်ကွက်ရင် ရက်ချိန်းတွေ အဝေးကြီး ရွှေ့ခံရမယ်
ကြားတယ်။
အင်းမသွားချင်လို့
မဟုတ်ပါဘူး၊ မသွားနိုင်တာပါ၊ အခုဟာက ထမင်းကို မစားချင်ဘူး၊ ထမင်းကို မမြင်ချင်ဘူး၊
မတွေ့ချင်ဘူး၊ ထမင်းပွဲကို မကြားချင်ဘူး၊ ဘာရယ်လို့ မဟုတ်ဘူး၊ မုန့်ကလေး စားချင် စားလိုက်၊
နဲနဲပေါ့၊ မကုန်ဘူး၊ စပျစ်သီးလေး စားချင်စားလိုက်၊ သဘောင်္သီးလေး စားချင်စားလိုက်၊
အင်း အဲ ဟင်းတွေဘာတွေ မစားနိုင်ဘူး၊ ဆန်ပြုတ်တော့ သောက်ပါတယ်၊ လမ်းသွားရင်
အားမရှိဘူး၊ နောက်ပြန်ပြန်ဆွဲပြီး မူးကြောင် မူးကြောင်နဲ့၊ လဲမလို ဖြစ်နေတာ။
အိမ်မှာလား၊
အိမ်မှာကအမေရယ်၊ အမေအိုတစ်ယောက်၊ အဘွားတစ်ယောက်၊ အဘွားက (၈၂) နှစ်ထင်တယ်။
အမတစ်ယောက်၊ အမက သမီး(၂) ယောက်၊ တစ်ယောက်က ရန်ကုန်မှာ၊ အိမ်မှာ (၅) ယောက်ပေါ့၊
အင်း သားသမီးက DSA ပထမနှစ်တက်နေတာ တစ်ယောက်၊ သမီးကြီးက…………မြို့မှာ သူအမေနဲ့
အတူနေတာ၊ သူက အလယ်တန်းပြ၊ သမီးအလတ်က ……….မှာလုပ်တယ်။ အဲဒီ အလတ် တစ်ယောက်ကပဲ
ပို့နိုင်တာပဲ၊ တစ်လတစ်သောင်းပို့နိုင်တယ်၊ စားဖို့သောက်ဖို့ပေါ့ဗျာ၊
ခြိုးခြံချွေတာ ပြီးတော့ စားရတာပေါ့၊ အိမ်ကလဲ ဈေးကရောင်း မကောင်းဘူး၊ စားမှုကို
မလွယ်ပါဘူးဗျာ၊ မှန်တာ ပြောရရင် အိမ်က အရင်ဟိုတလောက အအေး ရောင်းတယ်၊ အဲဒါကလဲ
မိုးရွာလိုက် အေးလိုက် ဆိုတော့ အရင်းကပြုတ်ရော၊ ဒါနဲ့ဘဲ ပြန်ပြီးတော့ ပူတင်းတို့၊
ငှက်ပျောပူတင်းတို့၊ ကျောက်ကျောတို့၊ တစ်ခါ အမက ပြန်ရောင်းပြန်ရော။
သူတို့က
ကြည်ဖြူလားဆိုရင် ဟိုဟာလေ မုန့်လေးစားနေတယ်ဆိုရင် ဦးလေးမုန့်စားပါအုံးလားလို့
မရှိဘူး၊ ကျွန်တော်အနေနဲ့ကတော့ မအောက်မေ့ပါဘူး၊ သေမဲ့သူပါ၊ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့
သူတို့ လုပ်တော့ သူတို့အပြစ်ပေါ့၊ အဲလိုပေါ့။ ကျွန်တော့်သမီးက ငွေပို့ရင် စားရတယ်၊
အဲဒါဘဲ။ အမကတော့ ထမင်းကတော့ ကျွေးတယ်လေ၊ ကျွန်တော်ကလဲ အစားကို မစားနိုင်ဘူး၊
