7
Oct

အကျိုးအမြတ် ရှိပေမယ့် HIV ပါ ကူးစေတဲ့ မြန်မာ့ ကျောက်စိမ်းလုပ်ငန်း

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ စတင်အပြီး နှစ်နှစ်ကြာသည့် အချိန်အထိ ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်အား အဓိက အထောက်အပံ့ပေးနေသည့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများရှိ ကပ်ရောဂါ များအား ဖြေရှင်းခြင်း မပြုနိုင်သေးပေ။

ထောင်ပေါင်းများစွာသော အလုပ်သမားများမှာ အမြတ်ထုတ် ခံနေရဆဲဖြစ်သည်။ မူးယစ်ဆေးဝါး ပြဿနာကလည်း ကမ္ဘာပေါ်တွင် HIV ကူးစက်ခံရသူ အများဆုံးရှိသည့် လူမှုအသိုင်းအ၀ိုင်း တစ်ခုအဖြစ် ဖန်တီးနေခြင်းကြောင့် ခန့်မှန်း၍ မရနိုင်လောက်သည့် အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ သိသိသာသာတိုးတက်လာသည့် အတွက် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေးပိတ်ဆို့ မှု အများစုအား ယခုနှစ်အစောပိုင်းတွင် သမ္မတ အိုဘားမားက ပယ်ဖျက်ပေးခဲ့သည်။

သို့သော် မြန်မာ့ကျောက်စိမ်းနှင့် ပတ္တမြားကုန်သွယ်ခွင့် ပိတ်ပင်ထားသည်ကိုမူ ဆက်လက်တိုးမြှင့်ခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည် အတွင်းတွင် ဖြစ်ပွားနေသော ဆိုးရွားသည့် ချိုးဖောက်မှု များကြောင့် ဖြစ်သည်ဟု ပြောကြားလိုက်သည်။ ကျောက်စိမ်းတွင်း အလုပ်သမားများမှာ အနာဂတ် လှပရေး မျှော်မှန်းချက်များ၏ ဆွဲဆောင်မှုကြောင့် ခက်ခဲပြီး မလုံခြုံသော အခြေအနေများအောက်တွင် အလုပ် လုပ်နေကြရသည်။ ပျောက်ဆုံး သွားခြင်းနှင့် သေဆုံးခြင်းများမှာလည်း ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေပြီး ခိုးမှုများ ကျူးလွန်ရန် ကြံစည်နေသူများ အတွက် သတိပေးချက် တစ်ခုကဲ့သို့ ဖြစ်နေသည်။

အလုပ်ဒဏ်မခံနိုင်တော့သည့် အလုပ်သမားအများစုက ၎င်းတို့၏ စိတ်ဖိစီးမှုများအား ပြေပျောက်စေနိုင်ရန် ကျောက်စိမ်း တူးသည့် နေရာအနီးအနားရှိ ဘိန်းဆိုင်များတွင် ဘိန်းထိုးကြတော့သည်။ဘီယာ တစ်ပုလင်း တန်ဘိုးထက် ဈေးသက်သာသည့် ထိုးဆေးများအား ထိုးပေးသူမှ ၈၀၀ ထက်မနည်းသော ဘိန်းလုပ်သား များ၏ သွေးကြောထဲသို့ တစ်ချောင်းတည်းသော အပ်ဖြင့် တိုက်ရိုက်ထိုးပေးလေ့ ရှိသည်။

ဘိန်းအမြောက်အမြားကိုလည်း ကျောက်စိမ်းတွင်းပိုင်ရှင်များက ထုတ်ပေးနေသည်။ ၎င်းတို့က ဘိန်းစွဲနေသော အလုပ်သမားများ၏ နေ့စဉ်လုပ်ခနှင့် ချိန်ညှိကာ ဘိန်းထုတ်ပေးလေ့ရှိသည်။ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများအတွင်း အလုပ်လုပ်နေသည့် ခန့်မှန်းချေလုပ်သားပေါင်း ငါးသိန်းခန့်အား ဤနည်းဖြင့် လုပ်အားခရှင်းပေးလေ့ရှိသည်။ အချို့မှာ တစ်နေ့လျင် ဘိန်းအစစ် ၁၀ ဂရမ်ခန့်အထိ သုံးစွဲကြသည်။

