သားဖွားမီးယပ် ပညာအဖွဲ့ (မြန်မာနိုင်ငံ ဆရာဝန်အသင်း)က ဆေးပညာ တိုးတက် ပြန့်ပွားစေရန် အတွက် သားဖွားမီးယပ် အထူးကု ဆရာဝန်များ ဆွေးနွေးပွဲကို(၂ဝဝ၉)ခုနှစ်၊ ဖေဖော်ဝါရီ (၁၈)ရက်နှင့် (၁၉)ရက်နေ့ များတွင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခ္ခ ဦးခင်မောင်အေးက အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး သားဖွားမီးယပ်အသင်း ဥက္ကဋ္ဌပါမောက္ခ ဒေါ်သန်းသန်းတင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ သားဖွား၊ မီးယပ် အသင်းမှ နာယကကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း (MMA)မှ ဆရာဝန် အသင်းအဖွဲ့ဝင်များ၊ သားဖွားမီးယပ် ပညာရှင်များ တက်ရောက်ကြပြီး အသက် (၇ဝ)နှစ် အထက် ပညာရှင်များ၊ ဆရာမများအား ကန်တော့ ခဲ့ကြသည်။
ထို့နောက် ကန်တော့ခံ ဆရာ၊ ဆရာမများ ကိုယ်စား ပါမောက္ခ ဒေါ်နန်းဦးက ဆုံးမသြဝါဒ စကား ပြန်လည် ပြောကြားခဲ့ပြီး ပညာရေး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြသည်။ First
Section တွင် ပါမောက္ခ ဒေါ်မြမြမှ သားသမီး ရရှိဖို့ ပြင်ပနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းအပေါ် ဆရာဝန်များ ကျင့်ဝတ်ဆိုင်ရာရှု့ထောင့်မှ သုံးသပ် တင်ပြ၍ ပါမောက္ခ ဦးစိုးမြင့် ခေါင်းဆောင်သော တက်ရောက် လာသူများက ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် မီးယပ်ရောဂါ ဆိုင်ရာ ကင်ဆာရောဂါများ အကြောင်း၊ အမျိုးသမီး ထုများတွင် အဖြစ်များသော သားအိမ်ခေါင်း ကင်ဆာကာကွယ်ရန် အကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား လုံခြုံစိတ်ချစွာ စောင့်ရှောက်မှုနှင့် တခြား သုတေသန ဆိုင်ရာ စာတမ်းများ ဖတ်ကြားတင်ပြခဲ့ကြသည်။
ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁၉)ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ရာ ပါမောက္ခ ဦးစိုးမြင့်က ဆေးပညာရပ်ဆိုင်ရာ အဆိုအမိန့်များနှင့် ပတ်သက်၍ သားဖွား ၊မီးယပ်ပညာ ရှူ့ထောင့်မှ ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ အမျိုးသမီးများ ဆီးလမ်းကြောင်းနှင့် ပတ်သက်၍ ကုသမှုများ ကဏ္ဍ၊ အရေးပေါ် သားဖွားခြင်း ဆိုင်ရာ ကူညီ စောင့်ရှောက်မှု ကဏ္ဍ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ဆက်နွယ်သော ဆီးချိုရောဂါနှင့် ငှက်ဖျားရောဂါများ အကြောင်းကို ဆွေးနွေး ဟောပြောပွဲ အသွင်ဖြင့် ကျင်းပ ပြုလုပ် ခဲ့ကြသည်။
ထို့ပြင် HIV ရောဂါပိုး ကူးစက်ခံရသော မိခင်များမှ မိခင်နှငို့ တိုက်ကျွေးရေး၊ မတိုက်ကျွေးရေးနှင့် ပတ်သက်၍ စကားရည်လု ပြိုင်ပွဲ တစ်ရပ်ကိုလည်း ကျင်းပ ပြုလုပ်ခဲ့ကြပြီး အနယ်နယ် အရပ်ရပ်မှ သားဖွား ပ




