သတင်းထုတ်ပြန်ချက် -
အာရှဒေသမှ အေအိုင်ဒီအက်စ် လှုပ်ရှားသူများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန် ဘာသာစကားပေါင်းစုံဖြင့် ရေးသားထုတ်လွှင့်သွှားမည့် အင်တာနက် စာမျက်နှာကို မြန်မာ၊ တရုတ် ဘာသာစကားများဖြင့် စတင်ထုတ်လွှင့်
(သြဂုတ်လ ၈ ရက်၊ ၂၀၁၁ ခုနှစ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ) - တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ အိတ်ခ်ျအိုင်ဗွှီ/ အေအိုင်ဒီအက်စ် နှင့် ပတ်သက်ပြီးလှုပ်ရှား လုပ်ကိုင်နေသူများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အင်တာနက် စာမျက်နှာ တစ်ခုကို ယနေ့မှ စတင်ကာ ထုတ်လွှင့်သွှားမည် ဖြစ်ကြောင်း ဟိုင်း! အာရှ (Hi! Asia) အဖွဲ့မှ ထုတ်ပြန် လိုက်သည်။ ဟိုင်း! အာရှ (အာရှ အိတ်ခ်ျအိုင်ဗွှီ သတင်းအချက်အလက်) http://hivasia.info/ အနေနှင့် အေအိုင်ဒီအက်စ် အရေး လှုပ်ရှားလုပ်ဆောင်နေသူများ အကြား သတင်းနှင့် အချက်အလက်များ ပိုမို ဖလှယ်သွှားနိုင်ရန် ဘာသာစကား နှစ်မျိုးဖြင့် ပထမဦးစွှာ လုပ်ဆောင်သွှားမည်။ တရုတ်၊ မြန်မာ နှင့် အခြား အာရှ နိုင်ငံများမှ အိတ်ခ်ျအိုင်ဗွှီ/ အေအိုင်ဒီအက်စ် နှင့် ဆက်နွှယ်ပတ်သက်သော ကိစ္စရပ်များအား ပိုမိုနားလည် သိရှိနိုင်ကြရန် အဓိက ဦးတည် လုပ်ဆောင်သွှားမည်။ ယခုစာမျက်နှာမှ မြန်မာ၊ တရုတ် နှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် စတင် ရေးသားဖော်ပြ သွှားမည်။
ဟိုင်း! အာရှ သည် လက်ရှိ ရှိနေသော အေးရှရီပို့ (Asia Report: http://www.yazhoudiaocha.com/)၊ ဟင်း[မ်] (HIM/ မြန်မာ အိတ်ခ်ျအိုင်ဗွှီ သတင်းအချက်အလက် - http://www.hivinfo4mm.org/blog) ဆိုက် နှစ်ခု ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခု ပူးပေါင်းလိုက်သည့် စာမျက်နှာတွှင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံမှ အေအိုင်ဒီအက်စ် နှင့် ပတ်သက်သည့် ကျွမ်းကျင်သူများ၏ အမြင်နှင့် ဆွေးနွေးချက်များ၊ အဖွဲ့အစည်းများ၊ လှုပ်ရှားမှုများ၊ ဆွေးနွေးပွှဲများ၊ အလုပ်အကိုင် အခွှင့်အလမ်းများကို စုဆောင်း တင်ပြသွှားမည်။
အိတ်ခ်ျအိုင်ဗွှီ ပညာပေးအစီအစဉ် တစ်ခု အဖြစ် တယ်လီဖုန်း၊ အီးမေးလ်ဖြင့် အိတ်ခ်ျအိုင်ဗွှီ/ အေအိုင်ဒီအက်စ်နှင့် ဆက်စပ်ရောဂါများနှင့် ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေး ပညာပေးမှု လုပ်ငန်းကို မြန်မာနိုင်ငံ အတွှင်း စတင် ဆောင်ရွှက် နေပါသည်။ အာရှ ဒေသတွှင်း အိတ်ခ်ျအိုင်ဗွှီ/ အေအိုင်ဒီအက်စ် နှင့် ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စရပ်များ ပြုပြင် ပြောင်းလဲ လုပ်ဆောင်ရေး အတွှက် ဥပဒေဆိုင်ရာ အေအိုင်ဒီအက်စ် စည်းမျဉ်း ဥပဒေများကို အင်္ဂလိပ်နှင့် တရုတ် ဘာသာစကားများဖြင့် စုဆောင်းဖော်ပြထားသည်။
မြန်မာ နှင့် တရုတ် အယ်ဒီတာ၊ သတင်းပေးပို့သူများက တည်းဖြတ် စီမံဆောင်ရွှက်နေပါသည်။ အသေးစိပ် အချက်အလက်များ သိရှိလိုပါက အောက်ပါ လိပ်စာများကို ဆက်သွှယ်နိုင်ပါသည်။
အယ်ဒီတာ (မြန်မာပိုင်းအစီအစဉ်)
Email: editormy[a]hivasia[dot]info
အယ်ဒီတာ (တရုတ်ပိုင်းအစီအဉ်)
Email: editorcn[a]hivasia[dot]info
သတင်းအချက်အလက်
Email: info[a]hivasia[dot]info