နဲနဲဘဲ စားနိုင်တယ်။ ဟိုတုန်းက ကျွန်တော် အိမ်ထောင်နဲ့ ကွဲပြီးကတည်းက သူနဲ့
အတူတူနေတာပေါ့၊ အတူတူနေပြီးတော့ ကျွန်တော် ဒိုးတူဘောင်ဘက် လုပ်စားတယ်လေ၊
လုပ်စားရတယ်လေ၊ နဂိုက ကျွန်တော်က ကျောင်းဆရာလေ၊ ကြံခင်းတွေလဲ လုပ်တယ်။
ရွှေလီငအိုးတံတားဖက်မှာ အဲဒီမှာ (၁၃)နှစ်ကြာတယ်၊
ဒီပိုးရှိတယ်လို့သိတာ
ဘာကြာအုံးမှာလဲ၊ ၁နှစ်နဲ့ ၆လ ၇လလောက်ဘဲ ရှိသေးတာ၊ အင်းမိသားစုကလဲ အကုန်သိတယ်၊
တခါတခါ စိတ်မှန်တဲ့အခါကျရင် ကျွန်တော်ချက်တာပြုတ်တာ စားတယ်၊ တခါတလေကျရင်
ရွံတယ် ဘာညာပေါ့၊ အမရော တူမရော အဘွားရော အမေတစ်ယောက်ဘဲ၊ ဒါပေမဲ့ ဘယ်လိုမှန်းတော့
မသိပါဘူး၊ သူတို့စိတ်ထဲမှာ စားချင်ရင်လဲ စားတာဘဲ၊ ဟင်းကောင်းတဲ့ရက် စားတယ်၊
ခွဲခြားမှုတော့ ရှိတယ်၊ အမေ့တောင် တရားဟောထားရတာ၊ အမေရယ် မကူးပါဘူး၊ အမေဘာသာ နေပါ၊
အမေနဲ့ ကျွန်တော် ဒီအတိုင်းနေရုံနဲ့ မကူးပါဘူးလို့ အဲလိုပြောထားရတယ်။
ကြောက်ကြတာပေါ့လေ၊
ကျွန်တော် စိတ်မဆိုးဘူး၊ ကျွန်တော့်ကို ကြောက်တဲ့သူတွေ ရွံတဲ့သူတွေ၊
ကျွန်တော်ရဲ့ဝဋ်ကြွေးလို့ အဲလိုဘဲအောက်မေ့တာ၊ ကျွန်တော်မှ ဟိုဘဝက ရွံအောင်
ကြောက်အောင် လုပ်လာ မှာကိုး၊ အမေက ခုတော့ နဲနဲ အကြောက်လျော့လာတယ်။ ကိုယ့်ကိစ္စ
ကိုယ့်ဘာသာ လုပ်ရတယ်၊ လုပ်ပေးမဲ့ သူမှ မရှိတာကိုး၊ သူတို့လဲ ဘယ်ကိုင်ချင်မတုန်း၊
ကျွန်တော့်အဝတ်တွေ ဘာတွေ၊ အစားအသောက်တော့ ကိုယ်ကဘဲ ခွဲစားလိုက်ပါတယ်၊ သူတို့ရွံမှာ
စိုးလို့၊ နဂိုကတော့ မဟုတ်ပါဘူး၊ အခုလိုအနာတွေ တအားပေါက်လာမှ ခွဲလိုက်တာ။
အဲဒါဗျာ
မနေ့က သွေးကလဲ ဖေါက်ရခက်လိုက်တာ၊ သူနာပြုဆရာမတွေ ဘယ်လိုမှ ရှာမရဘူး ၊ အဲဒါ သူတို့
ဆရာဝန် သွားခေါ်တယ်၊ ဆရာကိုယ်တိုင် ဖေါက်ပေးမှ ရတော့တယ်။ ဒါမနေ့က သွေးသွင်း လိုက်လို့၊
ဆရာတို့ သွေးသွင်းပေးလိုက်လို့ နှုတ်ခမ်းလေး ဘာလေး ရဲနေတာ၊ အရင်က ဖြူဖပ်ပြီး
မသာရုပ်ကို ပေါက်နေတာ၊ ကိုယ့်ကိုယ်ကိုယ် အဲလိုကို ထင်ထားတာ။ ဒါပေမဲ့ စိတ်ကတော့
မလျှော့ ပါဘူး၊ သေတာ မသေတာက သူ့အပိုင်း၊ ကျွန်တော်ကျန်းမာအောင် နေတယ်၊
