20
Dec

သူများဆီမှာ ဒါတွေဖြစ်နေကြတယ်

1. Average man sleeps with 9 different partners in entire life span
2. British teenage girls having sex before 16

“သာမန် (ရိုးရိုး) ယောက်ျား တယောက်ဟာ တသက်တာမှာ မိန်းမဖေါ် ၉ ယောက်နဲ့ အိပ်စက်ကြတယ်” ဆိုတဲ့သတင်းဟာ ဗြိတိန် ကလာတာပါ။ သူတို့ဆီက မိန်းမတွေကော ဘယ်လောက် များများ ယောက်ျားတွေနဲ့ အတူအိပ်ဘူးကြသလဲ။ ၄ ယောက်ထဲပါတဲ့။

Health Survey for England ကနေ လေ့လာမှု လုပ်လို့ သိရတာပါ။ တိတိကျကျပြောရရင် ယောက်ျားတွေမှာ အိပ်ဘူးတဲ့ မတူတဲ့ မိန်းမပေါင်း ၉့၃ ယောက် ရှိပါတယ်တဲ့။ လေးပုံတပုံက ၁ဝ ယောက်မက မိန်းမတွေနဲ့ အိပ်စက်ဘူးကြပြီး၊ သုံးပုံ တပုံက “မှန်းပြောရတာတဲ့ ကောင်းကောင်းတောင် မမှတ်မိပါဘူး” လို့ ရိုးသားစွာ ဝန်ခံပါတယ်။

အမျိုးသမီးတွေရဲ့ ကိန်းဂဏန်း အတိအကျကတော့ ၄့၇ ယောက်သော ယောက်ျားသားများနဲ့ အတူအိပ်ဘူးကြတယ်လို့ ဆိုပါတယ်။ လေးပုံတပုံကသာ တယောက်ဆို တယောက်တဲ့။ ယောက်ျားတွေနဲ့ ကွာတာက သူတို့နဲ့အတူအိပ်ဘူးသမျှကို မှတ်မိကြပါသတဲ့။

ဒါပေမဲ့ တယောက်မကတဲ့ လိင်ဆက်ဆံဘက်ရှိတာကို လိင်ခွဲခြားပြောရရင် မိန်းမတွေကို ယောက်ျားတွေက မမှီဘူး။ မိန်မးမှန်သမျှရဲ့ ၂၄% ဟာ ယောက်ျားတယောက်မကနဲ့ ဆက်ဆံဘူးပြီး ယောက်ျား ၁၇% သာ မိန်းမတယောက်မကနဲ့ ဆက်ဆံဘူးကြပါသတဲ့။

တယောက်ချင်းစံချိန်ကို ယှဉ်ရင်တော့ ယောက်ျားက သာပြန်ရော။ ယောက်ျားထဲက ၂၇% ဟာ မိန်းမ ၁ဝ ယောက်မကနဲ့ အတူအိပ်ဘူးပေမဲ့ ယောက်ျား ၁ဝ ယောက်မကနဲ့ အတူနေဘူးတဲ့ မိန်းမအရေအတွက်ဟာ ၁၃% သာရှိပါတယ်။ အသက်ရတဲ့ မိန်းမတွေက တယောက်ဆိုတယောက် ပိုများပါတယ်။ ၅၅ နှစ်ကနေ ၆၉ နှစ် ကြား မိန်းမထဲက ၄ဝ% ဟာ အိပ်စက်မဲ့ ယောက်ျားဖေါ်တယောက်ထဲ သတ်သတ်မှတ်မှတ် ရှိကြတယ်။

ဒီသုတေသန နဲ့ ဆက်ပြီး သိသင့်သေးတဲ့ နောက်တခုကတော့ ဆယ်ကျော်သက်တွေကကော ဘယ်လိုပါလဲ ဆိုတာ ဖြစ်တယ်။ ဗြိတိန်မှာပါဘဲ၊ ၁၆ နှစ်မပြည့်ခင် လိင်ဆက်ဆံမှု ရှိကြတာ ပိုများလာနေပါသတဲ့။ အဖွါးတွေ၊ အမေတွေ၊ အမတွေထက် ကဲကြပါတယ်။

