26
May

သန္ဓေသားသို့ အိပ်ခ်ျအိုင်ဗီမကူးစက်ရေး မိခင် ၆၀ ဦးအထိ တိုးမြှင့်ဆောင်ရွက်မည်



အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိ
မိခင်မှ သန္ဓေသားသို့ ရောဂါကူးစက်မှု လျှော့ချနိုင် ရေး ကာကွယ်ဆေးတိုက်ကျွေးသည့် အစီအစဉ်တွင်
ယခုနှစ်၌ မိခင် ၆၀ ဦး အထိ တိုးမြှင့် တိုက်ကျွေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ
မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA) စီမံကိန်း အတိုင်ပင်ခံ ဒေါက်တာမောင်မောင်လွင်က
ပြောသည်။

"ပြီးခဲ့တဲ့နှစ်က
ဒီအစီအစဉ်အတွက် ရောဂါပိုးရှိ မိခင်လောင်း ၄၀ ကို ဆေး တိုက်ကျွေးခဲ့တယ်။ မိခင်ကနေ ကလေးကို
ရောဂါပိုးမကူး စက်အောင် လုပ်နိုင် ခဲ့တဲ့ အောင်မြင်မှုတချို့ ရခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါအစီအစဉ်ကို
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ အိပ်ခ်ျအိုင်ဗီ
မိခင်မှ သန္ဓေသို့ ရောဂါပိုး ကူးစက်မှုကာကွယ်ရေး ပညာပေးခြင်း သင်တန်းများကို ရှမ်းပြည်နယ်
မူဆယ်၊ လားရှိုး၊ တာချီလိတ်၊ တောင်ကြီး၊ မွန် ပြည်နယ် ကျိုက်ထို၊ မန္တလေးတိုင်းတွင် ပြည်ကြီးတံခွန်၊
ညောင်ဦး၊ မကွေးတိုင်းတွင် မကွေး၊ စစ်ကိုင်းတိုင်း မုံရွာ၊ ရွှေဘို၊ ဧရာဝတီ တိုင်း ပုသိမ်နှင့်
ဟင်္သာတ၊ မွန်ပြည်နယ် ကျိုက်ထို၊ ရန်ကုန်တိုင်းတွင် မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်တို့တွင်
ပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သဘာဝဘေးဒဏ်ကျရောက်နိုင်သော
ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ၁၅ မြို့တို့တွင် အမျိုးသမီး
များအတွက် မျိုးဆက်ပွားကျန်းမာရေး ပညာပေး အစီအစဉ်များနှင့် ပြောင်းရွှေ့လုပ်သားများ
အိပ်ခ်ျအိုင်ဗီပိုး ကူးစက်မှုကာကွယ်ရေး ပညာပေး အစီအစဉ်များကို တာချီလိတ်နှင့် မူဆယ်မြို့တို့တွင်
ဆောင်ရွက်မည်ဖြစ်သည်။

 

မြန်မာတိုင်းမ်
- အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၇)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top