28
Jun

အချစ်နှင့် အိမ်ထောင်ရေး သာယာမှု ပြည့်ဝစေရေး ကဏ္ဍအပိုင်း (၁)

အိမ်ထောင် ရှင်များ အတွက် အကျိုးရှိ စေပြီး အိမ်ထောင်ရေး သာယာမှု ရှိစေရန်၊ အိမ်ထောင် ရေးပြိုကွဲမှု သတင်းများသတင်း စာ၌ အပါနည်းစေရန် ရည်ရွယ် ၍ ဤကဏ္ဍအား ဖော်ပြပေးပါ မည်။ အိမ်ထောင်ရေးသည် အ ချစ်ကအဓိက အရေးပါသည်ဟု ပင်ဆိုသော်လည်း Sex သည် လည်း အိမ်ထောင် ရှင်များ အိမ် ထောင် ရေး သာယာမှုအတွက် ၎င်း၊ အိမ်ထောင်ရေး ဖောက် ပြန်မှု နည်းပါးစေရန်၎င်း၊ အဓိက အခန်းကဏ္ဍ၌ ပါဝင်နေ သည်ကို ကမ္ဘာ့သုတေသီပညာရှင်များက သုတေသန ပြုလုပ်ပြီး အတည်ပြု ထားသလို စာရေးသူ အနေဖြင့် လည်း မိမိ ရောက်ဖူး သောနိုင်ငံ တိုင်းလိုလို အိမ်ထောင်ရေး၌ အ ရေးကြီးဆုံး အချက်ကို အိမ်ထောင် ရှင် အမျိုးသမီး များအား မေးမြန်း သုတေသနပြုရာ တညီ တညွတ် တည်း ဖြေဆို သည်မှာ Sex က လည်း အချစ်နှင့်ယှဉ်၍ အလွန်အ ရေးပါကြောင်း ၉၅% မျှသော အမျိုးသမီးများက ဖြေဆိုပေ သည်။ လူမျိုး ဘာသာကွဲ စေကာမူ အချစ်၊ Sex နှင့်ခံစားချက်မှာ အားလုံး လူသား ပေမို့ အတူတူဖြစ် နေသည်ကို အံ့ဩစွာ မြင်တွေ့ရ ပေသည်။

တချို့ က အိမ်ထောင် ရေးသာယာမှုမှာ Sex ၌ အ ပြည့်အဝ မှီနေကြောင်း၊ အချစ် ထက်ပင် Sex က ပို၍ အရေး ကြီးကြောင်း အမျိုးသမီး များစွာက  ရင်ဖွင့်ခဲ့ ပေသည်။ ၎င်းတို့ ရင် ဖွင့်ချက်များအရ အိမ်ထောင်ရှင် ယောကျာ်း များ၏ အားနည်းမှု၊ Libido (ကာမစွမ်းအား) ကျ ဆင်းမှု၊ မိမိဇနီး အလို အင်ဆန္ဒ အားနားမလည်မှု၊ မဖြည့်စွမ်းနိုင် မှုတို့ကြောင့်ဖြစ်ပေသည်။ ဖြစ် ရပ်များမှာ Case By Case တစ်ဦးနှင့် တစ်ဦး မတူညီကြပေ။ ဤကဏ္ဍ အားအခန်း ဆက် ရှည်အဖြစ် ဆက်လက်ဖော်ပြ သွားပါမည်။

ချစ်၍ လက်ထပ်သည်ဖြစ် စေ၊ မချစ်ပဲနဲ့ လူကြီးမိဘများ စီမံ ၍ လက်ထပ်ရခဲ့ ခြင်းဖြစ်စေ၊ အိမ် ထောင်ရေး အနေအထားမှာ မတူ ညီနိုင်ပေ။ ငယ်ချစ်ဖြစ်၍ မိမိစိတ် ကြိုက်လက်ထပ်ခဲ့သော်လည်း များမကြာ မီပြိုကွဲရသော အိမ် ထောင်ရေးများစွာ တွေ့မြင် ရသ လို မိဘကစီစဉ်ပေး၍လက်ထပ် ခဲ့ပြီးမှ တသက်လုံးမကွဲပဲ ပေါင်း ဖက်ကြသော အိမ်ထောင်ရှင် များလည်း များစွာမြင်တွေ့နိုင် ပါသည်။ အချစ်ဆိုသည်မှာ အဓိပ္ပါယ် များစွာဖြစ်သော်လည်း လက် တွေ့အိမ်ထောင်ရေးဘဝ၊ လူမှု နယ်ပယ်တွင် Sex က လည်း အဓိက အခန်းကဏ္ဍ၌ ဦးဆောင် နေသည်ကို အိမ်ထောင် ရေး သာယာနေသော အိမ်ထောင်ရှင် များအငြင်းဆိုနိုင်သော အချက် တစ်ချက်ဖြစ်သည်။ အချစ်သာ ရှိပြီး Sex မရှိလျှင် သကြား မပါသော Coffee သောက်ခြင်း၊ ဆားမပါသော ဟင်းစားနေရ သကဲ့သို့ တစ်ခုခုလိုနေသလို ခံစား နေရပြီး အချစ်၏စွမ်းအားများ ကျဆင်းကာ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ပြိုကွဲမှု အက် ကြောင်းများ စလာမည်မှာ မုချ ဖြစ်ပေသည်။

