10
Dec

အခါမဟုတ် ရာသီဆင်းခြင်း

သမီး အသက် ၃၂ နှစ်ပါ။ စက်တင်ဘာလက Abortion ဖြစ်လို့ D&C လုပ်ထားပါတယ်။ လုပ်ပြီးကာစက သွေးဆင်းတာ များပါတယ်။ ၆ ပါတ်နဲ့ ပါ။ ၂ ပါတ်လောက်ထိ သွေးမတိတ်လို့ ဆရာဝန်က Antibiotics one course တိုက်ပါတယ်။ ဆေးသောက်ပြီးနောက်ပိုင်း သွေးဆင်းတာ လျော့သွားပါတယ်။ သွေးရဲရဲမဟုတ်တော့ဘဲ အညိုရောင်လေးတွေ ဆင်းပါတယ်။ အများကြီး မဟုတ်ပါ။ Pad မှာ ပေရုံလေးပါ။

Transvaginal USG ရိုက်တော့ Haematoma in anterior uterine and upper cervical wall ဆိုပြီးရေးထားပါတယ်။ RPOC မဟုတ်ပါတဲ့။ Haematoma ကြောင့် အညိုလေးတွေ ဆင်းတတ်ပါလား။ Haematoma ဖြစ်တာ trauma ကြောင့်လား သမီးကိုယ်တိုင်က သွေးထွက်များလို့လား။ ဆရာဝန်က Naturally resolve ဖြစ်မယ်လို့ ပြောပါတယ်။ နောက် ဆရာဝန်တယောက်က သွေးဆင်းတာ Dysfunctional Uterine Bleeding ကြောင့်လို့ ယူဆပြီး Primolut N (Norethisterone) သောက်ခိုင်းပါတယ်။ ရာသီပုံမှန်ပြန်လာတာ ၃ လ ရှိပါပြီ။ DUB ရောဖြစ်နိုင်ပါသလား။ အခုထိတော့ ဆေးမသောက်ရသေးပါ။ ဆေးသောက်လိုက်ရင် ကလေးပြန်ယူတဲ့အချိန် အခက်အခဲရှိနိုင်ပါလား။ ဝလာတာတို့ ဝက်ခြံပေါက်တာတို့ရော ဖြစ်တတ်ပါသလား။ Prescription မှာရေးတာတွေ့ လို့ပါ။ သမီးကိုယ်တိုင် ဆရာဝန်ပါ။ အလုပ်မလုပ်တော့ပါ။ ဆရာထပ်သိချင်တဲ့အချက်တွေရှိရင် သမီးအတိအကျ ပြောပြပါမယ်။

(ဆောရီး-ဖေါ်-အဘောရှင်း)။ ဆရာဝန်အချင်းချင်း ရေးရ-ပြောရတာ ပိုကောင်းတာပေါ့။ ဆရာဝန် မဟုတ်သူတွေပါ နားလည်အောင်တော့ ရေးပါရစေ။

မိန်းမတွေမှာ Abnormal uterine bleeding (AUB) နဲ့ Dysfunctional uterine bleeding (DUB) အခါမဟုတ် သွေးဆင်းတာတွေက အဖြစ်များတယ်။ အတွင်းရောဂါ မယ်မယ်ရရ မတွေ့ရဘဲ သွေးဆင်းတာမျိုးဖြစ်တယ်။

