24
Feb

သံတွဲကြောင်းတူ လူကုန်ကူးမှုများ



၂၀၀၉
ခုနှစ် ဖေဖေါ်ဝါရီလ အတွင်း The United Nations Office on Drugs and Crime (UNODC) မှ
နောက်ဆုံး ထုတ်ပြန်သည့် အစီရင်ခံစာ အရ လူကုန်ကူးမှုတွင် အမျိုးသမီး များသာ အဓိက ထုံးစံအတိုင်း
သားကောင် ဖြစ်ခဲ့ကြရ သော်လည်း ထိုပြစ်မှု ကျူးလွန်ရာ၌ အမျိုးသမီးများ သည်လည်း အဓိက ပါဝင်
ပတ်သက်ကြသည်ဟု ထုတ်ဖော် တွေ့ရှိလာရသည်။ အမျိုးသမီးများနှင့် ဆက်နွယ်သည့် လိင်ကုန်ကူးမှုကိုသာ
အများဆုံး လေ့လာစုံစမ်း ပြုလုပ်နိုင်ခြင်းကြောင့်လည်း ဖြစ်သည်။

အထူးသဖြင့်
အုပ်စု ဖွဲ့ကျူးလွန်သည့် ပြစ်မှုများတွင် အမျိုးသားများ၏ လုပ်ဆောင်မှုကြောင့်သာ ဖြစ်ပွားရသော်လည်း
လူကုန်ကူးမှုတွင်မူ အမျိုးသမီးဦးရေ အများအပြားသည် လက်သည် တရားခံများ ဖြစ်ကြသည်။ ဥရောပနိုင်ငံတွင်
အခြား ပြစ်မှုများထက် လူကုန်ကူးမှုတွင် အမျိုးသမီးများအား ပြစ်ဒဏ်ပေး ခံရမှု များသည်။

လုပ်အား
အမြတ်ထုတ်ရန် အတွက် အမျိုးသားများသာ အဓိက လူကုန်ကူးခြင်း ခံနေကြရသော်လည်း ဖော်ထုတ်နိုင်မှု
နည်းပါး နေသေးသည်။ လူကုန် ကူးမှုတွင် အဓိက ဖြစ်ပွားကြမှုများမှာ ကာမဆိုင်ရာ အမြတ် ထုတ်ခြင်းနှင့်
အဓမ္မ အလုပ်ခိုင်းစေခြင်းတို့ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ ခန့်မှန်းချက်အရ
နှစ်စဉ် လူဦးရေ ၂ သန်းကျော် ကျွန်ပြုခံနေရသည်။ လိင်ကုန်ကူးမှုနှင့် အဓမ္မ အလုပ်ခိုင်းစေမှု
အတွက် လူကုန် ကူးခြင်းသည် ပိုမို ဆိုးဝါးလျက် ရှိခြင်းမှာ နိုင်ငံ အများအပြားမှ ထိုကမ္ဘာ့
ပြဿနာကို မသိကျိုးကျွန် ပြုနေခြင်းကြောင့် ဖြစ်သည်။ နှစ်စဉ် လူကုန် ကူးခြင်းခံနေရသည့်
အရေအတွက်ကိုလည်း နိုင်ငံ အများအပြားမှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

လူကုန်ကူးမှု
ပုံစံ အသစ်များမှာ အိမ်ဖော် အဖြစ် ခိုင်းစေရန် လူကုန်ကူးခြင်း၊ ကလေးငယ်များအား တောင်းရမ်းခိုင်းစေရန်
အတွက် လူကုန်ကူးခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြားရန် အတွက် လူကုန်ကူးခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ
ထုတ်ယူရန် အတွက် လူကုန်ကူးခြင်းနှင့် ယစ်ပူဇော်ရန် အတွက် လူကုန် ကူးခြင်းတို့ ဖြစ်ပွားနေကြသည်ကို
တွေ့လာရသည်။

ဥရောပ
အလယ်ပိုင်းနှင့် အနောက်ပိုင်း တို့တွင် ကလေးငယ်များအား တောင်းရမ်း ခိုင်းစေရန်အတွက်
လူကုန်ကူးမှုများ ပိုမိုဖြစ်ပွားလာကြသလို နယ်စပ်တွင် ကလေး ပျောက်ဆုံးမှု၊ ရောင်းစားမှုများ၊
အများအပြားဖြစ် လာသဖြင့် ရွှေ့ပြောင်း အလုပ်သမား ကလေးများအတွက် ဖွင့်ထားသည့် စာသင်ကျောင်းများသို့
မိဘများမှ ကျောင်းမလွှတ်ရဲအောင် စိုးရိမ်သောက ရောက်နေကြသည်။

