Q: ကျွန်မအသက် ၄၆ နှစ်ရှိပါပြီ။ ကလေး ၃ ယောက်ရှိခဲ့ပါတယ်။ သားက ၂ဝဝ၄ မှာ ဆုံးခဲ့ပါတယ်။ ငှက်ဖျားနဲ့ပါ။ အခု ကျွန်မ (့) မှာ နေပါတယ်။ ကျွန်မ သွေးမဆုံးသေးပါဘူး။ ဘာရောဂါမှလဲ မရှိသေးပါဘူး။
သားလေး တယောက်လောက် လိုချင်တာပါ။
A: အမျိုးသမီး-သားကြောဖြတ်တယ်ဆိုတာ သားအိမ်ပြွန်ကို ဖြတ်၊ ချည်၊ ချေ တနည်းနည်းနဲ့ လုပ်တာပါ။ သားအိမ်ပြွန်မှာ ပြဿနာရှိလို့ ကလေးမရသူ ၂ဝ-၂၅% ရှိတယ်။ သူတို့ကို ခွဲစိတ်နည်းနဲ့ ဒါမှမဟုတ် In vitro fertilization IVF နည်းနဲ့ ကလေး ရအောင် ကြိုးစား ပေးရတယ်။ (IVF) နည်းလုပ်ရင် အမေရိကားမှာ ($7,000 - $20,000) + ($2,500 - $3,000) ကုန်ကျတယ်။
ကလေးရဘို့ လိုအပ်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။
1. Sperm quality ကျား-သုတ်ပိုး အရည်အသွေး၊
2. Tubal status သားအိမ်ပြွန် အခြေအနေ၊
3. Status of any other pelvic conditions တင်ပါးဆုံတွင်း တခြားအင်္ဂါတွေ အခြေအနေ၊
4. Female age အမျိုးသမီးရဲ့ အသက်၊
5. Egg quantity and quality မမျိုးဥ အရေအတွက်-အရည်အသွေး၊
သားကြော ပြန်ဆက်နည်းကို တော်တော့ ခွဲစိတ်ရာဝန် မလုပ်ပါ။ Laparoscopy and Laparotomy ဆိုတဲ့ ဗိုက်မှာ Belly-button အပေါက် သေးသေးလေး ဖေါက်ပြီး၊ ကရိယာနဲ့ လုပ်နည်း ကောင်းတယ်၊ ဒါပေမဲ့ Cases အားလုံး မရဘူး။ မရရင် ထုံးစံခွဲနည်း Laparotomy လုပ်ရတယ်။
ဗဟုသုတအဖြစ် Advanced Fertility Center of Chicago ရဲ့ ကိန်းဂဏန်းတွေပါ ထည့်ပါရစေ။
• Reconstruct damaged end of tube ပျက်စီးသွားတဲ့ သားအိမ်ပြွန် ပြင်ဘို့ Fimbrioplasty လုပ်တာ 50% ကလေးရနိုင်တယ်၊ 12% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Cut away scar tissue on tubes or on ovary သားအိမ်ပြွန် နဲ့ မမျိုးဥအိမ်က အမာရွတ်တွေ ရှင်းတာအတွက် Salpingolysis Ovariolysis လုပ်တာ 45% ကလေးရနိုင်တယ်၊ 6% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Make opening in blocked tube သားအိမ်ပြွန် ပိတ်နေတာအတွက် Neosalpingostomy လုပ်တာ 25% ကလေးရနိုင်တယ်၊ 25% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Resonnect tubes after tubal ligation ပြတ်သွားတဲ့ သားအိမ်ပြွန် ပြန်ဆက်တာအောင် Tubal reanastomosis လုပ်တာ 40-70% ကလေးရနိုင်တယ်၊ 4-15% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• In vitro fertilization သားအိမ်ပြင်ပမှာ သန္ဓေရအောင် အသက် ၃၅ နှစ်အောက်တွေကို IVF လုပ်တာ 50-60% ကလေးရနိုင်တယ်၊ 1-5% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
North Carolina မှာရှိတဲ့ Chapel Hill Tubal Reversal Center က Tubal reversal surgery နည်းကို Laparotomy နည်းနဲ့သာ ခွဲတယ်။ ဒါးရာ ၄-၆ လက္မ ရှည်မယ်။ ဆေးရုံတက်ရမယ်။ Major surgery အကြီးစား-
ခွဲစိတ်ကုသမှု ဖြစ်တယ်။ ၂-၆ ပါတ်ကြာမှ နလံထမယ်။ အသက် ၃၅ နှစ် အောက်တွေကို လုပ်ရင် ၁-၂ နှစ်အတွင်း ကိုယ်ဝန်ဆောင်တာ 40-75% ရှိတယ်။ 5-15% က ပြွန်ထဲ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
Types of tubal surgery ခွဲစိတ်နည်း ၃ မျိုးလုပ်တယ်။ Microsurgical techniques “အနုစိတ်-ခွဲစိတ်နည်း” ဖြစ်တယ်။
1. Microsurgical tubal anastomosis
2. Microsurgical Salpingostomy
3. Microsurgical Tubouterine implantation
သားကြော ဖြတ်ထားသူကို ကလေးပြန်ရအောင်လုပ်ဘို့ အတော်တော့ ခက်ပါတယ်။ ခက်တာကို ရအောင် လုပ်နိုင်သူကို လူတော်လို့ သတ်မှတ်ပါတယ်။ မရနိုင်တော့လို့ သောကများ မနေသူဟာလဲ ပညာရှိပါဘဲ။
ဒေါက်တာတင့်ဆွေ (၁၆-၁ဝ-၂ဝ၁ဝ)
ဒေါက်တာတင့်ဆွေ - သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ်