• ရာသီ-စက်ဝန်းတခုဟာ အများအားဖြင့် ၄ ပါတ် (၂၈ ရက်) ကြာတယ်။
• ပဌမ ၁၄ ရက်ကို Follicular phase လို့ ခေါ်တယ်။ သားအိမ်-အတွင်းလွှာက ပါးရာကနေ ထူထူလာမယ်။ Estrogen (အီစထိုဂျင်) ဟော်မုန်း အစွမ်းကြောင့် ဖြစ်လာတာဘဲ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဦးနှောက်ထဲက Pituitary gland (ပစ်ကျူထရီ) အကျိတ် လေးကနေ နောက်ဟော်မုန်း ၂ မျိုးကို ထုတ်ပေးလာမယ်။
• Follicle-stimulating hormone (FSH) နဲ့ Luteinizing hormone (LH) ဆိုတာတွေ ဖြစ်တယ်။ သူတို့ကြောင့် Ovary မျိုးဥအိမ်ကနေ Ovum မ-မျိုးဥကို လလည်ရက်မှာ ထုတ်ပေးတော့မယ်။
• မျိုးဥထွက်ပြီးတာနဲ့ Luteal phase နောက်အဆင့်တခုကို ပြောင်းတော့တယ်။ Progesterone (ပရိုဂျက်စတီရုန်း) ဆိုတဲ့ ဟော်မုန်း ထွက်လာမယ်။ ဒီဟော်မုန်းကနေ သန္ဓေ လာပြီး တွယ်ကပ်နိုင်အောင် သားအိမ် အတွင်းနံရံကို ပြုပြင်ပေးတယ်။
• အဲလို Implantation သန္ဓေ လာတွယ်ကပ်ဘို့ရာ Human chorionic gonadotropin (hCG) ဟော်မုန်းတမျိုး ရှိမှသာ အောင်မြင်နိုင်မယ်။ Progesterone နဲ့ Estrogen တွေ လျှော့ကျလာတော့မယ်။
• ဒီလိုဖြစ်တော့ သားးအိမ် အတွင်းနံရံမှာ ရှိကြတဲ့ သွေးလွှတ်ကြောလေးတွေ ကျုံ့လာတယ်။ ၂၈ ရက် မြောက် နေ့လောက်မှာ ရာသီသွေး ဆင်းလိမ့်မယ်။
• သွေးကောင်းကောင်းမရတော့ သားအိမ်အတွင်းလွှာနံရံက အနာဖြစ်သလို မကောင်းတော့တဲ့ (တစ်ရှူး) တွေလဲ ဆင်းတာထဲမှာ ပါလာလိမ့်မယ်။
• မ-မျိုးဥ မထွက်ရင် Progesterone ကနေ လုပ်ပေးစရာတွေကို လုပ်မပေးနိုင်တော့ဘူး။ ရာသီလာတာရော မလာတာပါ ဖြစ်စေနိုင်တယ်။
• Prostaglandin  အနည်း-အများကြောင့် အလိုဖြစ်တယ်လို့ ယူဆရတယ်။ မ-မျိုးဥထွက်လို့ ဆင်းရတာက ပုံမှန်ရက်ရှိမယ်။

အမေရိကားမှာ အသက် ၃ဝ ကနေ ၄၉ နှစ်ကြား အမျိုးသမီးတွေမှာ DUB ၅% ရှိတယ်။ အပျိုပေါက်အရွယ်တွေလဲ ပဌမ ၂ နှစ်အတွင်းမှာဖြစ်ကြတယ်။ သွေးမဆုံးခင်ဆိုရင် ၅ဝ% အထိများတယ်။ မျိုးဥ မထွက်တာမျိုး ဖြစ်လာလို့ သွေးဆင်းတယ်။

DUB ဟုတ်-မဟုတ်ကို မဖြစ်နိုင်တာတွေကို ဖယ်ထုတ်နည်းနဲ့ နာမည်တပ်ရတယ်။
၁။ ၉ဝ% ဟာ Anovulatory bleeding မ-မျိုးဥမထွက်ဘဲသွေးဆင်းတာဖြစ်တယ်။
၂။ ၁ဝ% လောက်နီးနီး Ovulatory bleeding မ-မျိုးဥထွက်လို့ နဲနဲဆင်းတာလဲ ဖြစ်တတ်တယ်။
၃။ ဆေးတချို့ကနေလဲဖြစ်စေတယ်။ မျိုးပွါးလမ်းရောဂါတခုခု၊ ကင်ဆာ နဲ့ တခြားရောဂါတွေကနေလဲ ဖြစ်နိုင်သေးတယ်။

