4
Jul

သုက်ရည် မျိုချခြင်း

မေး - ဆရာရှင့် ဆေးပညာအရ သိချင်တာလေး ရှိလို့ပါ။ ရှေ့မျက်နှာ နောက်ထားပြီး မေးပါရစေဆရာ။ တစ်မျိုးတော့ မထင်ပါနဲ့နော်။ ယောက်ျားလေး သုက်ရည်က မိန်းကလေး ပါးစပ်ထဲ ရောက်သွားခဲ့ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်တတ်တယ် ဆိုတာရယ်၊ ဘယ်လို ဘေးဥပါဒ်ဖြစ်တတ်တယ် ဆိုတာလေးရယ် သိချင်လို့ပါ။

အဖြေ - ချက်ချင်း ဖြေခဲ့လိုက်တာက “၂ ခါ ၃ ခါလောက် ဖြေရဘူးပါတယ်။ ဒီနည်းတခုတည်းသုံးတဲ့ ဆက်ဆံရေး ကနေသာဆိုရင် ကိုယ်ဝန်မရစေပါ။ HIV စတဲ့ ရောဂါပိုး ပါနေရင်လဲ သွေးထဲမဝင်ရင် မကူးပါ။ တကယ်လို့ မိန်းကလေး နှုတ်ခမ်း၊ ပါးစပ်၊ လျှာတွေမှာ အနာအဆာ ရှိရင်တော့ ကူးနိုင်ပါတယ်။”

သိပ္ပံနည်းကျ ပြောပါရစေ။ Semen/Sperm (ဆီမင်-စပမ်း) သုက်ရည်ရဲ့ pH ဟာ (အယ်လ်ကာလိုင်း) ဖြစ်တယ်။ (အက်စစ်) နဲ့ ပြောင်းပြန်ဖြစ်တယ်။ ကျန်းမာနေတဲ့ အမျိုးသမီးရဲ့ Vaginal fluid ဗဂျိုင်းနားထဲက အရည်ဟာလဲ (အက်စစ်) ဖြစ်တယ်။ ခံတွင်းထဲက Saliva တံတွေးကတော့ ၆့၂ နဲ့ ၇့၎ ကြားမှာ ပြောင်းနေတာမို့ တခါတလေ (အက်စစ်)၊ တခါတလေ (အယ်လ်ကာလိုင်း) ဖြစ်တယ်။ ဥပမာ မီးဖိုချောင်ထဲ ကနေ မွှေးတဲ့အနံ့ရလာရင်၊ ဗိုက်ဆာနေရင် တံတွေး များများ ထွက်လာလို့ pH တက်လာစေတယ်။ Gastric juice အစာအိမ်ထဲကအရည်ဟာ (အက်စစ်) ဖြစ်တယ်။

သုက်ရည်ဟာ အစာအိမ်ထဲ ရောက်တာနဲ့ မျှခြေကို ရောက်သွားမယ်။ တခါတလေသာ သုက်ရည်ကို မျိုချတာက pH အပြောင်းအလဲကို မသိသာစေပါ။ အလေ့အထလို ခဏခဏမျိုချရင် pH imbalance ဆိုတဲ့ (ပီအိတ်ခ်ျ) မမှန်တာ ဖြစ်လာနိုင်တယ်။

"သုက်ရည်မှာ Energy အပြည့်ပါတယ်။ Nutritious protein (ပရိုတင်း) တွေပါလို့ အားဖြစ်တယ်" လို့ ယူဆကြတယ်။ Daddy's Milk လို့တောင် တင်စားသေးတယ်။ တကယ်တော့ အစာအိမ်ထဲရောက်လို့ ပျိုကွဲသွားတဲ့ (ပရိုတင်း) ကို အာဟာရအဖြစ် မသုံးနိုင်တော့ပါ။ သုက်ရည်ဟာ မျိုချစရာ စားစရာအဖြစ် ဖန်တီးထားတာ မဟုတ်ပါ။ အနေရခက်တဲ့ အထိတော့ ရှိချင်မှ ရှိပါမယ်။ Digestive disturbance အစာခြေစနစ်ကို အနှောင့်အယှက်ပြုမယ်။ Seminal ingestion ကနေ Indigestion အစာမကျေတာဖြစ်နိုင်စေတယ်။

