ကမ္ဘာအရပ်ရပ်မှ
စာရေးသူ၊ စာဖတ်သူ ၁၁၁ ဦးက အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည် ကလေးငယ်များအတွက်
ပေးပို့ လှူဒါန်းသော အလှူငွေ ကျပ် ၄၇ သိန်းကို ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် လက်ခံစုဆောင်းပေးသူ
စာရေးဆရာမ မနော်ဟရီက သုခ ရိပ်မြုံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းငွေများမှာ
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ
တိုက်ဖျက်ရေးနေ့မှ စာကြောင်းအချို့ကို ဖတ်မိကြသည့် ကမ္ဘာအရပ်ရပ်မှ အင်တာနက် အသုံးပြုသူများမှ
ပေးပို့လှူဒါန်းကြခြင်း ဖြစ်သည်။
သုခရိပ်မြုံတွင်
အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကလေးငယ်ပေါင်း ၄၆ ဦးရှိသည်။
မြန်မာတိုင်းမ် - အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၄)