မသန့်ရှင်းသည့် အပ်များအား အသုံးပြုသည့် မူးယစ်ဆေးဝါး သုံးစွဲခြင်းထက် ဆိုးသည်မှာ အလုပ်သမားများက ပြည့်တန်ဆာများနှင့် မလုံခြုံသည့် လိင်ဆက်ဆံ မှုများ နေ့စဉ် ကျူးလွန်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုဒေသအတွင် HIV ရောဂါများ ဖြစ်ပွားစေခဲ့ပြီး မြန်မာနိုင်ငံမှာလည်း မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်  HIV ကူးစက်ရောဂါရရှိ သူအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာရသည်။ မူးယစ်ဆေးစွဲနေသည့် အလုပ်သမား ၁၀ ဦးတွင် ကိုးဦးမှာ HIV ရောဂါဝေဒနာ ခံစားနေရသူများ ဖြစ်သည်။

သို့သော် ကျောက်စိမ်း ကုန်သွယ်ရေး လုပ်ငန်းမှာ အကျိုးအမြတ် အလွန်များသော လုပ်ငန်းတစ်ခု ဖြစ်သည်။ အဆိုပါလုပ်ငန်း လုပ်ကိုင်ခြင်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာအား နှစ်စဉ်ရရှိ နေသည်။ Australian Financial Review ၏ ဖော်ပြချက်အရ ကချင်ဒေသ အတွင်းတွင် NGO များ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့မှ အကူအညီများ ပေးနိုင်ရန်အတွက် တရုတ်အစိုးရ၊ မြန်မာအစိုးရနှင့် ကေအိုင်အေတို့ ကလည်း ဆောင်ရွက်နေသည်။

ဖော်ပြပါ အခြေအနေများအား ထိထိရောက်ရောက် ပြောင်းလဲနိုင်ရန် အတွက် မြန်မာအစိုးရ အနေဖြင့် ကျောက်စိမ်း တူးဖော်သည့်လုပ်ငန်းများတွင် ကျင့်သုံးနေသည့် လုပ်နည်းလုပ်ဟန်များအား တိုက်ဖျက်ရန်အတွက် စီးပွားရေး၊ တရား ဥပဒေ အရေးနှင့် လူမှုရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အခြားသော စီးပွားရေး လုပ်ငန်းများမှာကဲ့သို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင်လည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ သို့မှာသာ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများအား ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ဤသို့သော ဆောင်ရွက်မှုများအား ဆောင်ရွက်ခြင်းဖြင့်ပင် ပြဿနာများအား လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။

“၁၉၉၄ သတ္တုတူးဖော်ရေး ဥပဒေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းက လုပ်ငန်း ပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ်ချက်ကို ဖြေလျှော့နိုင်မှာဖြစ်သလို အစိုးရရဲ့ တွင်းထွက် ပစ္စည်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ရေး (Extraction Indu-stries Transparency Initiative) မူကို ချမှတ်စောင့်ကြည့်နေမှုတွေ ပြုလုပ်နေတဲ့အတွက် ၂၀၁၄ ခုနှစ်မှာ မြန်မာကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဟာ ပိုပြီးတော့ ကျယ်ပြန့် လာမှာပါ” ဟု စီးပွားရေးနှင့် နိုင်ငံရေးအန္တရာယ်များဆိုင်ရာ အကျိုးဆောင် အကြံပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် Eurasia အုပ်စုမှ သုတေသနပညာရှင် Christian Lewis က ibt သို့ အီးမေးလ်မှ တစ်ဆင့် ပြောကြား ခဲ့သည်။

“ဒါပေမဲ့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လုပ်ငန်းတွေထဲမှာ အန္တရာယ် အများဆုံး လုပ်ငန်းတစ်ခုအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါဟာ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝ ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက တိုင်းရင်းသားရေးရာ ပဋိပက္ခတွေကို မဖြေရှင်းနိုင်တဲ့ အတွက် ကြောင့် ဖြစ်နေ ရတာပါ” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref : http://www.ibtimes.com/myanmars-jade-trade-lucrative-deadly-hiv-ridden-industry

မဇ္ဈိမ - အကျိုးအမြတ် ရှိပေမယ့် HIV ပါ ကူးစေတဲ့ မြန်မာ့ ကျောက်စိမ်းလုပ်ငန်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top