8
Nov

သားအိမ်ခေါင်းကင်ဆာ တားဆီး ကာကွယ်နိုင်သည့် HPV ကာကွယ်ဆေး

အမေရိကန်နိုင်ငံ၊ မီယာမီ တက္ကသိုလ်မှ သုတေသီများသည် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုမှ တားဆီး ကာကွယ်နိုင်သည့် သုတေသန တစ်ရပ်ကိုရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ HPV ပိုးသည် ခံတွင်းကင်ဆာ၊ စအိုကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာများကို အဓိက ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ဖြစ်သည်။ အဆိုပါ HPV ပိုး ကာကွယ်ဆေး တစ်ကြိမ်ထိုးခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုကိုပါ တားဆီး ကာကွယ်နိုင်ရန် လုံလောက်မှုရှိကြောင်း မီယာမီ တက္ကသိုလ်မှ သုတေသီများက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားလိုက်သည်။

Costa Rica နိုင်ငံ အတွင်းရှိ HPV ကာကွယ် ဆေးထိုးထားသော အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား အမျိုးသမီးပေါင်း ၇၅ဝဝ နီးပါးခန့်ကို လေ့လာမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုတွေ့ရှိချက်သည် သားအိမ်ခေါင်းကင်ဆာ ၈၅ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သုံးကြိမ်ထိုးရမည့် HPV ကာကွယ်ဆေး၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းကြောင့် အလွန် အရေးပါသော တွေ့ရှိမှု တစ်ခုဖြစ်နိုင်ကြောင်း မေရီလန်း တက္ကသိုလ်၊ ကင်ဆာနှင့် မျိုးဗီဇဌာနမှ သုတေသီ ဖြစ်သူ Mahboobeh Safaeian မှ ပြောကြားထားသည်။

MRTV-4 - သားအိမ်ခေါင်းကင်ဆာ တားဆီး ကာကွယ်နိုင်သည့် HPV ကာကွယ်ဆေး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top