ကိုယ်နေတတ်ရင် ကောင်းတာဘဲလေ၊ ကျွန်တော်ဆို ဘယ်လောက်ထိ စဉ်းစားလဲဆိုရင် ARV ဆေးလေး
ဘာလေး သောက်လို့ ကျန်းမာလာရင်၊ အနာလေးဘာလေး ကင်းရှင်းသွားမယ် ဆိုလို့ရှိရင်၊
ဘုန်းဘုန်းကို ပြောပြီးတော့ ကိုရင်ကြီးဝတ်ပြီးတော့ ကျောင်းရဲ့ဝေယျာဝစ္စလုပ်ရင်း
နေလိုက် တော့မယ်လို့ စဉ်းစား ထားတာ။
ဟုတ်တယ်
မန္တလေးကို သွားနိုင်လိုက်ရင် အဲဒါကိုစောင့်ကြည့်နေတာ၊ ကျန်းမာလာမလားလို့၊
ကျန်းမာလာရင် ရောက်အောင်သွားမှာ၊ သွားပြီးတော့ ကျွန်တော် မဖြစ်ဖြစ်အောင်
ပြောပြမှာ၊ ဆရာဝန် တွေကို ကျွန်တော့်ကို မြန်မြန်လေး လုပ်ပေးကြဖို့၊ ဒီတပတ်
၂၄ရက်သွားမယ် အဖွဲ့နဲ့တော့ နီးလွန်း နေပြီ၊ လိုက်နိုင်မှာ မဟုတ်သေးဘူး။
အဲ
တရားထိုင်တာတော့ မလုပ်ဖြစ်ဘူး၊ ဘုရားကန်တော့တာ စိတ်ပုတီးစိတ်တာလောက် သာမန်ဘဲ၊ အရင်
တုန်းက လုပ်တယ်၊ အခုမလုပ်နိုင်ဘူး၊ ညောင်းလာတာ၊ အင်း ပြန်လုပ်မယ်၊ လုပ်လဲလုပ်ဖူး တယ်၊
အရသာလဲ သိတယ်၊ မလုပ်ဖြစ်တော့တာ။
ကျွန်တော်
ဒီမြို့မှာကြီးတာ မဟုတ်ဘူး၊ မန္တလေးမှာ မွေးတယ်၊ ၄ တန်းအောင်ထိ နေပြီးတော့ ဝက်လက်
ရောက်တာ၊ အမေကဝက်လက်သူ၊ ကောလိပ်ရောက်ပြီးတော့မှ မန္တလေးပြန်ရောက်တာ၊ ပြီးတော့……
မြို့သူနဲ့ အိမ်ထောင် ကျပြီးတော့ အဲဒီမှာ နေတယ်၊ နောက်ဆုံး ခုဒီရောက်တော့ ဒီမှာက
အပေါင်းအသင်း သိပ်မရှိဘူး၊ တစ်ယောက်ထဲ နေတာ များတယ်၊ အိမ်ကလဲ ချောင်ကျတယ်။
သြော်
ရန်ကုန်မှာနေတဲ့ တူမလား၊ သူကကောင်းတယ်၊ သူကခွဲခြားမှု မရှိဘူး၊ သူကနာ့စ်မ၊
ကိုယ်ချင်းစာတယ်၊ ဘယ်လိုကူးတယ် မကူးဘူးဆိုတာ အိမ်ကလူတွေကို ပြောပြတယ်၊
သူကိုယ်တိုင် ကလဲ ဒီလိုAIDS ရောဂါသည်တွေကို စပါယ်ရှယ်နာ့စ် လုပ်ဘူးတယ်၊ အဲတော့
သူကသိတယ်၊ အိမ်ကလဲ ဘယ်လိုမကူးဘူးဆိုတာ သိကြပါတယ်၊ ကြောက်ကြတာ။ ဟိုတနေ့ကဆို
ကျွန်တော် ဖျားတာ၊ ဖျားတော့ ချမ်းတယ်၊ ချမ်းတော့ စောင်ခြုံပေး ပြီးတော့
ပစ်ပြေးကြတာ၊ အမေနဲ့ အဘွားနဲ့ ကျွန်တော်ချမ်းရင်း ပေနေရတာပေါ့၊ အထဲထဲကနေ
