14
Jun

သုခရိပ်မြုံတွင် မိတ်ကပ်တိုးတိုး မွေးနေ့ အလှူဒါနပြု

ဝတ်စုံဒီဇိုင်းနှင့် မိတ်ကပ် ပညာရှင်တိုးတိုး၏ မွေးနေ့အလှူ အဖြစ် ဇွန်လ ၇ ရက်နေ့တွင် သုခရိပ်မြုံ  HIV AIDS ဝေဒနာရှင် ကလေးငယ်များ  ကျွေးမွေးပြုစု   စောင့်ရှောက်ရေး မိဘမဲ့ဂေဟာသို့သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ”မွေးနေ့ရက်က ဇွန် ၁ကို အဲဒီနေ့ အလှူရှင်ရှိတော့ ၇ ရက်နေ့မှ လှူဖြစ်တာပါ။

တကယ်လိုအပ်တဲ့ ကျောင်းနေ အရွယ် ကလေးတွေ အတွက်လည်း စာရေးကိရိယာနဲ့ မိုးတွင်းလုံခြုံမှုရအောင် စောင်တွေ လှူဖြစ်တာပါ”ဟု ၄င်းက ပြောသည်။ ၄င်းအနေဖြင့် သုခရိပ်မြုံရှိ ကလေးငယ် ၈၃ ဦးအတွက် ယင်းသို့ လှူဒါန်းခြင်းဖြစ်ပြီး ပရဟိတ လုပ်ငန်းသည် အများလိုအင်ဆန္ဒကို ဖြည့်ဆည်း ခြင်းဖြစ်၍ ဆုများ မတောင်းဘဲ ပြည့်နိုင်ကြောင်း ယုံကြည်၍ ကြိုးစား လုပ်ဆောင် နေကြောင်းလည်း ၄င်းကဆိုသည်။

Popular - သုခရိပ်မြုံတွင် မိတ်ကပ်တိုးတိုး မွေးနေ့အလှူဒါနပြု 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top