19
Feb

သားအိမ်ခေါင်း ကင်ဆာသည် မြန်မာ အမျိုးသမီးများတွင် ဒုတိယ အဖြစ်အများဆုံး ကင်ဆာ ရောဂါဖြစ်

မြန်မာ အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသော ကင်ဆာများ အနက် သားအိမ်ခေါင်း ကင်ဆာသည် ဒုတိယ အဖြစ်များဆုံး ကင်ဆာရောဂါ ဖြစ်ပြီး လူဦးရေ ငါးသိန်းခန့်မှာ သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားနေခြင်း ကြောင့် ကနဦး ရောဂါ စမ်းသပ်ခြင်းကို ဒေသအချို့၌ စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ သားအိမ်ခေါင်း ကင်ဆာသည် အရွယ်ရောက်ပြီးသော အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပြီး မဖြစ်မီက ကြိုတင် ကာကွယ်နိုင်သော ရောဂါဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ သာမက ကမ္ဘာ့ နိုင်ငံများ၌လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အသက် ကိုးနှစ်မှ ၁၃ နှစ် အတွင်းရှိ အမျိုးသမီး ငယ်များကို ကြွက်နို့ရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးပေးခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကို ကြိုတင် ကာကွယ်နိုင်ကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာ ရောဂါကြောင့် သေဆုံးသူ ၈ ဒသမ ၂ သန်းခန့် ရှိပြီး နောက်ပိုင်းတွင် ၁၃ သန်း အထိ မြင့်တက် လာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါ ရောဂါသည် အိမ်ထောင်ဆက် များသူများ၊ မီးဖွားမှု များသူများ၊ အပျော်အပါး လိုက်စားသူများ၏ အိမ်ထောင် သည်အမျိုးသမီးများနှင့် ပဋိသန္ဓေ တားရန် ကွန်ဒုံး မသုံးဘဲ တားဆေး စားသူများတွင် အဖြစ်များကြောင်း သိရသည်။ သားအိမ်ခေါင်း ကင်ဆာသည် လူသေမှု အများဆုံး အမျိုးသမီး ကင်ဆာရောဂါများတွင်  နံပါတ် လေး နေရာတွင်ရှိပြီး တစ်နှစ်လျှင် သားအိမ်ခေါင်းကင်ဆာ ဝေဒနာ ခံစားရသူ ၇ဝဝဝ နီးပါး တွေ့ရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာသည် အမျိုးသမီးများတွင် ဒုတိယ အများဆုံး ကင်ဆာရောဂါ ဖြစ်ပြီး ရင်သား ကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဆုလာဘ် (ရန်ကုန် ဖေဖော်ဝါရီ ၁၈)

မြဝတီ - သားအိမ်ခေါင်း ကင်ဆာသည် မြန်မာ အမျိုးသမီးများတွင် ဒုတိယ အဖြစ်အများဆုံး ကင်ဆာ ရောဂါဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top