"သုက်ရည်သောက်သုံးတာဟာ ကိုယ့်အဖေါ်-ခင်ပွန်းအပေါ်မှာ Loyalty သစ္စာရှိမှုကို ပြသတယ်" လို့ ပြောတယ်။ သဘောမတူပါ။ အဲလို မလုပ်သူတွေရဲ့ မှန်ကန်တဲ့ သစ္စာရှိမှု နဲ့ မေတ္တာကို ပြစ်ပယ်ရာ ကျတယ်။ နောက် တချက်ကလဲ လိင်စိတ်လွှမ်းမိုးနေချိန်မှာ သာမန်ဆင်ခြင်တုံတရား ကင်းလွတ် နေတတ်တာလဲ ရှိတယ်။ နောက်ပြီး "ပိုက်ဆံပိုပေးရင် ဒါမျိုးလုပ်ပေးမယ်" ဆိုတာလဲ ရှိမှာဘဲ။ ထပ်ဆောင်း မှတ်ချက် တခုကတော့ အမျိုးသမီး စိတ်သဘာဝဟာ Receptive act အထိုက်အလျှောက်ကို လိုက်လုပ်နိုင်ကြတယ်၊ Yin in nature လို့တောင် ခေတ်မီမှတ်ချက် ပြုသေးတယ်။ တချို့တော့ ဟုတ်ပါမယ်၊ တချို့ မဟုတ်နိုင်ပါ။

ယောက်ျားဘက်ကကြည့်ရင်တော့ Masculine power (Dominating power) လွှမ်းမိုးစိတ်၊ ပုရိသစိတ်လို့ ယူဆလိမ့်မယ်။ ဆုပ်ကိုင်ပြလို့ မရတဲ့ စိတ္တဇစွမ်းရည်ကိုလဲ ပြောကြသေးပါတယ်။ Sperm ဟာ Energy of love ဖြစ်တယ်။ တခါတလေ လူအပေါ်မူတည်ပြီး Energy of disrespect လဲဖြစ်ပါသတဲ့။ နောက်တချက် စိတ်သဘောအလိုက ကြည့်ရင် ကိုယ့်သဘာဝကို လွန်ဆန်ပြီး သူတပါးအလိုကို လိုက်ဖြည့်ပေးချင်စိတ်ဟာ Feeling of guilt ကိုယ့်အပြစ်ကို ပေးဆပ်ကြည့်တာလဲ ဖြစ်နိုင်တယ်။

သတိထားစရာ ရှိပါသေးတယ်။ အဖေါ်များများ ထားသူတွေဟာ တယောက်ဆီက ထွက်တာရော နောက်တယောက်ဆီက ထွက်တာကိုပါ မျိုချနေရင် ဘာဖြစ်မလဲ။ Stomach pH balance အစာအိမ် အက်စစ် ဓါတ်ပြောင်းလဲတာ၊ Energetic (အင်နာဂျီ) တိုးပွါးတာအပြင် (သီအိုရီ မှန်ရင်)၊ Emotional upset စိတ်လှုတ်ရှားမှု ကမောက်မဖြစ်တာ နဲ့ Confusion စိတ်ရောထွေးမှုတွေပါ ရလာမယ်။

ရေးပါရစေ။ ယောက်ျားကနေ မိန်းမအင်္ဂါကို ပါးစပ်သုံးနည်းနဲ့ အစပျိုးခြင်းနဲ့ ယောက်ျားသုက်ရည်ကို မိန်းမက မျိုချခြင်းဟာ အစ နဲ့ အဆုံး လုံးဝခြားနားပါတယ်။ တခုက လိင်စိတ်ကဲစေနိုင်တဲ့ Oxytocin ဟော်မုန်း ထွက်လာအောင် လုပ်ပေးတယ်။ သုက်ရည်မျိုတာကနေ အဲလို အစွမ်းလုပ်မပေးနိုင်ပါ။

မျိုချသူရဲ့ ပါးစပ်၊ နှုတ်ခမ်း၊ လျှာမှာ အနာအဆာရှိနေရင် Gonorrhea (ဂနိုးရီးယား)၊ Syphilis (ဆစ်ဖလစ်)၊ Herpes ရေယုံ၊ Chlamydia (ကလာမိုင်ဒီးယား) နဲ့ Genital warts လိင်လမ်းကြွက်နို့တွေ ကူးလာစေနိုင် တယ်။ HIV virus ဟာ ကိုယ်ခန္ဓာ အရည်တွေထဲမှာ နေနိုင်တယ်။ သွေးထဲရောက်လာရင် ကူးစက်တယ်။ အားပေးတဲ့သူတွေက ပြောသေးတယ်။ “မင်းမှာ အစကတည်းက ဒီလိုရောဂါပိုးတွေ ရှိနေရင်တော့ သုက်ရည်ကို မျိုချလို့ ပိုမထူးပါဘူး” တဲ့။

ဒေါက်တာတင့်ဆွေ (၃-၇-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - သုက်ရည် မျိုချခြင်း  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top