Sex ကို ပုံမှန် အချစ်နှင့် ယှဉ်တွဲ၍ နည်းလမ်း မှန်စွာ ကျင့်သုံးသော အိမ် ထောင်ရှင်များမှာမူ အချစ်စွမ်း အားများ ပို၍ကြီးထွားလာပြီး ကြားလေသွေးလျှင် ဝေးမှာစိုး သော အိမ်ထောင်ရှင်များဖြစ်လာ ကာ အိမ်ထောင်ရေး ခိုင်မြဲစေပေ သည်။ ထိုကိစ္စအား ဆွေးနွေး ရန် ပ ထမ အရေးကြီးဆုံးမှာ လင်မယား အချင်းချင်း ပွင့်လင်းမှုက အဓိက ကျပေသည်။ အမျိုးသမီးများက်ကြောက်ခြင်းမှာ မြန်မာလူမျိုး တစ် မျိုးတည်း မဟုတ်ဘဲ စာရေး သူ၏ Interview အတွေ့ အကြုံအရ နိုင်ငံပေါင်းများ စွာရှိ ကမ္ဘာ့အမျိုး သမီးထုအားလုံး အတူတူပင်ဖြစ် သည်။ ထိုကိစ္စမှာ လူ့သဘာဝ ဖြစ် ၍ တခါတရံ ယောကျာ်းများက ပင် ပိုရှက်တတ်သော လူမျိုးကိုလည်း များစွာမြင်ခဲ့ ရပေသည်။

Sex ၌ တစ်ဦးနှင့်တစ်ဦး နား လည်ပွင့်လင်းမှု လိုအပ်ပြီး လင်မ ယားအချင်းချင်း အရှက်ကိုဘေး ဖယ်ပြီး ပွင့်ပွင့် လင်းလင်း ပြောဆို ၍ တစ်ဦး၏ လိုအင်ဆန္ဒကို တစ် ဦးက ဖြည့်စွမ်းပေးဖို့ အိမ်ထောင် ရှင် နှစ်ဦးလုံး၌ တာဝန်ရှိပေသည်။ Sex ဟု ဆိုရာတွင် အချစ်ကိုအ ခြေခံသော Sex ဖြစ်သည်။ မိဘ ကစီစဉ်သော အိမ်ထောင် ရေး၌ လည်း Sex မှစတင်ကာ အချစ် ဖြစ်ပွား ရှင်သန် လာပြီး အိမ်ထောင် ရေး ခိုင်မာစေသဖြင့် Sex မှာမည် သို့ပင် ဆိုစေကာမူ အလွန်အရေး ပါသောကဏ္ဍ ဖြစ်သည်ကို လူ သားအားလုံး မငြင်း နိုင်ပေ။ စိတ်ပညာထက် Sex အား အထောက်အကူပြုပြီး မိမိတို့၏ Libido ကာ မစွမ်းအားမြင့်စေသော အစားအ စာများနှင့် ပတ်သက်၍ တင်ပြ ပါမည်။ အစားအစာ စားရာတွင် Protein နှင့် Vitamins ဓာတ် ကြွယ်ဝသော အစားအစာစား လျှင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်း စေပြီး Boosting Your Libido ဖြစ်စေ ကာ အိမ်ထောင်ရေးအား ဆေးတစ်ခွက်ဖြစ်စေမည်။

