လက်တလော
မြန်မာနိုင်ငံ အခြေအနေများက အလွန်အမင်း စိုးရိမ်မကင်းနှင့်
ဝမ်းနည်းကြေကွဲဖွယ်ရာများ ရင်ဆိုင်နေရသည်။ မေလ (၂) ရက်နေ့က ကျရောက်ခဲ့တဲ့
မုန်တိုင်း နာဂစ်စ်ကြောင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာ
ပျောက်ဆုံးနေသည်။ လူဦးရေ သန်းနဲ့ချီပြီ အိုးမဲ့ အိမ်မဲ့ဖြစ်မှုများ၊ နစ်နာဆုံးရှုံးမှုများ
တွေ့ကြုံခံစားနေရသည်။ မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးများကြောင့်
အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ အပူတပြင်း လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။ ၄င်းလုပ်ငန်းများ
လုပ်ဆောင်နိုင်ရန် ယနေ့ဆို (၁၁) ရက်ကြာတဲ့အထိ အစိုးရမှ နှောင့်နှေးကြန့်ကြာအောင်
လုပ်ဆောင်နေမှုများကို တွေ့မြင်ရသည့် အတွက်လည်း မြန်မာနိုင်ငံသားများနှင့် ထပ်တူ ၀မ်းနည်း
ကြေကွဲရသလို စိုးရိမ်ပူပန်မိကြောင်း ဖော်ပြလိုပေသည်။
မြန်မာပိုင်း
အစီအစဉ်ကို ကဏ္ဍသစ်တစ်ရပ် အနေနှင့် စတင်ထည့်သွင်းရန် ၂၀၀၈ ခုနှစ် မတ်လမှ
အစပြုခဲ့သည်။ ပုံမှန် ထည့်သွင်းသွားရန် စီစဉ်ထားသော်လည်း အကြောင်း
အမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိခဲ့သည်။ ယနေ့မှ စတင်ကာ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သည့်
ကောင်းနိုးရာရာ သတင်းဆောင်းပါးများကို ထုတ်နုတ်ဖော်ပြသွားမည် ဖြစ်ပါသည်။ အကြံပြုချက်များ
ပေးပို့နိုင်ပါသည်။
[ဟင်း မ်]
မြန်မာကဏ္ဍ မော်ဒရေတာ
++++++++++++++++++