National Healthy Service (NHS) 2010 က ထုတ်ပြန်ချက်ဘဲ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အရွယ် မိန်းကလေးတွေကို လေ့လာတဲ့အခါ လေးပုံတပုံ (၂၇%) က ၁၆ နှစ်မပြည့်ခင်ကတည်းက လိင်ဆက်ဆံမှုပြုခဲ့ဘူးပါတယ် လို့ ဝန်ခံကြတယ်။ အသက် ၃၅ နဲ့ ၄၄ ကြား အမျိုးသမီးများကို မေးကြည့်တော့ ၁၄% ကသာ အဲလိုမျိုး အတွေ့အကြုံကို ရယူခဲ့ပါသတဲ့။ ၅၅-၆၉ မိန်းမကြီးတွေကတော့ ၄% သာ အဲလို ၁၆ နှစ်အထိမစောင်နိုင်ခဲ့တာ ရှိပါတယ်။

၁၆ နှစ်ကနေ ၂၄ နှစ်ကြား မိန်းကလေးများထဲက ၁ဝ ယောက်မှာ တယောက်က ယောက်ျား ၁ဝ ယောက်နဲ့ အိပ်စက်ဘူးကြပါတယ်။ အဲလို ကိန်းဂဏန်းတွေ တက်လာသလို လိင်ကတဆင့် ကူးစက်ရောဂါ စမ်းသပ်ပေးရမှုနှုန်းကလဲ လိုက်တက်လာပါတယ်။ အသက် ၄၅-၅၄ နှစ်ကြား မိန်းမတွေထဲက ၁၂% သာ အဲဒီရောဂါအတွက် လာစစ်စရာလိုပေမဲ့ ဒိထက်ငယ်တဲ့ မိန်းမ ၄၄% က Chlamydia (ကလာမိုင်ဒီးယား) စတဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါ စစ်ဆေးကြရပါတယ်။

(ကလာမိုင်ဒီးယား) ဆိုတာ Chlamydia trachomatis ဗက်တီးရီးယားကနေကူးစက်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ အများဆုံးဖြစ်တယ်။ ပိုးရှိနေသူ ယောက်ျား ၄ ယောက်ထဲက ၁ ယောက်မှာ ဘာမှ လက္ခဏာ မပြဘူး။ ကျန် ၃ ယောက်မှာ ဆီးပူ-ဆီးအောင်မယ်၊ ဆီးပေါက်-စအိုကနေ အရည်တခုခုဆင်းမယ်၊ ကျား-အစိ၊ စအိုနေရာ နာမယ် (စအိုလမ်းသုံး ဆက်ဆံရင်)။

ပိုးရှိတဲ့ မိန်းမ ၃ဝ% ကလဲ ရောဂါလက္ခဏာမပြဘူး။ ၇ဝ% မှာ ဆီးပူ-ဆီးအောင်မယ်၊ လိင်ဆက်ဆံရင် မနာသင့်ဘဲ နာမယ်၊ (ဗဂျိုင်းနား)-စအို (စအိုလမ်းသုံး ဆက်ဆံရင်) ကနေ တခုခုဆင်းမယ်၊ ရောဂါ ဘေးကိုပြန့်ရင် ဆီးစပ်နေရာ နာမယ်၊ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်မယ်၊ အသဲကို ရောဂါရောက်မယ်။

ဆေးကုရတာ သိပ်တော့ မခက်ပါ။ Tetracyclines, Azithromycin, Erythromycin တခုခုပေးရတယ်။ သတိထားဘို့က ဒီရောဂါ တခုထဲမကဘဲ Gonorrhea (ဂနိုရီးယား) ဒါမှမဟုတ် Syphilis (ဆစ်ဖလစ်) ပါတွဲနေတတ်တယ်။ ဖြစ်နေသူနဲ့ အတူအိပ်တဲ့ အဖေါ်မှန်သမျှကိုလဲ ဆေးစစ်၊ ဆေးကုရမယ်။ ပြန်ပြန်ဖြစ်တတ်သေးတယ်။

ဒေါက်တာတင့်ဆွေ (၁၉-၁၂-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - သူများဆီမှာ ဒါတွေဖြစ်နေကြတယ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top