1
Jun

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project)



သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်
(
Happy Haven Humanitarian Project)

 

 

ကျွန်တော်ဒီနေ့ (၃၀.၅.၀၉) ရက်နေ့
ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း
တွင်ရှိသော သုခရိပ်မြုံလူမှုထောက်ပံ့ရေးစီမံချက် ဂေဟာ လေးကို ရောက်ခဲ့ရှိပါသည်။ ထို
ဂေဟာလေးသည်
HIV ပိုးဝင် ရောက်နေသော
မိဘမဲ့ ကလေး သူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ထားသော ဂေဟာလေး ဖြစ်ပါသည်။ လက်ရှိတွင်ဂေဟာလေးတွေ
ကလေး သူငယ် စုစုပေါင်း ( ၃၀ ) ခန့်ရှိပါသည်။ ကျွန်တော် နဲ့ ကျွန်တော့သူငယ်ချင်း ၂ ယောက်
သွားရောက်ပြီး ကလေးများအတွက် ဆန် ၁ အိတ် လှူဒါန်းခဲ့ပါသည်။ ဂေဟာ ရှိ အသက် အငယ်ဆုံး
ကလေးမှာ ၃ နှစ် ခွဲ သာ ရှိသေးသည်။ ကလေးများမှာ ဒဂုံမြောက်၊ဒဂုံတောင် စသည်တို့ အပြင်
သုံးဆယ်၊ ဇီးကုန်း၊ မော်လမြိုင်၊ ကရင်ပြည်နယ်ဘက်က ကလေးငယ်များပါ ပါသည်။ ကျွန်တော်တို့
ရောက်ရှိချိန်မှာ ညနေပိုင်း ကလေးများ ထမင်းစားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးများ
ထမင်းစားသည်ကို သွားရောက်ကြည့်ပါသည်။ ဟင်းမှာ ၀က်သားနှင့် ကန်းစွန်းရွက်ကြော်ဖြစ်ပြီး
ထမင်းမှာလည်း ကောင်းပါသည်။ ကလေးများအား သေချာ ကျွေးမွေးပါသည်။ ထမင်းစားပြီး သိပ်မကြာခင်မှာ
ကလေးငယ်များသည် ပျော်ပျော်ရွှင်ရွှင်ကစားကြပါသည်။ ထို့နောက် ကျွန်တော် တို့လည်း ပြန်ခဲ့ကြသည်။

 

အောက်တွင် ဂေဟာမှ ပေးသောလက်ကမ်းစာစောင်မှ
အကြောင်းလေးများဖော်ပြထားပါသည်။ စိတ်ပါဝင်စားသော စေတနာရှင်များမှ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

 

 

ဖိုးသူတော် ( ၃၀.၅.၀၉)

 

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်

 

 

ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင်မိသားစုများစွာကို ရက်စက်စွာ
ခွဲထုတ်ဝါးမျိုးလျက်ရှိပါသည်။ လွန်ခဲ့သော (၂၇)နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော
HIV ရောဂါပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇိဝိန်ကို
ဆွဲနှုတ်ယူငင်သွားသော အခါ ၎င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။

 

ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက်
ရောဂါပိုးမရှိသူများကို ဆွေမျိုးညာတိများက သနားကြင်နာစွာ ကြည့်ရှု့စောင့်ရှောက်ခြင်းရှိသကဲ့သို့
ဆွေမျိုးညာတိမရှိသူများကိုလည်း မိဘမဲ့ကလေးဂေဟာများက နှစ်လိုစွာလက်ခံကြပါသည်။

 

သို့သော် ရောဂါပိုးရှိနေပြီးဖြစ်သော
ကလေးငယ်များအတွက်မူ အခက်အခဲ များစွာရှိနေပါသည်။ မိဘနှစ်ဦးစလုံး
AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း
ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေသူများ၊
အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ကလေးငယ်အပေါ်မနှစ်မြို့သဖြင့်
ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာခံစားနေထိုင်ကြရသူများ၊ အကြောင်း ကြောင်းကြောင့်
စောင့်ရှောက်မည့်သူ မရှိသောသူများ-- အစရှိသော ကလေးငယ်များအား မိဘမဲ့ ကလေးဂေဟာများတွင်
ရောဂါကင်းစင်သော သာမန်ကလေးငယ်များ နှင့်အတူ ရောနှောထားလျှင်လည်း မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်သူ
ကင်းမဲ့နေသော ရောဂါပိုးရှိသူကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှု ပေးနိုင်သော
သီးသန့်ဂေဟာတစ်ခု လိုအပ်လာပါသည်။