တုန်ပြီးတော့ ချမ်းပြီးတော့ ဖျားတာ။
ဆရာက
အတော့်ကို ဂရုစိုက်တယ်၊ သူ့ရဲ့ အဲဒီဖေါက်တဲ့ဟာလေးနဲ့ စစ်ပေးတာ၊ ငှက်ဖျားတော့
မရှိပါဘူး။ သားသမီးတွေကလဲ မလာနိုင်ကြဘူး၊ ဖြစ်ကာစကတော့ လာတယ်၊ ကုကြ သကြသေးတာ၊
သူတို့ စစ်သွားလို့ ကျွန်တော်သိတာ၊ ဟာ အဖေဘာမှမရှိဘူးတဲ့၊ ဖုံးတာ၊ သမီးရယ်လို့ HIV
ပဲ နေမှာပါလို့၊ ကျန်တာက မဟုတ်လောက်ဘူးလို့ ဆိုတော့ အဖေဘာမှ မရှိဘူး၊ အသဲလဲ
မရှိဘူးတဲ့၊ ဆီးချိုသွေးချိုလဲ မရှိဘူးတဲ့၊ HIV လဲ မရှိဘူးတဲ၊့ အဖေနေကောင်းသွားမှာ
ဘာညာဆိုပြီးတော့ သူတို့ကလဲ မကြည့်ချင်ဘူး နေမှာပါ၊ ပြန်သွားတာ၊ ကျောင်းဖွင့်တော့၊
သူတို့က ဘုန်းကြီးဆေး ကောင်းတယ်တဲ၊့ ရှိမ္မကားက၊ အဲဒီဘုန်းကြီးဆေး ဝယ်တိုက်သွား
တယ်။
တစ်ရက်တော့
အမေက ငါ့သားရယ် စာရွက်လေးတစ်ရွက် ကောက်ရထားတယ်တဲ့၊ အင်္ဂလိပ်လို ရေးထား တာတဲ့၊
ငါမသိဘူး၊ ရော့တဲ့၊ ကျွန်တော်ဖတ်ကြည့်တော့ Positive၊ ကျွန်တော့်သွေးစစ်တဲ့ ဟာလေး၊
ကျွန်တော် တုန်လှုပ်သွားတာပေါ့၊ စိတ်ထဲမှာတော့ ဖြစ်တာကတော့ သေချာတယ်လို့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားပေမဲ့ မရဘူးဗျာ၊ တကယ်မရဘူး၊ စိတ်ပြန်ထိန်း၊ တရားနဲ့
ပြန်ဖြေရ တာပေါ့ဗျာ၊ အဲလိုနဲ့ သိသွားတာ စိတ်ထဲမှာတော့ မှန်တာပြောရလို့ရှိရင်
ဒီရောဂါက လူရာဝင်တော့တဲ့ ရောဂါမဟုတ်ဘူးလေ၊ ဒီပုံစံ အခြေအနေနဲ့ မစိုးစိုးတို့လို
ကျန်းကျန်းမာမာနဲ့ မကြည်ဝင်းတို့လို ဝဝ ဖြိုးဖြိုးနဲ့၊ ဒီဇိုင်းက အနေအထားက
တစ်မျိုးဆိုရင် စိတ်ထဲက အားတက်မှာပေါ့၊ အခုကြတော့လဲ မြင်ရတာက AIDS ရုပ်၊ အင်း လူက
မကျန်းမာ၊ ဟိုက် ဆိုတော့ စိတ်သွားတိုင်းကလဲ ကိုယ်မပါဘူး၊ အမှန်ကတော့ ဟိုတုန်းက
လူကောင်းတုန်းက သူ့ဟာသူ လန်းတယ်လေ၊ နေရတာ လန်းတယ်၊ သူဟာသူ ပြည့်နေတယ်၊ ခုဟာက
မပြည့်ဘူး။ မိုးလင်းလာလဲ အိပ်ရေးကလဲ မပြည့်ဘူး၊ ထမင်းစားလဲ ဟင်းကောင်းတွေနဲ့
စားပြီးလဲ မပြည့်ဘူး၊ အဲ နဲနဲလေး ပြည့်တာ နှစ်နှစ်ခြိုက်ခြိုက် နေ့လည်ပိုင်း