တခြားနေရာတွေမှာ ရှိတဲ့ရောဂါတွေဆိုတာ -
• Combination oral contraceptive pills ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားစားဆေး၊
• Intrauterine devices (IUDs) ကိုယ်ဝန်တား ပစ္စည်း၊
• Progesterone impregnated IUD (Mirena) ကိုယ်ဝန်တား ပစ္စည်း၊
• Abortion ကိုယ်ဝန်ပျက်တာ၊
• Hydatidiform Mole စပျစ်သီး ကိုယ်ဝန်၊
• Abruptio Placentae အချင်းရှေ့ရောက် ကိုယ်ဝန်၊
• Ectopic Pregnancy သားအိမ်ပြင်ပ ကိုယ်ဝန်၊
• Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်းရောဂါ၊
• Hyperthyroidism လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊
• Cushing disease (ကူရှင်း-ဆင်ဒရမ်း) ဟော်မုန်းရောဂါ၊
• Liver disease အသဲရောဂါ
• Diabetes mellitus ဆီးချို၊
• Adrenal and other endocrine disorders ဟော်မုန်းရောဂါတွေ၊
• Cervix, Vulva, or Vagina ထိခိုက်မိတာ၊
• Vagina, Cervix, Uterus, Ovaries ဗဂျိုင်းနား၊ သားအိမ်ဝ၊ မျိုးဥအိမ်ကင်ဆာတွေ၊
• Functional ovarian cysts, Cervicitis, Endometritis, Salpingitis, Fibroids (Leiomyomas), and Adenomyosis ကင်ဆာမဟုတ်တဲ့ မျိုးပွါးလမ်းရောဂါတွေ၊
• Cervical dysplasia ဆိုတာကနေ လိင်ဆက်ဆံအပြီးမှာ သွေးထွက်တာဖြစ်နိုင်တယ်။
• Pelvic Inflammatory Disease တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ၊
• Polycystic Ovarian Syndrome မျိုးဥအိမ်-အကျိတ်များရောဂါ၊
• Myeloproliferative disorders, von Willebrand disease, Immune thrombocytopenia သွေးခဲစနစ် ရောဂါတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Estrogen Therapy, Anticoagulants, Antipsychotics ဆေးတွေ၊
• Exercise, Stress, and Weight loss လေ့ကျင့်ခန်းအလုပ်များတာ၊ စိတ်ဖိအားများတာ နဲ့ ကိုယ်အလေးချိန် ကျတာတွေကနေလဲ ဖြစ်နိုင်ပြန်တယ်။

ဆေးစစ်စရာတွေ -
• Pregnancy ကိုယ်ဝန် ရှိ-မရှိ၊
• Complete blood count သွေးစစ်ခြင်း၊
• Coagulation studies သွေးခဲမှုစစ်ခြင်း၊
• Thyroid function tests and prolactin levels လည်ပင်းကြီးအလုပ် စစ်ဆေးခြင်း၊
• Pelvic ultrasonography (အာလ်ထွာဆောင်း)
• Endometrial stripe တိုင်းလို့ ၄ စင်တီထက်မပိုရင် Endometrial hyperplasia နဲ့ Cancer မဟုတ်ဘို့ များတယ်။ 5–12 mm ရှိရင် Biopsy လုပ်မယ်။
• Transvaginal ultrasonography လုပ်ရင် Ovarian cysts မျိုးဥအိမ်-အကျိတ် နဲ့ Fluid in the cul-de-sac မွေးလမ်းနောက်နာမှာ အရည် ရှိ-မရှိ တွေကိုပါ ရှိရင် တွေ့မယ်။