 

HIV ရောဂါပိုးကြောင့်
ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့်
HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံယူနေရသော ကလေးငယ်များ
(
HIV infected & affected children) ကို ကြင်နာစွာဖြင့် ၎င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားတွင်
မိသားစုအခွင့်အရေးများ တက်နိုင်သမျှ အပြည့်အ၀ ရရှိခံစားနေထိုင်နိုင်ရေးကို ရှေ့ရှု့၍
ကိုယ်ချင်းစာ တရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တက်နိုင်သမျှသော မ
,တည်လှူဒါန်းငွေဖြင့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို
စတင်အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရေးအတွက် အများပြည်သူစေတနာရှင်များ၏
အလှူငွေများဖြင့် ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါသည်။

 

 

အဖွဲ့အမည် ။ ။ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး
စိမံချက်

 

 

တည်နေရာ ။ ။ အမှတ် ( ၉၇၉-၉၈၂)၊
တပင်ရွှေထီးလမ်း၊

 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊
ရန်ကုန်မြို့။

 

(မထသ ၃၆ ဘတ်စ် အစိမ်း၊
တံတားထိပ်မှတ်တိုင်ရှေ့)

 

 

ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

 

 

ရည်ရွယ်ချက် ။ ။ HIV ပိုးဝင်ရောက်နေသော မိဘမဲ့ ကလေးသူငယ်များအားစနစ်တကျ

 

ပြုစုစောင့်ရှောက်၍ မိသားစု ပုံစံဖြင့်
ကြင်နာမှုပေးရန်။

 

 

လုပ်ငန်းစီမံချက် ။ ။ အလှူရှင်များက
လှူဒါန်းသော အလှူငွေဖြင့် ၀ယ်ယူထားသော

 

အသင်းပိုင်မြေနေရာတွင် အဆောင်များ
ဆောက်လုပ်ပြီး တစ်ဆောင်တွင် ကလေး(၁၀)

 

ဦးခန့် ထားရှိ စောင့်ရှောက်ရန်။
အလှူငွေပေါ်မူတည်၍ အဆောင်အရေအတွက်

 

တိုးချဲ့ဆောက်လုပ်ရန်။

 

 

လက်ခံမည့်ကလေးများ ။ ။ (၁) အမိအဘ
နှစ်ဦးလုံး မရှိတော့သော
HIV ပိုး

 

ဝင်ရောက်နေသည့် ကလေးများ။

 

(၂) အမိအဘ တစ်ဦးရှိသော်လည်း
ဝေဒနာ ခံစားနေရ၍ ကလေးအား ပြုစု

 

စောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့်
ကလေးနှင့်

 

(၃) အခြေအနေအရပ်ရပ်ကို
ထောက်ရှု၍ ပြုစုပျိုးထောင်ရန် လိုအပ်သည့်

 

မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများ။

 

 

အသက်ကန့်သတ်ချက် ။ ။ ( ၁ နှစ်ခွဲမှ
၁၂ နှစ်ထိ)

 

 

ဝန်ထမ်းရွေးချယ်ချက် ။ ။ လူမှုဝင်ထန်းကိစ္စများကို
စိတ်ပါဝင်စား၍ ဆေးပညာ တတ်မြောက်သောသူများ ခန့်ထားခြင်း (ဥပမာ- အငြိမ်းစားသူနာပြုဆရာမများနှင့်
အခြားဆေးပညာရှင်များကို အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စေခြင်း၊ သူနာပြုအကူများအား ကလေးများကို
အနီးကပ် ကြည့်ရှု့စေခြင်း။) ၀န်ထမ်းငယ်များ အဖြစ်သူနာပြုစုခြင်းနှင့် ကလေးသူငယ်စောင့်ရှောင်ခြင်းကို
စိတ်ပါဝင်စားသောသူများ၊
HIV ပိုးဝင်ရောက်ပြီး ဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး လုပ်အားကို
အပြည့်အ၀ အသုံးပြုနိုင်သူများကို ခန့်ထားရန်။

