27
Nov

သုခရိပ်မြုံဂေဟာက ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲ

အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံနေရတဲ့ မိဘမဲ့ကလေးငယ် ၁၁၄ ယောက်ကို စောင့်ရှောက်နေတဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာက စိတ်ဓာတ်မြှင့်တင်ရေးအတွက် အလှူရှင်တွေ၊ ဂီတအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ကန်တော်ကြီးမှာ ပျော်ပွဲရွှင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အရင်က World Vision နဲ့ ပူးပေါင်းပြီး အခြားဂေဟာတွေက ကလေးတွေ ပါဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သွားလာရေး အခက်အခဲတွေအပြင် ကလေးတွေကျန်းမာရေးကြောင့် မသွားနိုင်လို့ အခုလို သီးခြားလုပ်ဖြစ်တာပါလို့ ကဗျာဆရာစောဝေက ပြောပါတယ်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ် နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး ကလေးငယ် ၂၆ ယောက်နဲ့ စတင်ခဲ့တာ အခုဆို ၇ ကြိမ်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ကျွန်းရှိရာ ပြည်သူ့ခမ်းမမှာ ကျင်းပခဲ့တဲ့ ဒီပျော်ပွဲရွှင်ပွဲမှာ ဂီတအနုပညာရှင်တွေက သီချင်းတွေဖျော်ဖြေသီဆိုခဲ့ပြီး ကဗျာဆရာတွေကလည်း ကဗျာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာဟာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာရှင်တွေရဲ့ ပရဟိတလုပ်ငန်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးတွေဆိုတာ သူတို့မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ပြောင်းလဲမှုပုံစံအတိုင်း ဝင်သွားတာမျိုးဖြစ်လို့ အနာဂတ်ကောင်းမွန်ရေး အားလုံးကဝိုင်းပြီး ကြိုးစားသင့်တယ်လို့ ပြောလာသူက အဆိုတော် နဒီထိုက်ပါ။

ကမာရွတ် -သုခရိပ်မြုံဂေဟာက ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top