ကုသနည်းတွေ
• တခြားရောဂါတွေရှိရင် သပ်သပ် ဆေးကုရမယ်။
• သွေးအဆင်းများလို့လဲ အရေးပေါ်လာတတ်သူတွေကို အရေးပေါ်ကုသမှု လုပ်ရမယ်။
• တချို့ကို Dilation and curettage (D&C) သားအိမ်ခြစ်ပေးမယ်။
• ကိုယ်ဝန်မရှိတာ သေခြာသူတွေကို Combination oral contraceptive pills ပေးတတ်တယ်။
• Ethinyl estradiol 35 mcg ပါတဲ့ တေားဆေးကို တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ သွေးရပ်ပြီးနောက် ၇ ရက်အထိ သောက်ရတယ်။ ဒိနောက်မှာ တနေ့ ၁ လုံးနဲ့ ဆေးကပ်ကုန်တဲ့အထိ လျှော့လိုက်ရတယ်။
• Progesterone တမျိုးထဲပါတဲ့ဆေးကို မ-မျိုးဥမထွက်လို့ သွေးဆင်းသူတွေအတွက် ပိုကောင်းတယ်။ Medroxyprogesterone acetate 10 mg ကို တနေ့ ၁ လုံး၊ ၁ဝ ရက်သောက်ရတယ်။
• ၃-၅ ရက်အတွင်း သွေးပြန်ဆင်းမယ်။ ဒီဆေး ၂ မျိုးမှာ ဘယ်ဟာက ပိုထိရောက်သလဲ မကွဲပြားဘူး။
• Nonsteroidal anti-inflammatory drugs (NSAIDs) သုံးနေကြ အကိုက်အခဲပျောက်ဆေးတွေကို ရာသီလာလို့နာတာအတွက်သာမက DUB အတွက်ပါ သုံးနိုင်တယ်။ Prostaglandin ကို တားပေးနိုင်တယ်။
• Naproxen (Naprosyn, Aleve, Naprelan) ကို အသုံးများတယ်။
• Danazol ဟာ စတီရွိုက်ဆေးဖြစ်တယ်။ သားအိမ်အတွင်းလွှာကို ပါးစေတယ်။ ဒါပေမဲ့ ယောက်ျားဟော်မုန်း Testosterone နဲ့တူတာမို့ ရင်သားသေးစေနိုင်တယ်။ ကြွက်သား-အဆစ်တွေ နာစေနိုင်တယ်။ လူကို ဝစေတယ်။ ကိုယ်မွှေး ပိုပေါက်စေတယ်။ ဝက်ခြံထွက်မယ်။
• Gonadotropin-releasing hormone ကိုလဲ ယာယီသဘော ပေးနိုင်တယ်။
• Tranexamic acid ကိုလဲ သုံးတတ်တယ်။
• Hysterectomy သားအိမ် ထုတ်ပြစ်နည်းကတော့ နောက်ဆုံးသုံးတယ်။

Primolut N အမျိုးသမီးသုံးဆေး (ရေးထားပြီး)
Primolut N (Generic Norethisterone) ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းပါတယ်။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pituitary ကနေ ထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Mini-pill ကိုယ်ဝန်တားဆေး ခေါ်တယ်။ ဒီဆေး စွဲသောက်နေသူ တဝက်မှာ ရာသီလာပေမဲ့ မျိုးဥ မထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။

ဒီရောဂါတွေအတွက် ပေးတယ် -
1. Dysfunctional uterine bleeding ရာသီဆင်း မရပ်တာ၊
2. Primary and Secondary Amenorrhoea ရာသီ ထိန်တာ၊
3. Timing of menstruation ရာသီဆင်းရက် မှန်ချင်တာ၊
4. Endometriosis သားအိမ်-ရောဂါ။

ဒီရောဂါတွေအတွက် မပေးရဘူး -
• Pregnancy ကိုယ်ဝန် ရှိနေရင်၊
• Lactation နို့တိုက်နေရင်၊
• Thromboembolic သွေးခဲရောဂါ ရှိရင်၊
• Diabetes mellitus ဆီးချိုရှိရင်၊
• Severe hepatic disease အသဲမကောင်းရင်၊
• Liver tumours အသဲကင်ဆာ ရှိရင်၊
• Sex hormone-dependent malignancies တခြား လိင်ဟော်မုန်းနဲ့ဆိုင်တဲ့ ကင်ဆာ ရှိရင်၊