 

 

ပြုစုစောင့်ရှောက်မှု ။ ။ ကလေးငယ်များ၏
စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများကို ၀န်ထမ်းများကိုယ်တိုင်
ချက်ပြုတ် ကျွေးမွေးစေခြင်း၊ နေရာထိုင်ခင်းနှင့် အ၀တ်အထည်အသုံး အဆောင်များကို သန့်ရှင်းသပ်ရပ်စွာ
စနစ်တကျ အသုံးပြုစေခြင်း စသောကိစ္စရပ်များကို အမှုဆောင်အဖွဲ့မှ အလည့်ကျ သွားရောက်ကြီးကြပ်လမ်းညွှန်ခြင်း။

 

 

ကျန်းမာရေး ။ ။ ကလေးငယ်များ၏ ကျန်းမာရေးကို
ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အချိန်ပြည့် ကြည့်ရှု့ပြီး အမှုဆောင်အဖွဲ့ဝင်များ အပတ်စဉ်သွားရောက်ကြည့်ရှု့ခြင်းနှင့်
နေ့စဉ် (၂၄)နာရီ ကာလပတ်လုံး တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုရှိပါက အချိန်မရွေးကုသမှုခံယူရန်နှင့်
လိုအပ်ပါက အထူးကုဆရာဝန်ကြီးများ နှင့်ပြင်ပလူနာပြသခြင်း၊ ဆေးရုံတင်ကုသခြင်းများ ပြုလုပ်ခြင်း။

 

 

ပညာရေး ။ ။ (၁) ကလေးများအား ပြင်ပ
ပညာသင်ကြားရေးစနစ်ဖြင့် ဆရာ/ ဆရာများ ငှါးရမ်း ပညာသင်ကြားခြင်းနှင့် အတန်းပညာရရှိစေရန်
ပရဟိတဂေဟာများတွင် ဖွင့်လှစ်ထားရှိသော မူလတန်းကျောင်းများ၌ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိအောင်
စီစဉ်ပေးခြင်း။

 

(၂) လက်မှုလုပ်ငန်းနှင့်
ပန်းချီပန်းပုစသော အနုပညာဝါသနာပါသော ကလေးများအား အရွယ်အလိုက် အသိဥာဏ်ဖွံ့ဖြိုးမှုနှင့်
ကိုက်ညီသော ပညာသင်ကြားမှု ပြုလုပ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် သက်ဆိုင်ရာ ပညာရပ်များ
သင်ကြားပေးရန်။

 

(၃) ကလေးများအားလုံးအတွက်
ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် သင့်တော်သော နေရာထိုင်ခင်းများနှင့် ကစားနည်းများပြုလုပ်ပေးရန်။

 

 

ဆက်သွယ်လှူဒါန်းရန် ။ ။ (၁) ဒေါ်သန်းမြင့်အောင်
(၀၉-၉၉-၂၈၅၄၉)

 

(၂) ဒေါက်တာ တင်တင်ဝင်း
( ဂျူး)

 

( ၀၉-၅၀၀-၆၉၀၀၊ ၀၁-၇၀၄၆၅၆)

 

(၃) ဒေါက်တာ ထားထား
( စုထား )

 

( ၀၉-၂၀၁-၇၉၆၁)

 

(၄) ဒေါ်မြင့်မြင့်ခင်ဖေ
( ရွှေဇီးကွက်)

 

( ၀၉-၅၁၂-၇၀၀၅၊ ၀၁-၆၆၅၈၂၄)

 

(၅) ဒေါ်ကလျာထွန်း

 

( ၀၉-၅၁၆-၇၉၃၁၊ ၀၁-၇၀၅၉၈၈)

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်
(
Happy Haven Humanitarian Project)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top