အမျိုးသမီးများသည် သန္ဓေတားရန် အသုံးပြုသည့် သားအိမ်တွင်း ထည့်ကိရိယာ intrauterine devices – IUDs) များ၏ ဘေးကင်း လုံခြုံမှုနှင့် ထိရောက်မှုများကို လွဲမှားစွာ သိမြင် နားလည် ထားကြကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
သုတေသနပြု စစ်တမ်းကောက်ယူရာတွင် အမျိုးသမီးများစွာမှာ သားအိမ်တွင်း ကိရိယာ၏ သန္ဓေတား သောက်ဆေးများထက် ပိုမိုထိရောက် မှုရှိပုံ၊ လိင်မှ တစ်ဆင့် ကူးစက်ရောဂါများ ခံစားရနှုန်း ပိုမိုနည်းပါးပုံတို့ကို မသိရှိကြကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။
ပလတ်စတစ်(သို့) ပလတ်စတစ် နှင့်ကြေးနီ ပါဝင်သော အဆိုပါ သားအိမ်တွင်း ထည့်သွင်းသည့် သန္ဓေတား ကိရိယာများသည် ၉၉ ရာနှုန်း ထိရောက်မှုရှိပြီး နှစ်ပေါင်းများစွာ သားအိမ်တွင်း ထည့်သွင်းထားနိုင်သည်။ ၎င်းနှင့် စာလျှင် သန္ဓေတားစား ဆေးများသည် ၉၅ ရာနှုန်းသာ ထိရောက်မှုရှိသည်။
အမျိုးသမီး ၃၀ ရာနှုန်းတွင် သားအိမ်တွင်း ပစ္စည်းနှင့် ပတ်သက်၍ ခေတ်နောက်ကျသည့် ဗဟုသုတများ ရှိကြပြီး သန္ဓေမတည်ဖူးသည့် အမျိုးသမီးများတွင် အသုံးပြုရန် မသင့်တော်ခြင်း၊ အခြား သန္ဓေတားနည်းများထက် အသုံးပြုရန် ဘေးကင်း လုံခြုံမှု မရှိခြင်းစသည့် အယူအဆမှားများ ယနေ့ထက်တိုင် ယုံကြည် လက်ခံကြဆဲ ဖြစ်သည်ကို တွေ့ရသည်။
ဇော်ကို
Health Updates Journal
မြန်မာပြည်သား - သားအိမ်တွင်းထည့် ပစ္စည်းများနှင့် လွဲမှားသော အယူအဆများ