1. Dysfunctional uterine bleeding ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်မယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။

2. Primary and secondary amenorrhoea မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန် မဟုတ်ဘဲ ရာသီ ထိန်နေသူတွေကို Prolactin-producing pituitary tumour ရောဂါမရှိတာ သေခြာအောင် အရင်လုပ်ရမယ်။
• ပဌမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံးထိုးတယ်။
• ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုးမယ်။
• ရာသီစဆင်းတဲ့နေ့နောက် ၁၉-၂၆ ရက်အတွင်းတွေမှာ Primolut N ဆေးပြားကို တနေ့ ၂-၃ ကြိမ်ပေးမယ်။
• ၂၈ ရက်မှာ သွေးဆင်းမယ်။
• နောက်ထပ် အဲလို ၂-၃ ပါတ် ဆက်ပေးတယ်။ ရာသီစဆင်းတဲ့နေ့နောက် ၆ ရက်မြောက်နဲ့ ၁၆ ရက်မြောက် နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်၊ ၁၉ ရက်နဲ့ ၂၆ ရက်မြောက်နေ့တွေမှာ Primolut N ဆေးပြားကို တနေ့ ၂ ကြိမ်၊ ပေးမယ်။
• ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့တွေအတွင်း Primolut N ဆေးကို တနေ့ ၂ ကြိမ်ပေးပြီးလဲ စမ်းနိုင်ပါတယ်။

3. Premenstrual syndrome ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း၊ စတာတွေ သက်သာစေဘို့ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း Primolut N ဆေးကို တနေ့ ၂-၃ ကြိမ် ပေးတယ်။

4. Timing of menstruation ရာသီလာရက်သတ်မှတ်ခြင်း၊ Progestogen-Estrogen ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ-၁၄ ရက် သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေးဆင်းပါမယ်။

5. Endometriosis သားအိမ်ရောဂါတမျိုး၊ ရာသီလတခုရဲ့ ၅ ရက်မြောက်နေ့မှာ Primolut N ဆေး တနေ့ ၂ ကြိမ် သောက်ပါ၊ သွေးတစက်စက်စလာရင် ၂ ပြား၊ ၂ ကြိမ် တိုးသောက်ပါ။ သွေးရပ်သွားရင် ဆေးပြန်လျှော့ပါ။ ၄-၆ လ ကြာ သောက်ရမယ်။ ဆေးကုသနေတုံးမှာ မျိုးဥလဲမထွက်ဘူး၊ ရာသီလဲမဆင်းဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။

Side effects ဘေးထွက်ဆိုးကျိုးတွေ -
Visual disturbances မျက်စိကြည့်မကောင်း၊ Nausea ပျို့ချင်၊ Headache ခေါင်းကိုက်၊ Oedema ကိုယ်ရောင်၊ Migraine မိုင်ဂရင်း အမူးရောဂါ၊ Dyspnoea အသက်ရှူခက်၊ Rash, Urticaria အရေပြားအနီပြင်ထွက်၊ Change in sex drive လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ Weight gain လူဝလာတတ်တယ်၊ Hair loss ဆံပင်ကျွတ်တတ်တယ်၊ ဒါမှမဟုတ် Excessive hair growth အမွှေးထူတတ်တယ်၊ Sleepiness အိပ်ချင်တယ်၊ ဒါမှမဟုတ် Difficulty sleeping အအိပ်ခက်တယ်။

Special precautions အထူးသတိထားစရာတွေ၊ Diabetes mellitus ဆီးချိုရှိနေသူများ၊ Psychic depression စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ဆေးတွေနဲ့တွဲပေးတာ သတိထားရမယ်။

ဒေါက်တာတင့်ဆွေ (၉-၁၂-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - အခါမဟုတ် ရာသီဆင်းခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top