သံဃာတော်များအတွက် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်
ဆိုင်ရာ ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ဒုတိယအကြိမ် သင်တန်းကို
ဖွင့်လှစ်ခဲ့ကြောင်း ရတနာ့မေတ္တာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7 Day News သို့ပြောကြားသည်။
“သံဃာတော်တွေထဲမှာ သွေးသွင်းရာကတစ်ဆင့်
ကူးစက်တာတွေ ရှိနေတဲ့အတွက် ဒီကျန်းမာရေး အသိ ရှိနေမှဖြစ်မယ်။ စာသင်တိုက်ကြီး တွေက
စာသင်စာချ သံဃာတော်တွေ သိသွားရင် ပျံ့နှံ့အောင် ဒကာဒကာမတွေကိုလဲ တရား၊ ဓမ္မနဲ့
ဟောပြနိုင်အောင် ရည်ရွယ်ပါတယ် ဒီကာကွယ်ရေး လုပ်ငန်းတွေမှာ သံဃာတော်တွေ
ဝိနည်းနဲ့အညီ အပ်အပ်စပ်စပ် ပါဝင်နိုင်ဖို့ ဒီသင်တန်းတွေကို ဖွင့်ပေးတာပါ” ဟု
ရတနာ့မေတ္တာ အဖွဲ့မှ စီမံကိန်း မန်နေဂျာက 7 Day News သို့ပြောကြားသည်။
ရတနာ့ မေတ္တာအဖွဲ့သည် ယခုနှစ်အတွင်း
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဆိုင်ရာကာကွယ်ရေး ကူညီစောင့်ရှောက်ရေး
သီလရှင်များအတွက် သီးသန့်သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ရဟန်း၊ သံဃာများအတွက်
ဖွင့်လှစ်ရခြင်းမှာ ယခု ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၀၆ ခုနှစ်တွင်
မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည်။
သံဃာတော် ၃၂ပါး တက်ရောက်ခဲ့ပြီး ယခုဖွင့်လှစ်သည့်
သင်တန်းသို့ သံဃာတော် အပါး ၂၀ကျော်တက်ရောက်ခဲ့ကြောင်း သိရပါသည်။
7 Day News (20-8-2007)