Sex ကောင်းစွာ ခံစားနိုင်ရန် နှစ်ဦးစ လုံး၏ တစ်ကိုယ်ရည် ကျန်းမာ ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေသဖြင့် ကျန်းမာရေးကို စ တင် ပြောရခြင်းဖြစ်သည်။ အလွန် အကျူး မဟုတ်သော်လည်း မ ကြာခဏ Sex ကို ခံစားခြင်း သည် မိမိ၏ ကျန်းမာရေးအတွက် အကျိုးရှိကြောင်း ကမ္ဘာ့သုတေ သီများက ရှာဖွေတွေ့ရှိထား သည်။ စီးပွားရေးအတွက်အ လွန်ပင်အလုပ်များစေကာမူ မိမိအိမ် ထောင်ရေးသာယာစေရန် Sex အတွက် အချိန်ကို အမြဲပေး ရမည်။ မရှိမဖြစ်လိုအပ်သော ပေး ရမည်ဖြစ်သောအချိန်ပင် ဖြစ် သည်။ Sex မကြာခဏခံစား သောအိမ် ထောင်ရှင်များ တစ်ဦး နှင့်တစ်ဦး အလွန်ပင် ပို၍ပို၍ချစ် လာကြသည်ကို မြင်ရကြောင်း သု တေသီများက ဆိုခဲ့သည်။

Over Sex အလွန် အကျူးဖြစ် စေရန် မ ဟုတ်ပါ။ အသက်ငယ်စဉ်မှာ တစ်နေ့ တစ်ကြိမ်ထက် မပိုရပေ။ လူလတ် ပိုင်းရောက် လာလျှင် အနည်းဆုံး တစ်ပတ်သုံးကြိမ် (သို့) တစ်ပတ် တစ်ကြိမ် တော့ Sex With Love လုပ်ရန် လိုပေသည်။ အစားအစာများအနက် ပထ မဆုံး အစားအစာမှာ Strawberries စတော်ဘယ် ရီသီးအား လင်မယား အတူ တကွ အချစ်အ ကြောင်းပြော၍ စားသုံးခြင်းဖြင့် Libido ကို မြှင့်တင်နိုင်ကြောင်း သုတေသနပြုလုပ်ချက်များက ဆို ပေသည်။ နောက်တစ်ချို့မှာ Dark Chocolate ဖြစ်သည်။ အမေရိ ကန်နိုင်ငံ၌လည်း အလွန်ပင်ခေတ် စားလာနေပြီး လူအများစု နှစ် ခြိုက်စွာ စားသုံးနေသည်။

ချော ကလက် အမဲရောင်၊ နို့မပါဘဲ ချောကလက် သီးသန့်ဖြစ် ကာ ခါး သောအရသာရှိပေ သည်။ အသီး အနှံများနှင့် ဟင်းသီးဟင်းရွက် လတ်လတ်စပ်စပ်များက Antioxidants ဓာတ်များစွာ ပါဝင် သဖြင့် ၎င်းအများ စုစားသုံးနေကြ ဖြစ်၍ ကျန်းမာရေး တနည်းအား ဖြင့်ဆိုသော် Sex ကျန်းမာရေး များစွာ အထောက် အကူပြု သော် လည်း Dark Chocolate မှာ Antioxidants ဆိုသည်မှာ အိုမင်းရင့်ရော်ခြင်းကို လျှော့ချ ပေးခြင်း၊ နုပျိုလန်းဆန်းစေခြင်း၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်မှုကာ ကွယ်ပေးခြင်း၊ ကာမဆန္ဒအား တိုးပွားစွာဖြစ်စေပြီး အစွမ်းကုန် Climax အထွဋ်အထိပ်ရောက် စေခြင်း၊ ကျေနပ်မှု အပြည့်အဝ ရစေခြင်းတို့ ရရှိစေ သည်။ "10 Secrets To Better Sex ကိုကြားညှပ် ပြောလိုပါ သေးသည်။ အတိုချုပ်အားဖြင့် ပြောလိုသည်မှာ-

1.Have Sex To Night
2.Men: Quit Smoking
3.Check Your Medications
4.Plan A Steamy Vacation
5.Women: Practice Kegel Exercises
6.Men: Take Ginkgo Biloba Daily
7.Eat Pesto
8.Act Like Teenagers
9.Touch Each Other
10. Eat Wheat Germ အသေးစိတ်ကို နောက်တစ် ပတ်တွင် ဆက်လက် တစ်ခုချင်း ရှင်းလင်း ဖော်ပြပေးပါမည်။

ရိုးရာလေး - အချစ်နှင့် အိမ်ထောင်ရေး သာယာမှု ပြည့်ဝစေရေး ကဏ္ဍအပိုင်း (၁)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top