14
Mar

အကာအကွယ် မပါပဲ HIV ဖြင့် နေထိုင်သူ အမျိုးသမီးနဲ့ ဆက်ဆံမိရင်

မေး။    ။ HIV/AIDS ဆိုတဲ့ ရောဂါက အကာကွယ်မပါပဲ ရောဂါရှိတဲ့ မိန်းမကို ဆက်ဆံမိရင်(ရောဂါ ရှိမရှိ မသေချာပါ.. ရှိတယ်ဆိုရင်ပေါ့ ဆရာ).... အရပ်စကားအရ တကြောင်းဆွဲပြီးရင် (ဆော်ရီးနော် ဆရာ) ကူးနိုင်ပြီလား ဆရာ.... ဒါဆို သုံးခေါက်လောက်ဆို သေချာပေါက် ကူးနိုင်ချေ များတာပေါ့နော်.... နောက်ပြီး ရောဂါ ရှိတဲ့ဆိုရင် ပြတဲ့လက္ခဏက ဘယ်လောက်ကြာရင် စတင်ပြတတ်ပါသလဲ ဆရာ ၁ လ လောက်နဲ့ ရောဂါ ပြတတ်ပါသလား.... နောက်ပြီး ရောဂါရှိတဲ့ယောကျာ်းလေးက မိန်းကလေးရဲ့ အင်္ဂါကို လျှာနဲ့ ဆက်ဆံခဲ့မယ် ဆိုရင် (လိင်မပါ) ကူးတတ်ပါသလား.... ရောဂါရှိတဲ့ ယောကျာ်းလေးက လိင်နဲ့ မိန်းမအင်္ဂါ ထဲကို ခနတာ (တကယ်ခနလေးပါ) ထည့်မိလိုက်တာနဲ့ကော မိန်းမဆီကို ရောဂါကူးနိုင်ပါသလား ဆရာ ....အရမ်း သိချင်ပါတယ်ဆရာ... လေးစားလျှက်

ဖြေ။    ။ ၁) HIV ရောဂါပိုးရှိတဲ့ သူနဲ့ တစ်ခါမျှ လိင်ဆက်ဆံရင် ကူးသလား မေးရင် ကူးနိုင်တယ်လို့ ဖြေရပါမယ်။ တစ်ခါတည်းပါ ဆိုပြီး ကူးသွားတဲ့ လူနာတွေ အများကြီး တွေ့ဖူးပါတယ်။ ၃ ခေါက်လောက်ဆိုရင်တော့ ကူးနိုင်ခြေက ပိုများပါတယ်။

HIV ပိုးရှိ/မရှိ မသေချာတဲ့ သူဆိုရင်တော့ ဖြေဖို့ ခက်ပါတယ်။ HIV ပိုးမရှိမှတော့ မကူးနိုင်ဘူးပေါ့။

၂) HIV ပိုးရှိတဲ့ လက္ခဏာတွေက ပိုးကူးစက်ပြီးတာနဲ့ ချက်ချင်း မပြတတ်ပါဘူး။ ပိုးကူးသွားတဲ့ လူရဲ့ ခုခံအားစနစ် (ကိုယ်ခံအား) ကျလာမှ လက္ခဏာတွေက ပြတတ် ပါတယ်။ လူတွေရဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး ပုံမှန်အားဖြင့် HIV ပိုးကူးစက်ခံရပြီး ၁ နှစ်မှ ၁၀ နှစ်အတွင်း ရောဂါလက္ခဏာ ပြတတ်ပါတယ်။

၃) ရောဂါရှိတဲ့ ကောင်လေးက ကောင်မလေးရဲ့ လိင်အင်္ဂါကို လျှာနဲ့ ဆက်ဆံရင် ကူးစက်နိုင်ခြေ နည်းပါတယ်။ ဥပမာ HIV ပိုးရှိတဲ့ ကောင်လေး ပါးစပ်မှာ ပြည်တည်နာတွေ ရှိတယ်ဆိုရင် ကောင်လေးရဲ့ တံတွေး ကနေ ကောင်မလေးရဲ့ လိင်အင်္ဂါ အတွင်းကို HIV ပိုးဝင်သွားနိုင်ပါတယ်။ ဒါကတော့ ဖြစ်နိုင်ချေ နည်းပါတယ်။

၎) ရောဂါရှိတဲ့ ကောင်လေးက ကောင်မလေး အင်္ဂါထဲကို ခဏတာ လိင်တံထည့်ရုံနဲ့ ကူးသလားမေးရင် ခဏဆိုတာ ဘယ်လောက်ကြာကို ပြောတာလဲလို့ ပြန်မေးရပါ လိမ့်မယ်။ အဓိက ကူးတာကတော့ HIV ပိုးရှိတဲ့ ကောင်လေးရဲ့ သုတ်ရည်ကနေ ကောင်မလေး လိင်အင်္ဂါထဲကို HIV ပိုးဝင်နိုင်တာပါ။ ဒီတော့ ခဏပဲ ထည့်ထည့် အကြာကြီးပဲ ထည့်ထည့် သုတ်ရည်ဝင်သွားရင်တော့ ကောင်မလေးကို ကူးစက်နိုင်ပါတယ်။
မေးခွန်းများ အတွက် ကျေးဇူးတင်ပါတယ်။

လေးစားလျက်
လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top