လူကုန်
ကူးခြင်းခံရသူ သားကောင်များ၏ ၂၀ ရာခိုင်နှုန်းသည် ကလေးများ ဖြစ်ကြသည်။ အများစုမှာ အာဖရိကနှင့်
အရှေ့တောင်အာရှ မဲခေါင်ဒေသ တို့တွင် တွေ့ရသည်။ ကလေးများ၏ သွက်လက် ကျွမ်းကျင်သော လက်ချောင်းများကို
အသုံးပြုကာ ငါးဖမ်းပိုက်များ ရှုပ်ထွေးနေသော ငါးဖမ်းပိုက်များဖြေ ခြင်းလုပ်ငန်း၊ ဇိမ်ခံပစ္စည်းများ
ချုပ်လုပ်သည့် လုပ်ငန်းများ (သို့) စိုက်ပျိုးသီးနှံ ခူးဆွတ်ခြင်းတို့တွင် ခိုင်းစေကြသည်။
၎င်းတို့၏ မလည်မ၀ယ် အပြစ်ကင်းစင်မှု အပေါ် အလွဲသုံးစားပြုကာ တောင်းရမ်းစား သောက်ခိုင်းခြင်းနှင့်
ပြည့်တန်ဆာများကဲ့သို့ ကာမရ ယူခြင်းတို့ ခံနေကြရသည်။

လူ့ခန္ဓာကိုယ်
အစိတ်အပိုင်းများ ထုတ်ယူ ရောင်းချရန် အတွက် လူကုန် ကူးခြင်းကို ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့်
တောင်အာရှဒေသများတွင် ပိုမိုဖြစ်ပွားလျက် ရှိသကဲ့သို့ တရုတ်နိုင်ငံ တွင်လည်း ထိုပြစ်မှုအား
ကာကွယ်ရန်အတွက် ခန္ဓာ ကိုယ်အစိတ်အပိုင်း အစားထိုး ကုသရန် အတွက် လာရောက်ကြသော နိုင်ငံခြားသားများကို
ခွင့်ပြု လိမ့်မည် မဟုတ်တော့ဟု တရုတ်နိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။
တရုတ် နိုင်ငံသားများ၏ ကိုယ်ခန္ဓာအစိတ် အပိုင်း အစားထိုး ကုသမှု လိုအပ်ချက် များပြားလာမှုနှင့်
ကမ္ဘာနှင့်အ၀န်း အစားထိုး ကုသရန် ကိုယ်ခန္ဓာ အစိတ်အပိုင်း ရှားပါး လာမှုကြောင့် ဖြစ် သည်။
နိုင်ငံ အများအပြားတွင် ခန္ဓာကိုယ်အစိတ် အပိုင်း လှူဒါန်းမည့်သူ ရှားပါးလာခြင်းနှင့်
အင်္ဂါ အစိတ်အပိုင်းများ ရှားပါးမှုတို့မှာ ပြဿနာ တစ် ရပ်ဖြစ်နေသည်။ ယခင်က တရုတ်နိုင်ငံတွင်
ကိုယ်ခန္ဓာ အစိတ်အပိုင်း အစားထိုးကုသရန် အတွက် နိုင်ငံခြားသားများအား Web Site များ
ဖြင့် ကြော်ငြာကာ ရောင်းချခဲ့ကြဖူးသည်။

တရားမ၀င်
ကိုယ်ခန္ဓာ အစိတ်အပိုင်း ကူးသန်း ရောင်းဝယ်မှုသည် တစ်ကမ္ဘာလုံး စိုးရိမ်ဖွယ်ရာ အဖြစ် တိုးပွားလျက်
ရှိသည်။ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့၏ ခန့်မှန်းချက် အရ နှစ်စဉ် အစားထိုး ကုသရသည့် ကျောက်ကပ်
၇ သောင်းရှိရာ ၁၄ယ၀၀၀သည် မှောင်ခို ဈေးကွက်မှ ၀ယ်နေကြ ရသည်ဟု သိရသည်။ အမေရိကန် တစ်နိုင်ငံ
တည်းသည်ပင်လျှင် ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသရန် အတွက် လူတစ်သိန်းခန့် ရှိပြီး
ကုသရန် ၃ နှစ်ထိ စောင့်နေကြရသည်။

နေတိုး
တပ်ဖွဲ့ဝင်များ ၁၉၉၉ ခုနှစ်အတွင်းက လူမျိုးတုံး သတ်ဖြတ်မှု အဆုံးသတ်ရန် အတွက် ဗုံးကြဲ
တိုက်ခိုက်စဉ် အတွင်းကို ဆိုဗိုလွတ်မြောက် ရေးတပ်မှ ဖမ်းဆီးထားသော Kosovo Serbs
3000 ခန့်ထံမှ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကုန်ကူးမှုပြုခဲ့မှုကို ၂၀၀၄ ခုနှစ် ကုလသမဂ္ဂ
စစ်ဆေးရေး အရာရှိများမှ အထောက်အထားများဖြင့် အယ်ဘေးနီးယား မြောက်ပိုင်းရှိ အိမ်တစ်အိမ်တွင်
ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ် အောက် တိုဘာလက ၄င်းကိစ္စ ပြန်လည်စုံစမ်းရန် အတွက်
ဆာဗီးယားမှ ကြိုးပမ်းခဲ့သေးသည်။ ထို့ကြောင့် စစ်ပွဲများအတွင်းတွင် လူကုန်ကူးမှုများ
ပတ်သက် ခဲ့သည်ကို တွေ့နိုင်ပေသည်။

