26
Nov

ဟီလာရီကလင်တန် တောင်ဒဂုံရှိ HIV ဂေဟာသို့ သွားရောက်မည်

မြန်မာနိုင်ငံသို့ နှစ် ၅၀ အတွင်း ပထမဦးဆုံးလာရောက်မည့် အမေရိကန်ပြည်ထောင်စု၏ အဆင်အြမြင့်ဆုံး အစိုးရအရာရှိဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ရန်ကုန်မြို့သို့ရောက်ရှိခိုက် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ HIVပိုးကူးစက်ခံရသူ လူနာများကိုပြုစုစောင့်ရှောက်ပေးနေသော ဂေဟာသို့ လာရောက် ရန်ရှိကြောင်း အဆိုပါဂေဟာမှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်း က The Voice Weekly သတင်းဌာနသို့ပြောကြား ကြောင်းသိရပါသည်။

( မစ်စ် ကလင်တန်က ကျမတို့ ဂေဟာကိုလာဘို့အတွက် သူတို့သက်ဆိုင်ရာကနေ ဘေးပါတ်ဝန်းကျင်ကို လာကြည့်သွားတယ်။ ဒါပေမဲ့ လာ မလာဆိုတာကိုတော့ သေသေချာချာ သူတို့အကြောင်းမပြန်သေးဘူး ) ဟု ဒေါ်ဖြူဖြူသင်းက ပြောပါသည်။

ယင်းပြုစုစောင့်ရှောက်ရေးဂေဟာက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော Worlds AIDS Day အတွက် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် အထိမ်းအမှတ်ပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းနေ့အတွက်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ရန်ရှိကြောင်း ၄င်းက ရှင်းပြပါသည်။

World AIDS Day ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စတင်မည်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများမှ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးပို့မည်ဖြစ်ကြောင်း အဆိုပါဂေဟာမှ စေတနာ့ဝန်ထမ်း လုပ်အားပေး ကိုလှမျိုးအောင်ကပြော ကြားသည်။

( ကျွန်တော်တို့က အမှတ်တရ လက်ဆောင်တွေကို သော့ချိတ်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဝေါလ်ရှိ တို့ကို အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်း တောင်းနဲ့  မိတ္တီလာ တို့ကို နှစ်စဉ် ပို့ပေးနေကျအတိုင်း ပို့မှာပါ ) ဟု ၄င်းကရှင်းပြပါသည်။

အဆိုပါ ပြုစုစောင့်ရှောက်ရေးဂေဟာသည် အမှတ် ၃၇၆ ၊ ကမ္ဘောဇ ၂ လမ်း၊ ၁၈ B1 ဒဂုံမြို့သစ် တောင်ပိုင်း မြိုံနယ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

The Voice Weekly - ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV ပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top