(က) အပြန်အလှန်ဆေးယဉ်ပါးခြင်း
ဆေးတစ်ခုကို ယဉ်ပါးလျက်ရှိသော HIV ပိုးသည်
မသုံးစွဲရသေးသည့် အခြားသော ဆေးများကိုလဲ ယဉ်ပါးစေတတ်ပါသည်။ ဤကဲသို့ ဖြစ်ရခြင်းကို
အပြန်အလှန် ဆေးယဉ်ပါးခြင်းဟု ခေါ်ပါသည်။
အပြန်အလှန် ဆေးယဉ်ပါးခြင်း ပြဿနာသည် HIV
ပိုးသတ်ဆေးများနှင့် ပတ်သက်၍ အကန့်အသတ်များ ဖြစ်စေနိုင်ပါသည်။ ရွေးချယ်စရာ ဆေစများ
တတ်နိုင်သမျှ လမ်းဖွင့်ထားစေရန် ရည်ရွယ်လျက် အချို့သော ဆရာဝန်များက ကုသမှု၏
ရည်ရွယ်ချက်ကို စမ်းသပ်မတွေ့ရှိနိုင်သော ဗိုင်းရပ်ပိုးပမာဏအထိ ရောက်အောင်
လုပ်ရမည်ဆိုသောအချက်ကို စောဒက တက်ကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ အချို့သောဆရာဝန်များက
ဗိုင်းရပ်ပိုးသတ်ဆေးများကို စတင်ပေးတိုင်း ဗိုင်းရပ်ပိုးပမာဏသည်
စမ်းသပ်တွေ့ရှိနိုင်သည့် အရေအတွက် ကန့်သတ်ချက်ထက် မြင့်တက်နေလျင်
ရွေးချယ်စရာဆေးများ မြန်မြန်ကုန်သွားလိမ့်မည်ဟု ရှူမြင်ထားကြသည်။
(ခ) ဗိုင်းရပ်ပိုးပမာဏနှင့် HIV ပိုးကူးစက်ခြင်း
သွေးထဲတွင် HIV ပိုးများစွာရှိပါက သုတ်ရည်နှင့်
မိန်းမကိုယ်မှထွက်သော အရည်များတို့တွင်လည်း HIV ပိုးများစွာရှိပါသည်။ HIV
ပိုးပမာဏများစွာရှိသော သူတို့သည် ပို၍ပင် ရောဂါပိုး
ကူးစက်စေနိုင်စွမ်းရှိပါသည်။HIV ပိုးသတ်ဆေးနှင့် ကုသမှုခံယူနေရသော သူများတွင်
သွေထဲတွင်ရှိသော ဗိုင်ရပ်ပိုးပမာဏ ကျဆင်းသွားပြီး သုတ်ရည်နှင့်
မိန်းမကိုယ်ထဲမှထွက်သော အရည်ထဲတွင်လည်း HIV ပိုးပမာဏ ကျဆင်းသွားပါသည်။ ဆေးကုသမှု
ခံယူပြီးနောက်ပိုင်း ဗိုင်းရပ်ပိုး ပမာဏသည် စမ်းသပ်၍ မရနိုင်တော့သော အခြေအနေသို့
ရောက်ရှိသွားလျင် ဤအခြေအနေတွင် HIV ပိုးများ သုတ်ရည်နှင့် မိန်းမကိုယ်မှထွက်သော
အရည်ထဲတွင် ပပျောက်သွားပြီဟု ဆိုလိုခြင်းမဟုတ်ပါ။ ထိုသူသည် ကွန်ဒုံးကို
အသုံးမပြုဘဲ လိင်ဆက်ဆံခြင်းပြုပါက သူ၏အဖေါ်အား HIV ကူးစက်စေရန် အခွင့်အလန်းရှိနေဆဲ
ဖြစ်ပါသည်။
HIV ပိုးသတ်ဆေးနှင့် ကုသခြင်းသည် မိခင်မှ
ကလေးထံသို့ HIV ပိုးကူးစက်ခြင်းကို ထိရောက်စွာ လျော့ချနိုင်ကြောင်း သက်သေပြခဲ့ပြီး
ဖြစ်ပါသည်။ HIV ပိုးရှိနေသော အမျိုးသမီး တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်ရန်
သို့မဟုတ် ကိုယ်ဝန်ယူရန် ကြံရွယ်နေလျင် ရွေးချယ်ရမည့် ကုသနည်းများကို ဆရာဝန်နှင့်
ဆွေးနွေးရမည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင် စဉ်အတွင်း စမ်းသပ်၍ မတွေ့ရှိနိုင်သော
ဗိုင်းရပ်ပိုး ပမာဏ ရောက်နေလျင် ကလေးထံ HIV ပိုးကူးစက်နိုင်ချေ အလွန်နည်းပါသည်။
(ဂ)ဗိုင်းရပ်(စ်) ပိုးပမာဏစမ်းသပ်မှုကို
ဘယ်လောက်မကြာခဏ ပြုလုပ်သင့်သလဲ
ဗိုင်းရပ်ပိုးပမာဏ နည်းပါးခြင်း(၅၀၀၀) နှင့်
ဗိုင်းရပ်ပိုးပမာဏ များပြားခြင်း(၅၀၀၀၀) တို့ကို နှိုင်းယှဉ်လျင် CD4 Count ကလဲ ၅၀၀နှင့်အထက်ရှိနေလျင်
ကြီးစွာသော ခြားနားချက်ရှိပါသည်။
CD4 Count သည် ၃၅၀နှင့် ၂၀၀ကြားရှိလျှင်
ထို့အပြင်လျင်မြန်စွာ ကျဆင်းနေလျင် ၂လမှ ၃လတစ်ကြိမ် ဆေးခန်းသို့ သွားရောက်၍
အနီးကပ်ကြည့် ရှူ့စောင့်ရှောက်သင့်ပါသည်။ အကြောင်းကတော့ CD4 Count သည်လျင်မြန်စွာ
ကျဆင်းခြင်းသည် AIDSနှင့် နီးနွယ်သော ရောဂါများပို၍ ဖြစ်နိုင်ခြေကို
ညွှန်းပြနေသောကြောင့် ဖြစ်သည်။
လက်ရှိတိုင်းတာရရှိသော CD4 Count အရေအတွက် သည်
၅၀၀အထက် ရှိနေလျှင်ပင် ဆေးခန်းသို့သွား၍ ဗိုင်းရပ်ပိုးပမာဏ တိုင်းတာခြင်းကို ၄လမှ
၆လတစ်ကြိမ်ပြုလုပ်ပြီး အဖြေမှန်မှန်ရအောင် ပြုလုပ်ခြင်းသည် ကောင်းမွန်သော
စိတ်ကူးဖြစ်ပါသည်။
Health Digest Journal (Mya,2,2007)