UNODC
၏ အစီရင်ခံစာတွင် ဒေသအသီး သီးမှ လူကုန်ကူးခြင်း ခံရသူ ကလေးငယ် ၄ ဦး ၏ ကြေကွဲဖွယ်ရာ
အဖြစ်အပျက်ကို မီးမောင်း ထိုးပြရာ၌ ကင်မရွန်းနိုင်ငံ သူ ဆယ်ကျော်သက် ကလေးငယ်တစ်ဦးအား
အမေရိကန်နိုင်ငံ တွင် ကျောင်းထားပေးမည်ဟု ကတိပေးခေါ်သွားကာ ကျွန်ပြုခြင်း၊ တစ်နေ့ ၁၅
နာရီ အလုပ်ဆင်းခိုင်း ခြင်း၊ လစာ မပေးဘဲ ရိုက်နှက်ခံရခြင်းတို့ ကြုံ ခဲ့ရပုံ၊ မော်ဒိုဗာနိုင်ငံ
ကလေးငယ်တစ်ဦး အိမ်မှထွက်ပြေးခဲ့ရာမှ လူကုန်ကူး သူလက်ထဲရောက်ပြီး ပိုလန်နိုင်ငံတွင်
တောင်းရမ်း ခိုင်းစေခံရပုံ၊ လူကုန်ကူး ခြင်းခံရသည့် ကမ္ဘောဒီးယား ကလေးမ တစ်ဦးအား ထိုင်းနိုင်ငံတွင်
သစ်သီး ရောင်းခိုင်းပြီး ဆိုင်ရှင်မှ ၀င်ငွေ မလုံလောက်သဖြင့် ပြည့်တန်ဆာ အဖြစ် ခိုင်းစားခံရပုံ၊
ဂါနာနိုင်ငံမှ ကလေးငယ်တစ်ဦး အရောင်းစာရေးခန့်မည်ဆိုပြီး မထင်ရှားသည့် ငါးလုပ်ငန်းဒေသသို့
ပို့ခံရကာ အသက်အန္တရာယ်ရှိသည့် မသန့်ရှင်းသောအလုပ်များ အဓမ္မခိုင်းစေခံရပုံတို့ကို ဖော်ပြထားသည်။
ထိုဖြစ် စဉ်များကို ကြည့်ခြင်းအားဖြင့် သန်းပေါင်းများစွာ ဆပွားပြီး ၄င်းတို့ကဲ့သို့
အတိဒုက္ခရောက်နေကြသည်ကို ခန့်မှန်း တွက်ဆနိုင်ကြလိမ့်မည် ဖြစ်သည်။

လိင်ကျွန်ပြုခြင်းသည်
လူကုန်ကူးမှု ဖြစ်ပွားမှု၏ ၇၉ ရာခိုင်နှုန်း ခန့်ရှိပြီး၊ အဓမ္မခိုင်းစေခြင်း (သို့)အကြွေးဖြင့်
ခိုင်းစေခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြား ခြင်းနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ထုတ်ယူခြင်းတို့သည်
လူကုန်ကူးမှု ဖြစ်ပွားမှု၏ ၁၈ ရာခိုင်နှုန်းခန့် သာရှိသည်။ အခြား လူကုန်ကူးခြင်းခံရမှုပုံစံ
များမှာ ယေဘုယျအားဖြင့် စုံစမ်း ထောက်လှမ်းမှု နည်းသေးသည်။ ကမ္ဘာ့ တိုက်ကြီးများ အကြား
ရွှေ့ပြောင်းသွားလာပြီး လူကုန်ကူးမှု ရှိနေကြသော်လည်း အများဆုံး ကိုယ်ကျိုးရှာ၊ အမြတ်ထုတ်
ခေါင်းပြုံဖတ်မှု ပြုနေကြခြင်း၊ နိုင်ငံ အတွင်းနှင့် ဒေသ အတွင်းမှာပင် ဖြစ်ပွားနေကြသည်ကို
ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရသည်။

လူကုန်ကူးမှု
အကြောင်းကို သိရှိသူ နည်းသောကြောင့် ဆိုးကျိုးသက် ရောက်မှု အရေအတွက် ခန့်မှန်းနိုင်မှု
မရှိခဲ့ကြ။ နိုင်ငံဖြတ်ကျော် ပြစ်မှုလည်း ဖြစ်၍ နိုင်ငံအချင်းချင်း သတင်းဖလှယ် ပူးပေါင်း
ဆောင်ရွက်ရန်မှာ အဓိက အခန်းကဏ္ဍက ပါဝင်လာသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူကုန်
ကူးမှုနှင့် ပတ်သက်၍ ဖြစ်ထွန်း နေမှုများကို လျစ်လျူရှု မထားရန်နှင့် ကျယ် ကျယ်ပြန့်ပြန့်
လေ့လာမှုပြုကြရန် UNODC အစီရင်ခံစာမှ တိုက်တွန်းထားသည်။

 

ရွှေအမြူတေ
- သံတွဲကြောင်းတူ လူကုန်ကူးမှုများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top