အိပ်လိုက်ရရင်။
အဲ
ကျွန်တော်က septrim နဲ့ မတဲ့တာလေ၊ ဆေးပြောင်းပေးတယ်၊ အဲဒီဆေးသောက်ပြီးရင်
ဖြစ်ပါတယ်၊ ဘာမှ ထမလုပ်နဲ့၊ ဒီတိုင်းလေးဘဲနေ အဲဒါဆိုရင် မှင်မပျက်ဘူးပေါ့၊
ဟိုတလောကဆိုရင် ထမင်းကို မချက်နိုင်ဘူး၊ အင်း ခုတော့ ပြန်ချက်နိုင်ပြီ။ အမက တခါတလေ
အိမ်ထဲမှာ လူချင်း ကပ်ရှောင်ရင် နှာခေါင်းပိတ်တာ လုပ်တတ်တယ်၊ အင်း တူမကတော့
အဲဒီလောက်ထိတော့ မရှိပါဘူး၊ ချက်တာပြုတ်တာတော့ မကြိုက်ဘူးပေါ့။
ဒီမှာ
Positive Workshop မှာတုန်းကမှ တခြား PLHA တွေနဲ့ တွေ့ဘူးတာ၊ အဲဒါ ကျွန်တော့်အတွက်
တအားအကျိုးရှိတာပေါ့၊ ကျွန်တော်က ဒါအတ္တနဲ့ ပြောတာလေ၊ ကျွန်တော်က အရင် အရေးကြီးတယ်၊
ကိုယ်က ဒီရောဂါဖြစ်နေတာ၊ ဒါတွေသိထားတော့ တအားပိုကောင်းတာ၊ ကာကွယ်နိုင်တယ်၊ အဲ
နောက်တခါကျတော့ သူများတွေ ဆွေမျိုးသားချင်းတွေ ပြောလို့ရတယ်၊ အဲဒီတုန်းက ပြဇာတ်က ရတော့
စိတ်ထဲမှာ ကြွတက်လာတာ၊ အင်းစိတ်ထဲမှာ ဟို ဝေဒနာအားလုံး ပျောက်သွားသလိုဘဲ၊ ဒီထဲ
ဈာန်ကဝင်သွားတော့ ကျွန်တော်က အနုပညာ သမား၊ ဂစ်တာတွေ ဘာတွေ တီးတတ်တယ်။
ကိုဝင်းလှိုင်ဦးလေး
တော်တော်မာလာတယ်နော်၊ အားကျတယ်ဗျာ၊ မစိုးစိုးတို့ ဘာတို့ကော အကုန်လုံး က
လူတော်တော်များများက ဝပြီးတော့ကိုမှ လှနေကြတာဘဲ၊ တခါတည်းပြီး အသားတွေလဲ ရဲတွတ် နေတာ၊
အင်း သားသားလေး ကျောင်းဆင်းရင် တော်ပါပြီ။ သူ့ဗိုလ်ဝတ်စုံနဲ့ မြင်ချင်လိုက်တာ။
အနုပညာက
သီချင်းဆိုတယ်၊ ဂစ်တာတီးတယ်၊ ဒရမ်တီးတယ်၊ အဆို တအားဝါသနာပါတယ်၊ စိုးပိုင်
သီချင်းတွေ၊ စိုင်းဆိုင်မောဝ်၊ ဘိုဘိုဟန်၊ ကျွန်တော့်အကြိုက်ဆုံးက ဘိုဘိုဟန်ဘဲ၊
စင်ပေါ်ရောက်ရင် တအား ခုန်ပေါက်၊ စင်ပေါ်ကခုန်ချ၊ ဈာန်ဝင်ရင် မရဘူး၊ စစ်တပ်တို့
ဘာတို့ ဖျော်ဖြေတဲ့ပွဲဆိုရင် ကျွန်တော်နဲ့ စစ်သားတွေကို ထွေးနေတာဘဲ၊
အာမီရမ်တွေကလဲ ချပေးထားတယ် အများကြီးလေ။
ကိုသားကြီး
မေ၇၊
၂၀၁၁
မိုးမခ - သားသားလေး
ကျောင်းဆင်းရင် တော်ပါပြီ




